Google မှာ Facebook ထားပြီး သုံးမယ်

1:58 AM ---


       ဒီနည်းလေးကို ကျွန်တော် သိတာတော့ နည်းနည်းကြာပြီ ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ကောင်းကောင်း သုံးလို့မရပါဘူး ။ ဘာလို့ဆိုတော့ ကျွန်တော့ရဲ့ Firefox က ကလိထားတာများတော့ ဘာဖြစ်နေမှန်းကို အဖြေရှာလို့ မရသေးလို့ပါ :D

    Facebook သုံးတဲ့ မြန်မာပြည်သားတွေလည်း မနည်းဘူးလေ အဲဒါကြောင့် သိအောင်လို့ ဒီနည်းလေးကို တင်ဖြစ်လိုက်တာပါ ။ အသုံးဝင်မှာတော့ သေချာပါတယ် ။ စမ်းသုံးကြည့်လိုက်ပါဗျာ ။ ဒါက Add-On တစ်ခုပါပဲ ။ Add-On တွေများလွန်းရင်လည်း Firefox ကလေးတာပေါ့ဗျာ ။ ဒါကြောင့် သိပ်အသုံးမဝင်တဲ့ Add-On ကို ဖြုတ်စေလိုပါတယ် ။



  လုပ်ချင်ပါတယ်ဆိုရင်တော့ ဒီနေရာလေးကို သွားလိုက်ပါဗျာ ။ ကျွန်တော်လုပ်ထားပေမယ့် ကောင်းကောင်း မသုံးရလို့ အကျိုးတရားလေးတွေကို ကောင်းကောင်း မပြောတတ်ဘူး  ။ ဒါပေမယ့် ပုံကိုကြည့်တော့ Facebook တမ်းတမက်သူတွေအတွက် အသုံးဝင်မှန်းသိသာပါတယ် ။ တွေသမျှ သဘောကျတာလေးကို မိမိရဲ့ Facebook Profile ကို တန်းပြီးတော့ Share နိုင်တဲ့အကြောင်းမို့ပါ ။ ကျန်တဲ့ အချက်လေးတွေလည်း ရှိပါတယ် ။ ဒီနေရာလေးကို သွားကြည့်လိုက်ပါဗျာ ။



Get Google+Facebook>> ကို နိပ်လိုက်တာနဲ့ IE,Firefox,Chrome နဲ့ သုံးနိုင်ပါတယ်ဗျာ ။

ပြီးတော့ အဲဒီမှာ အသုံးပြုပုံကို Video နဲ့လည်း ပြထားပါတယ် ။



သွားရောက်ပြီးတော့ အသုံးပြုကြည့်ပါ ။ အသုံးမဝင်ရင်လည်း အလွယ်တကူ ပြန်လည်ဖြုတ်နိုင်ကြောင်းပါဗျာ






ဒီနေရာကနေ ပြောချင်တာ တစ်ခုက ကျွန်တော်ရဲ့ တစ်ချို့ပိုစ့်တွေမှာ လင့်ခ်တွေ အလုပ်မလုပ်တာပါတယ် ။ ဒါလည်း ကျွန်တော် ကြိုးစားကြည့်ပါတယ် ။ ဒါပေမယ့် မရတော့လို့ပါ ။ ခြေရာခံပြီးတော့ ဆက်လုပ်လို့ရပါတယ် ။ ဆိုလိုတာက....Chatroom ကို ထားတာ ဆိုပါတော့ ဒါကလည်း ဝက်ဆိုဒ်နာမည် ပါနေတာပဲဗျာ ။ အဲဒါကို လင်ခ့်က အလုပ်မလုပ်ဘူးဆိုရင် မူရင်းဆိုဒ်ကို သွားရောက်လေ့လာရင် ရနိုင်ပါတယ်ခင်ဗျာ ။ တစ်ချို့က မရဘဲ့နဲ့ မရေးပါနဲ့တဲ့ဗျာ ။ ရလို့ပါဗျာ... ဒါကြောင့် ရေးတာ ။ Chatroom ကို ကျွန်တော့် ဆိုဒ်မှာ တောင် ခဏတင်ဖြစ်ပါသေးတယ် ။ စကားများသွားပြန်ပြီ ။

                  အဆင်ပြေကြပါစေဗျာ  ခွန်မောင်ပန်


0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။