Photoshop သမားတိုင်း သိထားသင့်တဲ့ နည်း တစ်ခု

7:19 AM ---
          ဖိုတိုရှောပ် သုံးသူတိုင်း အသုံးများဆုံးကတော့ Selection Tool ပါ ။ ဖြတ်တာ ညှပ်တာ ကပ်တာတို့ ဘာတို့ စသည်ဖြင့် နေရာတကာ အများကြီး သုံးရပါတယ် ။ အဲသလို ဖြတ်တာ ညှပ်တာမှာ သေသပ်မှလည်း ပုံက ပီပြင်သဘာဝကျပြီး ပုံက အဆင်ပြေစေမှာပါ ။ ဒါကြောင့် အခု ကျွန်တော်ပြမယ့် နည်းတစ်ခု သိပြီးဆိုရင်လည်း ဖြစ်မှာပါ ။ တော်တော်လေး အသုံးဝင့်တဲ့ နည်းပါ ။ Laso tool တို့ Magic Wand tool တို့ကို သုံးပြီးလို့ ကိုယ်ဖြတ်ထားတာ အနားစွန်းတွေ ကျန်နေလို့ပဲဖြစ်ဖြစ် အနားစွန်းတွေက ကြမ်းနေလို့ပဲဖြစ်ဖြစ် ပြန်လည်ပြုပြင်နိုင်တဲ့ နည်းပါ ။ Refine Edge လို့ခေါ်ပါတယ် ။
ကွန်သိပ်မကောင်းလို့ ပုံတွေနဲ့ကို မပြတော့ပါဘူးဗျာ ။ နားလည်အောင်တော့ ရေးပေးပါမယ် ။ Laso Tool နဲ့ Magic Wand tool တို့ကို သုံးပြီးရင် Selection ပြီးရင်တော့ အပေါ်က Tool Option မှာ တွေ့ရတဲ့ Refine Edge ကို နိပ်လိုက်ပါ ။ ဒါမှမဟုတ် ရှောပ်ကပ်ကီးနဲ့ သုံးချင်ပါတယ်ဆိုရင်တော့ Ctarl + Alt + R တွဲနိပ်လိုက်ပါ ။ ပြီးရင် Dialog box တစ်ခု တက်လာလိမ့်မယ် ။ အဲဒီမှာ နည်းနည်း ကစားကြည့်လိုက်ပါ ။ တစ်ခုကို ရွေ့လိုက်တာနဲ့ ဘယ်လိုပြောင်းလဲသွားတာကိုတော့ မြင်အောင် ကြည့်တတ်ပါစေနော် ။ အဲလိုဆိုရင် သင့်အတွက် များစွာ အသုံးဝင်စေပါလိမ့်မယ် ။ ဒါလောက်ဆိုရင် အသုံးပြုတတ်ပြီ ထင်ပါတယ်ဗျာ ။  စာဖတ်သူတွေလည်း ရှိကြသေးရဲ့လား မသိ ။ ရေးရတာ အားတောင် သိပ်မရှိလှတော့ဘူး ။ စာဖတ်ဖြစ်သေးတယ်ဆိုရင် အသံလေးဘာလေး ပေးပါဦး ။ အားငယ်လွန်းလို့ပါ ။ ခွန်မောင်ပန်

6 comments:

မောင်(စွယ်စုံကျမ်း) said...

ကိုခွန်ရေ ကျနော် ၇ှိတယ်နော် အမာခံ လာဖတ်နေတယ်

lional said...

thanks brother

Candy said...

ဘာမှ အားမငယ်နဲ့ နာရှိတယ် တိလား :D

Anonymous said...

မှတ်သား သွားပါတယ်ဗျာ။

Anonymous said...

အစဉ်အမြဲအားပေးနေပါတယ်.......................စာတွေကိုလဲအမြဲဖတ်ပါတယ်

Anonymous said...

ဖတ်ဖြစ်ပါတယ်ဗျာ..photoshop နည်းပညာလေးတွေများများရေးပေးပါနော်...thanks a lot..

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။