အခုတစ်လော အခြေနေ

9:15 AM ---
                  ဘာရယ်လိုတော့ မဟုတ်ပါဘူး ။ နည်းပညာပိုင်းတွေကို စိတ်နည်းနည်းပျက်သွားလို့ပါ ။ စာတွေလည်း မရေးနိုင်တော့တာလည်း အဲဒါကြောင့် ။ ဒါပေမယ့် ခွန်မောင်ပန်တစ်ယောက် မလျော့သော ဇွဲဖြင့် ဖတ်သူရှိရှိ မရှိရှိ ဆက်ရေးမည်သာဖြစ်ကြောင်း ထပ်လောင်း စိုရွှဲစေပါသည် ။ အဲ ပြောကြားပါသည် ။
(စကားကျွင်း- နည်းပညာကို စိတ်ပျက်သွားသည် ဆိုသည်မှာ ခု တစ်လော ကွန်ပျူတာက ဝင်းဒိုး အိပ်စ် ပီသုံးထားသဖြင့် ဝင်းဒိုးဆဲဗင်းပြောင်းရင် မထင်မှတ်သော အပြောင်းလဲ တစ်ချို့ကြောင့် မြန်မာဖောက် တင်မရပါ ။ ဒါကြောင့်လည်း မြန်မာလို ရေးတာ မတွေ့ရတာကို ကျွန်တော်နှင့် စကားပြောသူတိုင်း သဘောပေါက်ပါလိမ့်မည် ။ ထိုပြဿနာမှာ ကျွန်တော် ဝင်ဒိုးတင်တုံး အဟောင်းကို မဖျက်ပဲ အသစ်ထပ်တင်လိုက်သဖြင့် ပေတည်း ။ ထိုကြောင့် စီထဲတွင့် ပရိုဂရမ်ဖိုင် ဟူသော ဖော်ဒါကို နှစ်ခုတွေ့ရလေတော့သည် ။ ထိုနှစ်ရဲ့ နောက်တစ်ခု 64bit ဟူသော ဘွဲ့ထူးကို ခံယူလျက် တည်ရှိနေလေတော့သည် ။ ထို့အတွက်ကြောင့် မြန်မာဖောက်တင်ခြင်း မရပါ ။ စကားကြွင်း ဆိုပေမယ့် စကားကိုယ်ထက် ပိုများသည်ကို သတိထားမိသော်လည်း လတ်သလော ခံစားချက်တွေကို အပြင်မှာ မနိုင်သည့်တိုင် အွန်လိုင်းတွင် စိတ်ချအန်လျနိုင်ကြောင်း ဖတ်မိသည့်အလျောက်  အတိုးချရေးမိနေသော ခံစားချက်တွေကြောင့် မရပ်တန့်နိုင်သည်ကို ကိုယ်ကိုယ်ကို ထူးဆန်းအံ့သြ မဆုံးဖြစ်မိလေသည် ။ ထိုမြန်မာဖောက်ပြဿနာကို ဗဟုသုတ အလို့ငှာ ကျွန်တော့်အထင်ဖြင့် ရေးသားပါဦးမည် ။ ကျွန်တော်တို့ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ကွန်တရိုပဲန်က လဲန်းကွိစ်ကို အရင်သတိရကြလိမ့်မည် ။ ကျွန်တော်လည်း ထိုနည်း၎င်းသာ ။ ထိုတွက်ကြောင့် ရှာဖွေတင်ထားပါသော်လည်း အရိပ်ယောင်မှ တက်လာသည့်ကို မတွေ့ရ။ တက်မေနေဂျာမှာ ကီးဘုတ်ပုံလေး ပေါ်ပါစေဟု မျက်စိတ်မှတ်ဆုတောင်းသောလည်း မျက်စိအဖွင့်တွင် ပေါ်မလာသေးသည်ကို စိတ်ပျက်စွာတွေ့ရပါသည် ။ မတတ်နိုင်သည့်အဆုံး အခု ဝင်းဒိုးအသစ်ကို ထပ်ဒိုးခိုင်းလေတော့သည် ။ ထိုလဲန်းကွိစ်ပြဿနာမှာ မြန်မာကီးဘုတ်ပုံ လုံးဝမပေါ်ခြင်းပေသည် ။ ရှင်းဦးအံ့....ကွန်တရိုပဲန် လဲန်းကွိစ်ကို ဝင်လျင် US, Unicode ရှိပါလိမ့်မည် ။ properties ကို နိပ်သည်နှင့် ကီးဘုတ်ပုံစံပေါ်လိမ့်မည် ။ ၈ျင်ကလိဆိုရင် အေဘီစီပေါ်လိမ့်မည် ။ မြန်မာဆို ထုံးစံအတိုင်း အတုံးလေးတွေ ပေါ်လိမ့်မည် ။ ထိုအတုံးလေးမျှ မပေါ်နိုင်တော့ပေ ။ ဝင်းဒိုးစတင်ခါက အဟောင်းနှင့် အသစ် ထပ်လောင်း ရောနှော တင်ထားသည့်အတွက် အဟောင်းအတွက်ပဲ ရမ်းရမလား အသစ်အတွက်ပဲ ရမ်းရမလားဆိုပြီး ဇော်၈ျီကလေး ခေါင်းဂှုပ်နေဟန်ပြီး ငုတ်လျိုးနေဟန်ရှိသည် ။ သည်ကား လတ်တလော ပြဿနာတရပ်ပေတည်း ။

