ဒီနည်းကို အကိုတစ်ယောက်က ကျွန်တော့်ကို မေးဖူးတင်ပေးလိုက်ပါတယ် ။ ကျွန်တော်တို့ သူများ ကွန်ပျူတာ ကို ခိုးဖွင့်တဲ့ အခါ ပါစ့်ဝေါ့ ထည့်ထားရင် အခက်ကြုံရတတ်ပါတယ် ။ ဒါကြောင့် ကျွန်တော် ဟက်နည်းလေးကို တင်ပေးလိုက်ပါတယ် ။ ခုကျွန်တော် သုံးနေတာက window xp သုံးနေပါတယ် ။ အလုပ်ဖြစ်ပါတယ် ။ ဒီနည်းက ဒီဝင်းဒိုးမှာပါ ။
ပထမနည်းအနေနဲ့တော့ ပစ်ဝေါ့ထည့်ထားတဲ့ ကွန်ပျူတာကို ဖေါက်ဖွင့်နည်းပါ ။ ဆောပ်ဝဲလ် မသုံးပါဘူး ။ ဆောပ်ဝဲလ်သုံးပြီး လုပ်တဲ့ နည်းတွေလည်း ရှိပါတယ် ။ အကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆောပ်ဝဲလ်သုံးပြီး ဖောက်တဲ့ နည်းကို တင်ပေးမှာပါ ။ အကြံသာပေးသွားလိုက်ပါ ။ တင်ပေးပါမယ် ။ ကဲ ခု ကွန်ပျူတာ ပါဝါကို ဖွင့်လိုက်ပြီ ။ ပါစ့်ဝေါ့ရိုက်ထည့်ရဖို့ ရှိနေပြီ ။ အဲဒီမှာ User name , Password ရိုက်ထည့်ဖို့ရှိတယ် ။ Administrator လို့ပဲ နာမည်မှာ ရိုက်ထည့်လိုက်ပါ ။ ပြီးရင် ပါစ်ဝေါ့ မရိုက်ထည့်ပဲနဲ့ Enter ခေါက်လိုက်ပါ ။ ခုကွန်ပျူတာတော့ ကောင်းကောင်း အလုပ်လုပ်တယ် ။ ဒါက ဖောက်ဝင်တဲ့ နည်းပါ ။ အဲ... တစ်ခုပြောစရာရှိတာက ။ ကွန်ပျူတာ တစ်ခုမှ ကျွန်တော်တို့ User account တွေ အများကြီး လုပ်လို့ရပါတယ် ။ ဒီနည်းကAdministrator အကောင့်ကို ဖောက်တာပါ ။ တစ်ခြားအကောင့်တော့ မရပါဘူး ။ဖောက်ဝင်လို့ရရင် သင်သဘောပေါက်ပါလိမ့်မည် ။ ကျွန်တော် စသုံးတုန်းက ကြုံတုန်း ကြောင်သွားတာ ။
ခု ပွင့်ပြီးသား ဝင်ဒိုးက Administrator အကောင့်ကို ပါစ့်ဝေါ့အဟောင်း မသိပဲနဲ့ ပြောင်းတဲ့ နည်းပါ ။ Controlpenl က ပြောင်းရင်တော့ အဟောင်းကို ထည့်ပေးရမယ်လေ ။
ပထမဆုံး Run box ( Win+R) ကို ဖွင့်ပါ ။
ပြီးရင် cmd ရိုက်ထည့်ပါ ။ ပြီးရင် cmd box တက်လာမယ် ။
net user ရိုက်ပြီး Enter ခေါက်ပါ ။ user account နာမည်စာရင်းတွေတက်လာလိမ့်မယ် ...
net user Administrator * ရိုက်ပြီး Enter ခေါက်ပါ ။tor နဲ့ * ကြားမှာ space bar တစ်ချက်ခြားပေးပါ ။ ပြီးရင် ပါစ့်ဝေါ့ အသစ်ရိုက်ခိုင်း လိမ့်မယ် ဒီတိုင်းပဲ ရိုက်လိုက်ပါ ။ စာသားတွေတက်လာတာ မမြင်ရပေမယ့် ဒီတိုင်းပဲ မှန်အောင် ရိုက်လိုက်ပါ ။ ရပြီဆိုရင် Enter ခေါက်လိုက်ပါ ။ ပြီးရင် အဲဒီတိုင်းပဲ နောက်တစ်ခါ ထပ်ရိုက်လိုက်ပါ ။ ပြီရင် Enter ထပ်လော်ကလိုက်ပါ ။ ပြောင်းပြီးသွားကြောင့် စာသားတွေ့ရလိမ့်မယ်
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်
Subscribe to:
Post Comments (Atom)
3 comments:
အထက်ပါအတိုင်းလုပ်တာ အားလုံးပြီးတဲံ့အဆင့်ရောက်မှ Access is denied ဆိုပြီး အဆင်မပြေဘူး ပြောင်းလို့မရဘူး ဖြစ်နေတယ် ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို ဆက်လက်ညွှန်ကြားပေးပါဦး ကျေးဇူးတင်ပါတယ်
အထက်ပါအတိုင်း လုပ်တာ အားလုံးအဆင်ပြေပါတယ် ဒါပေမဲ့ နောက်ဆုံးမှာ ပတ်စ်ဝါ့ထည့်ပြီး enter ခေါက်တာ Access is denied ဆိုပြီး ပြောင်းလို့မရဘူးမအောင်မြင်ဘူးဖြစ်နေတယ် ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ကူညီပေးပါအုံး ကျေးဇူးတင်ပါတယ်ခင်ဗျား
sarkyain2015@gmail.com
Post a Comment
သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။