Scribd.com က စာအုပ်တွေ ဒေါင်းမယ်ဆိုရင်

5:14 AM ---
ကျွန်တော် အဲဒီဆိုဒ်က စာအုပ်တစ်အုပ်ကို အရမ်းလိုချင်နေတာလေ .... ဘယ်လိုဒေါင်းဒေါင်း ဒေါင်းလို့မရဘူး အကူညီတောင်းတာလည်း ဘယ်သူမှလည်း မကူညီဘူး :(
ဒါပေမယ့် ကျွန်တော် မရရအောင် ကြိုးစားပြီး ဒေါင်းမှာပါ ။ ဒီနည်းကို ကျွန်တော် ရေးပြီးသွားပါပြီ ပထမတစ်ခေါက်... အခု ဒုတိယတစ်ခေါက်ပေါ့ ။ ပထမတစ်ခေါက်ရေးပြီးတော့ ကျွန်တော် ဒေါင်းတာ ဒေါင်းမရတော့ မရဘူးဆိုပြီး ကျွန်တော့်ပိုစ့်ကို ကျွန်တော်ဖျက်ချလိုက်တယ် ။ ဒါပေမယ့် ကျွန်တော့်ကွန်နက်ရှင် မကောင်းလို့မရတာပါ။ ကျွန်တော် ကွန်ကောင်းနေတုန်း ထပ်ဒေါင်းတာ ရပါတယ် ။ အဲဒါကြောင့် ကျွန်တော် ဒုတိယတစ်ခေါက် အနေနဲ့ ထပ်ရေးတာပါ ။ ဗီဒီယို တည်းဖြတ်တဲ့ ပိုစ့်လည်း ဒီညအပြီးရေးပေးမှာပါ ။ လိုအပ်တာတွေ ရှိရင် မေးချင်တာတွေရှိရင်လည်း မေလ်းပို့ပေးပါ ။ ကူညီနိုင်သလောက် ကူညီပေးပါမယ်........

ပထမဆုံး Scribd.com က လိပ်စာ စာအုပ်လင်ခ့်ရဲ့ လိပ်စာပေါ့ ။ ဥပမာ ဒီနေရာကို ဖွင့်ပါ ။ ကျွန်တော် လိုချင်နေတဲ့ စာအုပ်ပေါ့ ။ ဒေါင်းပြီးလို့ အဆင်ပြေတယ်ဆိုရင် အဲဒီစာအုပ်ကို ကျွန်တော့် မေလ်းထဲကို ပို့ပေးလို့ အဆင်ပြေမယ့် သူများရှိရင် ပို့ပေးပါလားလို့ decembermgmg1992@gmail.com ပါ ။
အဲဒီစာမျက်ပွင့်ပြီ ဆိုတာနဲ့ Download ကို နိပ်ပါ ။ နားမလည်ပါက ပုံကို ကြည့်ပါ ။ အဝါရောင် နောက်ခံနဲ့ Download ပါ ။


ပြီးရင် Download လုပ်ဖို့ နည်းတွေကို သူပြမှာပါ ။ တစ်ခုခု Upload လုပ်ပေးပြီး ဒေါင်းမှာလား ။ ဒါမှမဟုတ် မင်ဘာ ဝင်ပြီး ဒေါင်းမှာလားပေါ့ ။ မင်ဘာဝင်တဲ့ ဈေးကို ပြထားပါတယ် ။  ဒါပေမယ့် Free နည်းကို သုံးကြတာပေါ့ ။ တစ်ခုခုကို Upload လုပ်ကြတာပေါ့ ။ Upload Now နိပ်ပါ ။
ပြီးရင်တော့ အဲဒါမှ Select File မှာ ကြိုက်တဲ့ PDF တစ်ခုခုကို နိပ်လိုက်ပါ။ ပြီးရင် သူအမှားတစ်ခုခုပြပါလိမ့်မယ် ။ ရပါတယ် ကိစ္စမရှိပါဘူး ။
ပြီးရင်တော့ နောက်ဆုတ်လိုက်ပါ ။ အစစာမျက်နှာကိုပေါ့ ။ အစဝင်တဲ့ စာမျက်နှာ အထိပေါ့။ နောက်တစ်ခေါက် Download ကို ထပ်နိပ်လိုက်ပါ ။
 
 ပြီးရင်တော့ Download လုပ်တဲ့ Diealog box လေး တက်လာပါလိမ့်မယ် ....

အဆင်ပြေပါစေဗျာ ။ တစ်ခုခု အဆင်မပြေပါက မန့်သွားပါရန်... ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။