 နောက်ပြဿနာတရပ်ကား ။ ကျွန်တော် ချစ်လှစွာတော ..... ဆုံးသွားခြင်းဖြစ်ပေသည် ။ အလန့်တစ်ကြား မဖြစ်ပါနဲ့ ကျွန်တော် ချစ်လှစွာသော ကျွန်တော် မီမိုရိစတစ်က ပျောက်ဆုံးသွားခြင်ဖြစ်လေသည် ။ ထိုအထဲတွင် တူတွေပါသွားတာ နှမြောစရာကောင်းလှပါတယ် ။ အိစ် ဂစ်ဖြစ်သမို့  ဆောပ်ဝဲလ်တွေကို အသေထည့်ထားပါတယ် ။ အသုံးဝင်သော ဆောပ်ဝဲလ်တွေသာ ထည့်ထားခြင်းဖြစ်ပါသည် ။ အရေးကြီး ဒေတာတွေလည်း ပါသွာပါသည် ။ ချစ်သူပုံလည်း ပါသွားပါသည် ။ မေလ်းထဲတွင် သိမ်းထားသေးတာမို့ ခံသာပေသည် ။နို့မို့ဆို စိတ်ညစ်သည့်ကြား စိတ်ကောက်ခံရဖို့လည်း ရှိသေးတယ် မှတ်လား ။ ရှာတော့လည်း ရှာမတွေ့နိုင်တော့ ကလေးဆော့ပြီး လစ်ပစ်လိုက်တော့ အဟင်းဟင်း လုပ်ဖို့သာ ကျန်တော့သည် ။ ပြီးခဲ့သည့်ကား လတ်တလော ပြဿနာတစ်ရပ်ဖြစ်နေလေတော့သည် ။ မှတ်ချက် ။     ။ အတင်ဝါသနာပါသည့် ကျွန်တော်တစ်ယောက် စိတ်ညစ်ညစ်ရှိနေသော်လည်း ဖေ့ဘုတ်တွင် အချို့ဓါတ်ပုံတွေကို တင်ထားလိုက်လေသော် လူအများစုက အထူးသဘောကျသည်ကို မထင်မှတ်စွာ တွေ့ရလေတော့သည် ။ တစ်ချို့ကို ရှဲလိုရှဲ ပြုလုပ်နေသည်ကို နားမလည်စွာ ကြောင်ကြည့်နေမိတော့သည် ။(ကြွက်ချောင်းနေသည့်ကြောင်ကို တွေ့ဖူးတယ် မလား )

နောက်ဆုံးချူပ်ဖို့ တော်ပါပြီ ။ စာလည်း များနေပြီ မို့ ထပ်ရေးရင် ... ထပ်ရေးရင် ။ ဒါကြောင့် ဆိုလိုရင်းတော့ ကျွန်တော် လတ်တလော စာမရေးနိုင်တဲ့အကြောင်းတွေကို စာဖတ်သူတို့ တစ်ချို့အတွက် သိစေလိုချင်းအတွက်ကြောင့်မို့ စာရေးသားခြင်းဖြစ်ပါပေသည် ။ နောက်နေ့တွေမှာတော့ ကျွန်တော် ရေးဖို့ စီစဉ်ထားတဲ့ စာတွေ ရေးပေးမည်ဖြစ်ကြောင့် ။ (ပြောသာပြောရတာ ဘက်အပ်လုပ်ထားတဲ့ ဖိုင်က စတစ်နဲ့ပါသွားတယ် ။ ခုဝင်းဒိုးသစ်ဆိုတော့ ဘာမှမရှိတော့ဘူး ။ လိုက်ရှာရပါဦးမယ် ။ စာရေးဖို့ကို )
ဘာပဲဖြစ်ဖြစ် မိမိအချိန်ထဲက တစ်ချို့တစ်ဝက်ကို ကျွန်တော်ရဲ့ ကိုယ်ပိုင်စာမျက်နှာ လာကုန်ဆုံးစေသည့်ကို တွေ့ရပါသည် ။ ထိုသို့ စာဖတ်သူတို့ရဲ့ အချိန်တွေ ကုန်ဆုံးရကျိုးနပ်အောင် ကျွန်တော့်ဘက် အတတ်နိုင်ဆုံး တင်ဆက်ရေးသားပေးမည်ဖြစ်ကြောင်း လေးစားစွာ စာဖတ်သူတို့အား အသိပေးရေးသားပါတယ်ဗျာ ။  ခွန်မောင်ပန်

1 comments:

စံပယ်ချို said...

ရေးသာရေးခွန်ပန်ရေ
အမအားတဲ့လာဖတ်ပါ့မယ်----------

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။