Gmail ကနေ Ebook ကို တစ်မိနစ်တည်းစောင်ပြီး လုပ်ကြည့်မယ်

12:19 AM ---

ဒီနည်းလေးက တော်တော်မိုက်တယ်ဗျာ ။ ခက်တာက မြန်မာစာက မရဘူးဖြစ်နေတာ ။ ရအောင်ပြောင်းတတ်တဲ့လူတော့ ကျွန်တော်ကို ပြန်ပြောပြရမယ်နော် ။မြန်မာဆိုဒ်တွေမှာ ဒီနည်းလေးကို မတွေ့ရသေးလို့ တင်ဖြစ်လိုက်တာပါ ။ လွယ်လွယ်လေးပါပဲဗျ ။ သူငယ်ချင်းတစ်ယောက်ဆီကို စာပို့သလိုမျိုးပဲပို့ပြီးတစ်မိနစ်လောက်စောင့်လိုက်ရုံပါပဲဗျာ ။ ကဲ စိတ်ဝင်စားတယ် ဆိုရင်တော့ လုပ်လိုက်ပေါ့ဗျာ ။ ကဲ...စမယ်

    ပထမဆုံးကို Gmail ကိုသွားပြီး Compose mail ကို တစ်ချက်လိုက်ပါ ။

အဲဒီမှာ submit@web2pdfconvert.com လိပ်စာတပ်ပြီးထည့်ပါ ။ ပြီးရင် စာတွေကို ထည့်တဲ့နေရာမှာ မိမိပြောင်းချင်တဲ့ ဝက်ဆိုဒ်စာမျက်နှာရဲ့ လိပ်စာ(URL) ကို ကော်ပီပြီး ထည့်ပေးလိုက်ပါ ။ပြီးရင်တော့ ပို့လိုက်ပေါ့ ။









တစ်မိနစ်လောက်နေပြီးရင်တော့ ဝက်ဆိုဒ်က သင်လုပ်ထားတဲ့ Web Page Ebook (PDF) file ကို ပို့လာပေးလိမ့်မယ်.......





အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ အားလုံးကို ပြောချင်သေးတာက ကျွန်တော်စာတွေကို ကော်ပီရင် ကျွန်တော့်နာမည်နဲ့ ဆိုဒ်ကို ထည့်ပေးဖို့ လေးစားစွာ တောင်းဆိုပါတယ် ။ အဆင်မပြေရင်လည်း ဘာမှမဖြစ်ပါဘူးဗျာ ။ အားလုံးကို လေးစားတဲ့ ခွန်မောင်ပန်



0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။