Window မှာ ရှာချင်တာ လွယ်လွယ် ရှာရအောင်

6:37 AM ---

ကဲ စာဖတ်သူတို့ရေ ခေါင်းစဉ်အတိုင်းပါပဲ ။ ဝင်ဒိုးမှာ ရှာချင်တာ ရှာလို့ရအောင်ပေါ့ဗျာ ။ ဟုတ်ပါတယ် ။

Controlpeanl ထဲ သွားပြီးတော့ ရှာရတာ ပင်းပန်းလှပါတယ် ။ ဒါကြောင့် ဝင်းဒိုးမှာ ပါလာသမျှ အကုန်လုံးတွေကို နာမည်အစဉ်လိုက်နဲ့ စုစုစည်းစည်းလေးထားပြီးတော့ ရှာလိုက်ရင် မကောင်းဘူးလား ။

ကောင်းတယ်ဆိုရင်တော့ လုပ်ကြည့်ပေါ့ဗျာ ။ လွယ်လွန်းတော့ အသုံးမဝင်ဘူးလို့တော့ မထင်လိုက်ပါနဲ့ဗျာ ။

 Desktop မှာ New folder တစ်ခု လုပ်ပြီးတော့ နာမည် ပြောင်းပေးရမယ် ။ ပြောင်းရမယ့်နာမည်တော့ copy ပြီးတော့ ထည့်လိုက်ပါဗျာ ။ Mode.{ED7BA470-8E54-465E-825C-99712043E01C}။ တစ်ခုပြောပါရစေ... ကော်ပီထားတာလေးကို ထည့်ပြီးတာနဲ့ Enter တစ်ချက် ရိုက်လိုက်ရုံပါပဲ











။ File က controlpaenl ပုံစံလိုမျိုး ပြောင်းသွားပါလိမ့်မယ်။



ကဲ ဟုတ်ပြီ ။ ခု အဲဒါလေးကို ဖွင့်ကြည့်လိုက်ပါ ။ Window တွေ နာမည် အစဉ်လိုက် တန်းစီနေပါလိမ့်မယ် ..



အဲလို ဆိုရင် ကိုယ်ဘာရှာချင်တယ် နာမည်လေးကို သိရုံနဲ့ အလွယ်တကူရှာနိုင်မှာ ။  အဆင်ပြေပါစေ ။ ခွန်မောင်ပန်





0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။