FileCrop မှ နောက်ထပ်တိုးလာသော

1:17 AM ---
      FileCrop ဆိုဒ်ကို သိတဲ့သူလည်း သိပြီးသားဖြစ်မှာပါ ။ Search Engine Site ပါ ။ သူရှာပေးတဲ့ဆိုဒ် Rapashre ,Hotfile ပါ ။ နောက်ထပ် တစ်ခု Mediafire ပါ ပါလာတာကို မကြာသေးမီကပဲ ကျွန်တော်တွေ့ရှိတာကို မသိသေးသော စာဖတ်သူများ သိရှိစေရန် ရေးသာချင်ပါသော်လည်း အင်တာနက်အခက်အခဲကြောင့် ရေးသားခြင်းငှာ မတတ်နိုင်ပါသောကြောင့်တည်း ။

      အင်တာနက်ကို သုံးလာကတည်းက ကျွန်တော်အကြိုက်ဆုံးဆိုဒ်ကို ပြပါဆိုရင် FileCrop တစ်ဆိုဒ်တည်းပဲ ရှိပါတယ် ။ ဟုတ်တယ်ဗျာ ။  ကျွန်တော်တို့တွေ့ ဆောပ်ဝဲလ်တစ်ခုခုကို တွေ့လို့ ကြိုက်ပြီဆိုတာနဲ့ မရရအောင် ရှာကြတာချည်းပဲ ။ ကျွန်တော်လည်း အဲလိုပဲ ။ ဆောပ်ဝဲလ်တစ်ခုခုကို ကြိုက်ပြီဆိုတာနဲ့ ပထမဆုံး ရှာတဲ့ ဆိုဒ်က FileCrop ပါ ။ သေလည်းသေချာပါတယ် ။တော်တော်လေး စုံစုံလင်လင်ရှိတယ်ဗျာ ။ ဒါကြောင့် ကျွန်တော်ကြိုက်နေတာ ။ ဒီနောက်ပိုင်း Mediafire ပါ တိုးလာတော့ ပြောစရာ မလိုတော့ဘူးထင်တယ်နော် ။ Mediafire ကို မသိတဲ့ သူဆိုတာ မရှိသလောက်ပဲဗျာ ။ အဲဒီလိုဆိုဒ်ကို လွယ်လွယ်လေးနဲ့ ရှာချင်တယ်ဆိုရင် ဒီဆိုဒ်ကို သွားပြီးတော့ လေ့လာကြည့်လိုက်ပါ ။ သင့်အတွက် အသုံးဝင်မည်ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ် ။ တစ်ဆိုဒ်ချင်းဆီ အမှတ်ခြစ်ပြီးတော့လည်း ရှာနိုင်ပါတယ် ။ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။