ကျွန်တော်က ဟက်ကာတစ်ယောက်မဟုတ်ပါ ။ ဟက်ကာကို လေ့လာနေတာလည်း မဟုတ်ပါ ။ ဒါပေမယ့် ဟက်ကာစိတ်ဝင်စားသူအဖို့တော့ ကောင်းမယ်ထင်ပါတယ် ။ ဒီဟာကို ကျွန်တော်တွေ့တာတော့ သုံးလေးရက်ရှိပါပြီ ။ ဒါပေမယ့် မသိခဲ့ပါဘူး ။ အဲဒါကို ဘယ်လိုသုံးမယ်ဆိုတာ ။ Software လည်း မဟုတ်ပါဘူး ။ Tool လည်း မဟုတ်ပါဘူး ။ Key Logger လည်း မဟုတ်ပါဘူး ။ အဲဒါက ဝက်ဆိုဒ်တစ်ခုပါ ။ မြန်မာပြည်သားတွေထဲမှာ သိပြီးလူရှိရင်လည်း ရှိမှာပါ ။
အဲဒီဝက်ဆိုဒ်က ဘာဝက်ဆိုဒ်မို့လို့လဲ...?????
ပုံကိုကြည့်လိုက်ပါ ။
နားလည်မယ် ထင်ပါတယ်ဗျာ ။ ကျွန်တော်က ဘယ်လိုစမ်းခဲ့လဲဆိုတော့ မြန်မာနင်းဆိုဒ်တစ်ဆိုဒ်ကို ဝင်ခဲ့ပါတယ် ။ ဟောပြောပွဲ အသံဖိုင်တွေပါဗျာ ။ အဲဒီဝက်ဆိုဒ်နဲ့ သုံးလိုက်တာ ။ အောက်က ပုံတွေ တက်လာတယ် ။ မယုံမှာ စိုးလို့ နာမည်ကို မဖျက်ပဲ ထားတာပါ ။ နင်းဆိုဒ်နာမည်တော့ မပြောတော့ပါဘူး ။
နာမည်တွေနဲ့ စကားဝှက်တွေကို အဓိကကျတဲ့ နေရာတွေမှာ ဖျက်ပေးလိုက်ပါတယ် ။ တစ်ခုကို ကျွန်တော် ဟုတ်လား မဟုတ်လား စမ်းဝင်ကြည့်ပါတယ် ။ တကယ်ရပါတယ် ။ တစ်ခါတည်းပြန်ထွက်ပါတယ် ။
ကျွန်တော်ကျိန်ဆိုဝံ့ပါသည် ။ မည့်သည့်အကောင့် နာမည် နှင့် စကားဝှက်ကို မခိုးယူထားရကြောင်းပါ ။
အဲဒီလိုဆိုဒ်မျိုးရှိနေသည်ကို အားလုံးသိအောင် ရေးသားတင်ပြရပါသည် ။
အားလုံးကိုလေးစားတဲ့ ခွန်မောင်ပန်
Subscribe to:
Post Comments (Atom)
8 comments:
ရောက်ခဲ့တယ် ဒီသတင်းက ကြားဖူးနေတယ်။ခုမှပဲသိရတော့တယ်။
လေးစားတယ်ဗျာ
တစ်ချို့ဆို ဟက်ကာလိုလိုဘာလိုလိုနဲ့ ဒါတွေကြောင့်ပဲထင်ပါတယ်။
ဆက်လက်လေ့လာမျှဝေပေးနိုင်ပါစေဗျာ
ခင်မင်စွာဖြင့်
ရဲရဲသာဆက်လုပ်ပါ အားပေးနေမယ်
လေးစားပါတယ်အကိုရေ
စည်းကမ်း မရှီတဲ့ လူမျိုးတွေ အဲလို နည်းပညာတွေ မရ
ပါစေနဲ့လို့ စုတောင်း ပေးလိုက်ပါတယ်ဗျာ
I found out that website... anyway, I will use it only for educational purposes... thank u so much my little bro for sharing...
အကို ဆိုဒ်နံမယ်မှ မသိတာဗျာ ဘယ်လိုရှောင်လို့ရမှာလဲ
ဟုတ်တယ် ကို ခွန်မောင်ပန် ရေ
ကျွှန်တော်တို့ကို ဆိုက် နာမည်ကို တော့ ပြောပြထားလေ ဒါမှ ကျွှန်တော်တို့က ရှောင်လို့ ရမှာပေါ့
ကျေးဇူးတင်ပါတယ်အခုလိုပြောပြပေးတာကို
သိရတာ ၀မ်းသာပါတယ်...ကျေးဇူးလည်း တင်ပါတယ်....အားပေးနေပါ့မယ်။
Post a Comment
သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။