Window 7 နဲ့ မြန်မာ Font

8:23 AM ---
         ခဏတိုင်းပဲ လာမေးကြတယ်ဗျာ ။ ဒီနည်းကို ကျွန်တော်လည်း လိုက်မွှေတယ် ။ ခေါင်းကိုက်တာပဲ အဖတ်တင်တယ် ။ ဟုတ်တော့ ဟုတ်ပါတယ်ဗျာ ။ Gtalk မှာ မြန်မာဖောက်ရိုက်လိုက်ရင် လေးထောင့်အတုံးပဲ ပေါ်လာတယ်ဆိုပြီးတော့ပေါ့ ။ ဖတ်လို့လည်း မရဘူး ။ Gtalk Setting မှာလည်း ချိန်းပြီးပြီး ။ မရဘူးတဲ့ဗျာ ။  အကြံလည်း ကုန်ပြီးတဲ့ဗျာ ။ လာမေးကြတယ် ။ အနော်လည်း ဘယ်သိမလဲနော့်...
  
          တစ်ညတော့ ဒီအတိုင်းပဲ ပအိုဝ်းသွီးက အကိုက လာမေးပြန်ရော အဲဒါပဲ ။ ကျွန်တော်လည်း မသိကြောင်း :) :)  အဲဒီလိုတော်တာနော် ။ ဒါပေမယ့် တစ်အောင့်လောက်နေတော့ သူကပဲ ရပြီတဲ့ ။ သူများမေးရင် ဖြေလို့ရအောင်တဲ့ဗျာ ။ သူပြောပြပုံက ဒီလိုဒီလို....


           ကျွန်တော်ပြောချင်တာ ပထမဆုံး Gtalk Setting မှာ အရင်ပြောင်းကြည့် ။ ပြောင်းပြီးမှမရရင် ဒီလိုလုပ် ။ Language ဘားမှာ အရင်းပြောင်း ။ ပြောင်းပုံပြောင်းနည်းတွေ ရေးထားတာ အများကြီး တွေ့ရပြီမို့ မရေးတော့ပါဘူး ။

          အဲဒီအကိုပြောတဲ့နည်းက Internetoption ကနေ ပြောင်းတာပါ ။ သူက IE ကနေ ဝင်ပြောင်းတယ်ဆိုလို့ ကျွန်တော်လည်း IE နဲ့ ပြောင်းပြမှာပါ ။ ဘယ်ကနေ ဝင်ဝင် အရေးကြီး Internetoption ထဲရောက်ဖို့ပဲ ။ IE ကို ဖွင့်လိုက်ပါ ။ Tools--> Internet Option ပါ ။
ပြီးရင်တော့ Internet Option box တက်လာမယ် ။ အဲဒီမှာ Font ကို ကြည့်လိုက်ပါ ။

ပြီးရင်တော့ ပေါ်လာတဲ့ Font တွေထဲက အောက်ဆုံးက Zawgyi ကို ရွေးပေးပြီး OK လိုက်ပါ ။
အဆင်ပြေမယ်လို့ ထင်ပါတယ်ဗျာ ။ ခွန်မောင်ပန်

5 comments:

Anonymous said...

ကျွန်တော့စက်လဲ ပထမက IE မှာမြန်မာစာမပေါ်ဘူးဗျ..ဒီနည်းလေးစမ်းကြည့်တော့အဆင်ပြေသွားတယ်..ကျေးဇူးပါဗျာ..........

ကောင်းကင်မင်းသားလေး said...

ကောင်းလိုက်တာဗျာ........
ကျွှန်တော်သူငယ်ချင်းတွေကလည်းမေးနေတာ တအားပဲ...
ကိုယ်မှမသိပဲနော့ ဘယ်လို ပြောပြရမှာလဲ......
အခုတော့ သိပြီး နည်းပညာ မျှပေးလို့ ကျေးဇူးပါ......
အားလုံးကိုပေါ့ ...............
အချစ်ကောင်လေး

rude said...

အဲဒါက ဘယ်မှာလဲ firefox မှာလား.. မမြင်ဘူး ...လုပ်ကျပါဥိး

December Mgmg said...

@rude
ဟုတ်ဘူးလေ IE မှာ ပြောတာ :D

Anonymous said...

ကျေးဇူးပါနော် ခုမှပဲ အဆင်ပြေသွားတော့တယ်

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။