Blog လောကမှ အနားယူခြင်း

10:00 AM ---
            ကျွန်တော်က အနားယူမယ်လို့ ကြိုကြေညာထားတာ ကြာပါပြီဗျာ ။ ခုတော့ တကယ်အနားယူရတော့မယ်....
အကြောင်းကတော့ အလုပ်နဲ့ ကွန်ပျူတာနဲ့က တစ်ခြားစီဖြစ်နေလို့ပဲ...
ဒါကြောင့်မို့လို့ ဒီအလုပ်ကိုလုပ်နေတဲ့အတောတွင်းတော့ စာရေးတာက ရပ်ရမှာဖြစ်ပါတယ် ။ ဒါကြောင့်...ရက်အကန့်အသတ်တော့ မရှိပါဘူးဗျာ ။ အဆင်ပြေတော့မှ စာတွေပြန်ရေးမယ် ဖြစ်ကြောင်း စာဖတ်သူများနှင့် ဘလော့ရေးသူ မိတ်ဆွေသင်္ဂဟများအား အသိပေးနှုတ်ဆက်လိုက်ပါတယ် ။
ထိုင်းနိုင်ငံမှ သူငယ်ချင်းများအနေနဲ့ ကျွန်တော့်ကို ဆက်သွယ်စကားပြောလိုချင်တယ်ဆိုရင်တော့
၀၈၃၆၃၀၇၈၁၄ ပါ ။ အဆင်ပြေတာနဲ့ လိုင်းပေါ်ကို ပြန်တက်လာမှာပါ ။ ဒါပေမယ့် အခြေနေက မပေးဘူးဆိုရင်တော့ အပြီးတိုင်အနားယူဖို့ရှိပါတယ် ....

          ဘာပဲပြောပြောဗျာ....လောလောဆယ်ဆယ်တော့ အနည်းဆုံးတစ်လတော့ လိုင်းတက်နိုင်မှာ မဟုတ်ပါဘူး ။ အားလုံးကို ဒီနေရာကနေ နှုတ်ဆက်ကြောင်း ရေးသားလိုက်ရပါတယ်....
အားလုံးကို ခင်တဲ့ ခွန်မောင်ပန် (မဲဆောက်)
11:35 PM
10/1/2011
Mae Sot , Thailand
(ဒီစာကို ကျွန်တော်ကြိုရေးပြီးတော့ တင်ထားတာပါ ။ စာဖတ်နေတဲ့ အချိန်မှာ ကျွန်တော်အလုပ်လုပ်နေပါပြီ )

9 comments:

mstint said...

အရာရာဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အနတ္တသဘောတရားတွေမို့ မနက်ဖြန်တွေရှိနေသမျှ ဘလော့မိတ်ဆွေများနဲ့ ပြန်လည်ဆုံနိုင်ခွင့် ရှိပါသေးတယ် မောင်မောင်ရေ။ အမြဲတန်းနွေးထွေးစွာကြိုဆိုလျှက်ပါနော်။
လုပ်ငန်းဆောင်တာအားလုံး အစစအရာရာ အဆင်ပြေချောမွေ့ကာ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

စိတ်မကောင်းဘူး မြန်မြန်ပြန်လာပြီး စာေ၇းနိုင်ပါစေ ကိုမောင်မောင်ရေ
အစစအရာရာအောင်မြင်ပါစေ ..
ကိုရဲ (အမှတ်တရနေ့စွဲများ )ကလဲပြန်တော့မယ်တဲ့း( ဟင်းးး
ဘလော့လောကမှာပြန်ဆုံကြရပါစေ

KMC@ချင်းလေး said...

အစစအရာရာအဆင်ပြေစေကြောင်းဝေးတနေရာကဆုတောင်းပေးပါတယ်။ တနေ့ပြန်လာမယ်ဆိုတာယုံကြည်ပြီးနွေးထွေးစွာစောင့်ကြိုနေမှာပါ။ Tcare!

Anonymous said...

ရေစက်ရှိသေးရင်..ကံမကုန်သေးရင်တော့
ဘလော့ပေါ်မှာပျော်ပျော်ရွှင်ရွှင်ပြန်ဆုံချင်ပါသေးတယ်ရှင်
အစစအရာရာအဆင်ပြေပါစေ...
ချစ်ခင်စွာဖြင့်
သမီးစံ

ညီရဲ said...

တနေ့ ပြန်ဆုံဖို့ အမြန်စာတွေ ပြန်ရေးနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်...
ကျွန်တော်တို့ လဲ ဘယ်နေ့ နှုတ်ဆက်ဖြစ်မယ် ဆိုတာ မသိသေးပါဘူးလေ...

Anonymous said...

I kind of wish you could have access to internet and some spare time for blogosphere!
Mon Petit Avatar

ကလျာ said...

အမြဲတမ်း နည်းပညာတွေတင်ပေးနေတဲ့သူတစ်ယောက်ဆိုတော့
နှမျောတယ်
အဆင်ပြေတဲ့တစ်နေ့ စာတွေဆက်ရေးပါဦးလို့ ပြောချင်ပါတယ်

jasmine(တောင်ကြီး) said...

မြန်မြန်ပြန်ရေးပါမောင်ခွန်ပန်ရေ..
အာလုံးမျော်နေမှာပါ...

Anonymous said...

Pls come again

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။