မဆုံနိုင်တော့တဲ့ အချစ်

8:59 AM ---
မောင်လို့ ခေါ်သည့်တိုင်
မင်းရဲ့ အချစ်တွေ မခိုင်သေးဘူးဆိုတာ နားလည်ခဲ့ပါတယ် ။

အချစ်နဲ့အမုန်းဟာ ကပ်ရပ်ပဲဆိုခဲ့တဲ့
မင်းရဲ့ စကားလုံးတွေဟာ
ငါကို ဘယ်လောက်ထိချစ်တယ်ဆို နားလည်ပါတယ် ။

နင်သုံးနေကြ လမ်းခွဲစကားတွေရဲ့ကြားမှာ
ငါကိုယ့်ငါ သနားစရာဘယ်လောက် ကောင်းလဲဆိုတာ မတွေးခဲ့မိဘူး ။

တကယ်တမ်းတော့.....
အချစ်က ဖန်းတီးယူလို့ရတဲ့ အရာမဟုတ်ဘူး
နှလုံးသားနဲ့ ဆူးဆူးရှိက်ရှိက် နင်ချစ်မိရင်  နားလည်လာမှာပါ ။

တကယ်ချစ်မိသွားတဲ့ သူတစ်ယောက်အတွက်
နင်ပေးသွားတဲ့ အမုန်းနေ့စွဲတွေကို ပိုက်ပြီး
တကိုယ်တည်း အဝေးမှာ သွားပြီး ခံစားရတော့မှာလေ.........။

အော်.......ချစ်သူ
နောက်နောက်ဆိုတာများ ရှိခဲ့မယ်ဆိုရင်လေ
သံသယဆိုတာတွေကို မကြား မသိပါရစေနဲ့လို့ ငါဆုတောင်းပါတယ် ။
နင်စိတ်တိုင်းကျ ပြောခဲ့ဆုံးဖြတ်ခဲ့တဲ့ အတွက်လည်း နင်ကျေနပ်နေမယ်လို့ ငါမျှော်လင့်ပါတယ် ။

ချစ်တဲ့သူတစ်ယောက်ရဲ့ သံသယတွေကို ဖယ်ခွာပေးချင်လည်း
မဆုံနိုင်တော့တဲ့ ကံကြမ္မာတွေနဲ့အတူ
ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်း မုန်းခြင်းတို့ကို
သိနိုင်စွမ်းမရှိတော့တဲ့ တစ်နေရာမှာ ခိုလှုံရင်းနဲ့
မင်းပေးခဲ့တဲ့ အမုန်းနေ့စွဲတွေကို တမြေ့မြေ့ဖြတ်ကျော်ရင်း...............။          ။
            မောင် (ဇင်အတွက် နောက်ဆုံးကဗျာနဲ့ နှုတ်ဆက်ပါတယ် )

3 comments:

San Yin Mon said...

ဒီကဗျာက ကော်ပီလား။ ရင်တွင်းဖြစ်လားခင်ဗျာ။ ဆက်လက်ရေးသားပါ။ အားပေးနေပါတယ်။

December Mgmg said...

ရင်တွင်းဖြစ်.......

San Yin Mon said...

သြော် ဇင်ရေ....မောင်မောင်တယောက်ကြေကွဲခံစားနေတာကို ဒီကဗျာလေးဖတ်ပြီး ခွင့်လွှတ်နားလည်ပေးလိုက်ပါနော်။

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။