Window Player နဲ့ နားထောင်တဲ့ သီချင်းတွေကို Gtalk မှာ ပြမယ်

11:00 AM ---



           စာရေးဖို့တော့ နည်းပညာက ရပြီဆိုပေမယ့် ခေါင်းစဉ်ပေးဖို့တော်တော်လေး စဉ်းစားယူရတယ် ။
နည်းက ခပ်ဆန်းဆန်းလေးပါ ။ သူများရေးတာလည်း မတွေ့သေးတာမို့ ရေးလိုက်ကောင်းသားလို့ အတွေးပေါက်တာနဲ့ ခေါင်းစဉ်ကို ခပ်သွက်သွက် စဉ်းစားပြီးရေးလိုက်ကြောင်းပါ ။ ခေါင်းစဉ်အတိုင်းပါပဲဗျာ ပိုစ့်ကတော့ ။ လုပ်နည်းက လွယ်ကူတာမို့ ၈ျီတော့ ရှိသူတို့ စမ်းကြည့်နိုင်ပါတယ် ။

ပထမဆုံး window player ကို ဖွင့်လိုက်ပါ ။ option ကို ဖွင့်လိုက်ပါ ။ tool >option ပါ ။ plug ins ကို နိပ်လိုက် ။ ပြီးတော့ background ကို ထပ်နိပ် ။ အဲဒီမှာ Google Talk music plugin ကို အစက်ဖြည့်ပေးပြီး OK ပေါ့ ။ ပြီးပြီ window player ပြင်တဲ့အပိုင်း ။ ပုံနမူနာကြည့်လိုက်ပါ ။
window media player
  
ကဲ ခု ၈ျီတော့မှာ ပြင်ဖို့ နည်းနည်း ရှိတယ် ။ ခုဖွင့်ထားလား ။ ဖွင့်ထားရင် ပိတ်ပြီးတော့ ပြန်ဖွင့် Restart ချတဲ့ သဘောပါ ။ ချစ်ချစ်တွေ ရှိရင် ကြိုပြောပြီးတော့ ထွက်ကြ ။ မမြင်အပ်မကြားအပ် စိတ်ဆိုးမှုတွေ ရှိနိုင်လို့ :)
ကဲ ပြန်ဝင်ပြီ ဆိုပါတော့ ၈ျီတော့ထဲကို ။ အဲဒီမှာ stutus က ဒီလိုရေး ရေးထည့်ပေးလိုက်ပါ ။ Show current music track ။ ကဲရေးလို့ ပြီးပြီ ဆိုရင်တောပ နောက်တစ်ခု လုပ်ရမှာက အစိမ်းကနေ အနီကို ပြောင်းတာပါဗျာ ။ ရေးတုန်းက အစိမ်းဆိုရင် အနီလေးပြောင်းပေးလိုက်ပါ ။
gtalk








ကဲပြီးပြီ ဆိုရင်တော့ သင့်ရဲ့ ၈ျီတော့ကို ကြည့်လိုက်ပါ ။ သင်ဖွင့်တဲ့ သီချင်းတွေအလိုက် အော်တိုပြောင်းနေမှာပါ ။ အဆင်ပြေပါစေဗျာ ။

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။