Gmail မှာ Mail တွေကို တစ်ခါတည်း အကုန်ဖျက်ရန်

1:16 AM ---
     ဒီနည်းကို ကျွန်တော်အစက မရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် အကိုတစ်ယောက်က ထပ်ပြီးတော့ တိုက်တွန်းတာမို့ မဖြစ်ဖြစ်အောင်ရေးပေးပါ့မယ် ။ မတတ်သေးတဲ့သူတွေအတွက် ခက်ကောင်းခက်တတ်ပါတယ် ။ ဟုတ်တယ်လေ ....ဥပမာ ဧဒင်ဥယျာဉ်တို့ ဘာတို့ ဝင်ထားရင် ။ မေလ်းကို ပိတ်တာလည်း မပိတ်တတ်သေးနဲ့ ဒီတိုင်းပဲ ဖျက်ဖျက်နဲ့ ကြာလာတော့လည်း မတတ်နိုင်တော့ဘူး ။ကျွန်ော်လည်း အစတုန်း မြန်မာဆိုဒ်တွေတော်တော်များများကို ဝင်ထားတာလေ ။ တစ်ပတ်လောက်ဆို ၂၀၀၀ လောက်ရှိပြီ ။ မဖျက်ရင်လည်း အကောင့်မဆံ့တာနဲ့ ပျက်တတ်သေးတယ် ။ဒါကြောင့် မတတ်သေးတဲ့သူတွေကို ရည်ရွယ်ပြီးတော့ ရေးပေးလိုက်ပါတယ် ။



ပထမဆုံး မေလ်းကို ဝင်လိုက်ပါ ။ မေလ်းတွေ အောလပုံ (ကရင်စကား) ။ပြီးရင်တော့ Mark all ပုံကိုနိပ်လိုက်ပါ ။ အဲလိုဆိုရင် မေလ်းပေါင်းငါးဆယ်ကို select ပေးပါလိမ့်မယ် ။

select all conversations in inbox ကို နိပ်လိုက်ပါ ။

နောက်ပြီးရင်တော့ delete ပုံ အမှိုက်ခွက်ပုံစံကို နိပ်လိုက်ပါ ။ box တက်လာရင် အိုခေလိုက်ပါ ။ သေချာလားလို့ မေးနေတာပါ :)

ဒီလောက်ဆို အဆင်ပြေလောက်ပြီ ထင်တယ် :) ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။