Blogger ရေးသူများ အားလုံးသို့ (Backup a Blogger posts)

5:27 AM ---


        ကျွန်တော်ရဲ့ ဒီဆိုဒ်က ကလိတာလွန်သွားတယ် ထင်ပါရဲ့ ။ ပြင်လိုက်တိုင်းကို မရတော့ဘူး ။ ဥပမာ Recent Post ကို ထည့်တာတို့ဘာတို့တွေ မရတော့ဘူး ။ ပြင်တာတော့ရပြီ ဒါပေမယ့် ပေါ်မလာဘူးလေဗျာ ။ ကျန်တာတွေလည်းရှိပါသေးတယ် ။ မေလ်းထဲပြီးဖတ်ချင်လို့လည်းမရဘူးဗျာ ။ ထည့်လို့လည်း မရဘူး ။ အကြံလည်းကုန်နေပြီဗျာ ။ ဒါကြောင့် နောက်ထပ်ဆိုဒ်သစ်တစ်ခုဖွင့်ဖို့ လုပ်ရပြန်ရော... ဖွင့်တာတော့ ဟုတ်ပြီ ။ ဆိုဒ်ဟောင်းက စာနဲ့ Comment တွေ ဘယ်လိုယူမလဲ ခက်သားနော်... ။ လိုက်ရှာရပြန်ရော... တွေ့ပြီ ။ အဆင်ပြေပြီ ။ ဒဲာဒီမှာ စာရေးသူတွေ (Blogging) ကို သတိရမိတယ် ။ သူတို့သတိရရ မရရ ။ Backup a Blogger posts ပေါ့ဗျာ ။ ဆိုဒ်က စာတွေကို သိမ်းထားတာပေါ့ဗျာ ။ ကျွန်တော်တော့ ဆိုဒ်ဟောင်းကနေ ဆိုဒ်သစ်က စာတွေကို ကူးတောပေါ့ ။ (Comment  အပါအဝင်) ။ အဲလိုလုပ်တာ ။ နည်းလမ်းပေါ့ဗျာ ။ သိပြီးသားတွေပဲ ဖြစ်မှာပါ ။ မသိသေးတဲ့ သူတွေအတွက် အသုံးဝင်ပါတယ်ဗျာ ။ 










         ကျွန်တော်စမ်းတာ အချိန်တော်တော်ကို ကုန်သွားတယ်ဗျ ။ ဒီလိုမျိုးဖြစ်ပုံက


ပထမဆုံး Backup a Blogger posts လိုက်တယ် ။ အိုခေတယ် ။ နောက်ပြီးတော့ ဆိုဒ်အသစ်ဆီကိုပြောင်းတယ် ။ အိုခေတယ် ။ ဟော... ကျန်တာက Comment ကကျန်သွားတာဗျာ ။ တကယ်တော့ မကျန်ဘူးဗျာ ။ မသိလို့လေ ။ ထားပါတော့ ... ကျန်တယ်လို့ပဲ သဘောထားလိုက် ။ အဲဒါနဲ့ နောက် ဆိုဒ်ဟောင်းကို ပြန်ဖွင့်နောက်တစ်ခေါက်ထပ်ပြီး Backup a Blogger posts လုပ်လိုက်တယ် ။ ပြီးတော့ ဆိုဒ်သစ်တစ်ခါပြန်ထည့်တယ် ။ စုံပြီ... စာလည်းစုံပြီ Comment လည်း စုံပြီ ။ ပြသနာလည်းတက်ပြီ... ဘာလို့ဆိုတော့ စာကိုနှစ်ခါတင်မိလိုက်တာလေဗျာ ။ ပုဒ်ပေါင်းသုံးရာရှိတာ ပုဒ်ပေါင်း ခြောက်ရာကျော်ဖြစ်သွားတယ်... လစ်ပြီ ။ Edit Posts ကနေ အကုန်လုံးဖျက်လိုက်တယ် ။ ဆိုဒ်ဟောင်းကို နောက်တစ်ခါBackup a Blogger posts လုပ်ပြန်ရော...ပြီးတော့ အသစ်မှာ ပြန်တင်လိုက်တယ်ပေါ့ ။ Comment မစုံပြန်ဘူး ။ ဒါနဲ့ Comment settings ဝင်ပြီးတော့ မွေလိုက်ရတယ် ။  အဲဒီမှာ Published , Spam ဆိုပြီး နှစ်ခုရှိတယ် ။ Published ကို Member ဝင်ပြီးသား အကြံပေးသူတွေ ။ Spam က မဝင်ပဲ အကြံပေးသူတွေရဲ့ Comment ဆိုပြီး နှစ်ပိုင်းခွဲထားတာ ။ အဲဒါကို Spam က Comment တွေကို Published ဆီကို ပြောင်းတယ် ။ ဒါလောက်ဆိုတော်သင့်ပြီးပေါ့ ဒါပေမယ့် Published ကိုလည်း ( အဲဒီမှာ Comment အကုန်ရောက်နှင့်နေပြီနော် ) Spam လိုက်တာလား ။ ကောင်းကောင်းတော့မမှတ်မိတော့ဘူး ။ Comment က စောစောက Post တွေ နှစ်ခါထပ်သလိုမျိုးဖြစ်သွားပြန်တာဗျာ ။ စဉ်းစားကြည့်နော် တော်တော်လေးကို ခေါင်းစားသွားတာဗျာ ။ အဲဒါကို Post တွေ အကုန်လုံးကို ပြန်ဖျက် ။ ပြီးရင် ဆိုဒ်ဟောင်းကို ပြန်ဖွင့်ပြီး Backup ပြန်လုပ်ပြီး နောက်တစ်ခေါက်ထပ်တင်တော့မှ အားလုံးအဆင်ပြေသွားကြောင်းပါဗျာ ။ ဒါကတော့ ကျွန်တော်ရဲ့ နလပိန်းတုံးမှုရဲ့ အကြောင်းတွေပါဗျာ ။






