တင်ပြီးသားပိုစ့်တွေကို တစ်ပုဒ်ချင်းစီ လိပ်စေခြင်း

4:47 PM ---
                 ဘလော့ဂါသမားတွေအတွက်ပါ ။ ကျွန်တော်လည်း အစက ဒီနည်းကို သူများဆိုဒ်တွေတွေ့ရပြီ ပြင်လိုစိတ်က တဖွားဖွားရယ် မပြင်တတ်တော့....:)
နောက်ကျွန်တော်ပြောစရာတစ်ခု ရှိပါသေးတယ် ။ ကျွန်တော့်ဆိုဒ် မဟုတ်တော့ပါဘူး ကျွန်တော့်ရဲ့အဖွဲ့ဆိုဒ်ဖြစ်သွားပါပြီ ။ အဖွဲ့ဆိုတာကတော့ အရင်ပိုစ့်က ရေးပြီးပါပြီ ။ ဆောပ်ဝဲလ်တွေ ဘာတွေလိုရင်လည်း အာမနာတမ်းပြောပါဗျာ ။ ဆိုဒ်က စာရေးသူတွေ ငါးယောက်တောင် ရှိတာ :)
ကျွန်တော်က အလုပ်ကို သွားးဖို့ရှိတယ် ။ သွားမယ် သွားမယ်နဲ့ မသွားဖြစ်သေးလို့ ။ တကယ်လို့ သွားဖြစ်ရင်လည်း နောက်စာရေးသူတွေရှိသေးတယ် လာဖတ်ပါ ။ ကျန်တဲ့စာရေးသူတွေက စကားနည်းပုံရတယ် :)



ကဲပါဗျာ ။ ပိုစ့်တွေ တစ်ပုဒ်ပြီး တစ်ပုဒ်လိပ်စေတဲ့ နည်းကို တင်ပေးပါမယ် ။
ပြင်မယ်ဆိုရင်တော့ blogger ထဲကို ဝင်ပါ ။ ပြီးရင် Design__Edit HTML ကိုပြီးတော့ မပြင်ခင်လေး ။ Template ကို အရင်းဒေါင်းထားလိုက်ပါ ။ check box မှာ အရင်းအမှတ်ခြစ်ပေးလိုက်ပါ ။ ဒါတွေကတော့ ပြင်လိုက်တိုင်း လုပ်ရမည့်တာဝန် :)
အရင်ဆုံး </head> ကို ရှာပါ ။ ရှာနည်း ထပ်မရေးတော့ဘူး ။ တွေ့ပြီဆိုရင်တော့ အောက်က အောက်က စာသားတွေကို ကူးပြီးတော့ သူရဲ့ ရှေ့မှာ ထည့်ပေးပါ ။ ထည့်ပေးလိုက်ပါ ။
<script src='http://ajax.googleapis.com/ajax/libs/jquery/1.4.2/
jquery.min.js' type='text/javascript'></script>
 
ပြီးရင်တော့ save လိုက်ပါ ။
ကဲနောက်တစ်ဆင့်အနေနဲ့ Design ___ Layout____Add Gadget ___HTML /Javasript ကိုနိပ်ပြီးရင်တော့ ဒီလင်ခ့်ကို ဖွင့်လိုက်ပါ ဖွင့်ပြီးတော့ ကုတ်တွေကို ကူးပြီးတော့ ထည့်လိုက်ပြီး Save လုပ်ပါ ။ ပြီးရင်တော့ သင့်ဆိုဒ်ကို ပြန်ကြည့်လိုက်ပါ ။ အဆင်ပြေမယ်လို့ ယုံကြပါတယ်ဗျာ ။ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။