NSIS errors ဖြေရှင်းနည်း

7:35 PM ---

Cbox မှာ ဒီအကြောင်းကို ရေးပေးဖို့ ပြောနေတာကို တွေ့လို့ တင်ဖြစ်လိုက်တာ ။ ဒီ NSIS errors က ဆောပ်ဝဲလ်တစ်ခုခုကို Install လုပ်ရင် တစ်ခါတစ်လေ တွေ့ရတတ်သော errors လေးပါ ။ ဖြေရှင်းနည်းကတော့ လွယ်လွယ်လေးပါ ။





ပထမဆုံး Run box ကို ဖွင့်လိုက်ပါ ။ Window + R ကို တွဲနိပ်လိုက်ပါ ။



ပြီးရင် CMD ရိုက်ထည့်ပြီး Enter လိုက်ပါ ။



ပြီးရင် Install လုပ်ရင် error ဖြစ်နေတဲ့ ဆောပ်ဝဲလ်ကို cmd box ထဲကို ဆွဲထည့်လိုက်ပါ ။ နားလည်ပါတယ်နော် ။ ဆွဲထည့်တယ်ဆိုတာ....ဆောပ်ဝဲလ်ရဲ့ exe file ကို အသေနိပ်ထားပြီး cmd box ထဲကို ဆွဲပြီး ထည့်လိုက်ရုံတင်...နမူနာကို ကြည့်ပါ ။ ဆွဲပြီးထည့်ပြီးနောက် ပေါ်လာတဲ့ စာသားကို ကြည့်လိုက်ပါ ။



နောက်က စာသားဖြစ်တဲ့ /NCRU. ကမပါဘူးနော်...အဲဒါကို ရိုက်ထည့်ပြီးတော့ Enter လိုက်ရင် ပုံမှန် Install လုပ်သလိုပဲ Install box တက်လာလိမ့်မယ်....ကျန်တာ ဆက်လုပ်လိုက်ပေါ့ ။





အဆင်ပြေပါစေဗျာ

ခွန်မောင်ပန်

1 comments:

Win Latt Htwe said...

ဒီအတိုင်းလေး ကျွန်တော်စမ်းတာမရဘူးခင်ဗျာ။ ကူညီပေးပါဦး။ အခက်တွေ့နေ့လို့ပါ။ software install မရဘူး။

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။