         ခုရေးချင်တာက Blogger သမားတိုင် လုပ်ထားသင့်တယ်လို့ ယူဆိုလို့ပါ ။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ဘလော့ဂ်က အဟက်ခံရလို့ဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ ။ နောက်ထပ်အသစ်တင်လို့ရအောင် ။ ကိုယ်ရေးပြီးသားစာတွေကိုလည်း နဂိုဆိုဒ်ဟောင်းလိုမျိုးတစ်ခါတည်း ဖြစ်သွားအောင်ပေါ့ ။ ကိုယ့်စာတွေကို ကော်ပီပြီးတော့ ပြန်တင်လို့လည်းရတယ် ။တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုစဥ်းစားကြည့် အချိန်ဘယ်လောက်ကုန်မယ်ဆိုတာကို ။ Comment တွေလည်းရှိတော့မဟုတ်ဘူး ။ ဒါကြောင့် ဒီနည်းလေးက အသင့်လျော်ဆုံးဖြစ်မယ်ထင်လို့ပါဗျာ ။ လုပ်လည်း လုပ်ထားသင့်ပါတယ် ။ ဘယ်လောက်မှလည်းရှိတာ မဟုတ်ဘူးဗျာ ။ Blog ကို Backup (Download ) လုပ်တာ ။ 3,4,MB လောက်ပဲရှိမယ် ။ ဓါတ်ပုံတစ်စာလောက်ပဲရှိမယ်ဗျာ ။ 








ကိုယ့်ဘလော့ဂ်ကို ဖုန်းထဲထည့်လို့လည်းရသားပဲ လုံခြုံတာပေါ့ဗျာ ။ ဒါကြောင့် ဘလောဂ်ရေးသူတိုင်း လုပ်သင့်တယ်လို့ ထင်ပါတယ် ။


( စကားချပ် ။     ။ တစ်ခါ Backup လုပ်ပြီးတိုင်း တစ်ခါသာ ပြန်တင်နိုင်မယ်ဟုထင်ပါတယ် ။ ဘာလို့ဆိုတော့ ကျွန်တော် Backup လုပ်ပြီးသား တစ်ခါ ဆိုဒ်သစ်မှာပြန်တင်ပြီးသား Backup File ကို နောက်တစ်ခါထပ်လို့ မရလို့ပါဗျာ ။ နှစ်ခါစမ်းကြည့်တာ မရဘူးဗျ )














ပြီးရင် ဒေါင်းလုပ်ဖို့ စာမျက်နှာတက်လာမယ် ။ အဲဒီမှာDownlaod Blog ကို နိပ်လိုက်တာနဲ့ ဒေါင်းလုပ် Box တက်လာမယ်ဗျာ ။




အဲဒီမှာ Save File ကို ထည့်ပြီး OK လိုက်ပါ ။




ဒါတော့ Backup တာပြီးပြီဗျာ ။ မိမိသိမ်းလိုတဲ့နေရာမှာ ပြောင်းလိုက်ပေါ့ ။ မိမိရဲ့ ဆိုဒ်သစ်တွေမှာ ထည့်ချင်ရင်တော့ ထည့်ပုံကို တင်ပေးလိုက်ပါတယ်  ။ စောစောက Settings ကို ပြန်ထင်လိုက်ပါဗျာ ။






အဲဒါပြီးရင်တော့ Settings>>>Basic>>>Import ပေါ့ဗျာ ။




ပြီးရင် Import ကို တစ်ချက်နိပ်လိုက်ရုံနဲ့ Backup တဲ့ ဖိုင်ကို ပြန်ထည့်ဖို့ တက်လာမယ်ဗျာ ။


 


ပြီးရင်တော့ ပုံအတိုင်းပဲဗျာ ။ အဲဒီအတိုင်း လုပ်ဆောင်ပြီးလျင် ကျန်တာက သူ့ဖာသာသူ ပြီးသွားပါလိမ့်မယ်ဗျာ ။ ထိုင်စောင့်ရုံသာ မကြာပါဘူးဗျာ ။ ပြီးရင် Comment မစုံရင်တော့ အပေါ်က ပြောတဲ့အတိုင်းပဲ ပြောင်းပေးလိုက်ရုံသာ ။ ခုလောက်ဆို သဘောလောက်ပြီးထင်ပါတယ်ဗျာ ။ နေရာပြောင်းဖို့လည်း ရှိသေးတာမို့ သိပ်စာမရေးဖြစ်ပါဘူး ။ ဟိုမှာလည်း ကွန်ရမရ မသိသေး ။ ရတယ်ဆိုရင်တောင် စာရေးဖို့ထိ ကောင်းမှာ မဟုတ်ဘူး ။ အွန်လိုင်းတက်ဖို့ပဲရမယ်ထင်တယ် ။ ဘာပဲဖြစ်ဖြစ်ဗျာ ။ ရေးနိုင်တော့ ကြိုးစားမှာပါ ။ အဆင်ပြေကြပါစေဗျာ ။  ခွန်မောင်ပန်


1 comments:

Anonymous said...

thanks a million.

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။