Facebook မှာ Mp3 သီချင်းတင်ကြမယ်

7:31 PM ---

       ကျွန်တော်လည်း Facebook User တစ်ယောက်ပဲဗျ :)  သုံးတာလည်း ကြာတော့ကြာပါပြီ ။ အကောင့်တစ်ခုကို ကလိရင်းနဲ့ ဘယ်လိုဖြစ်သွားမှန်း မသိဘူး ။ အလွမ်းအိမ် ဖြစ်သွားတာဗျ ။ ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ အဆုံး နောက်တစ်ခုထပ်ဖွင့်ပြန်ရော... ကြေညာတာ ခဏရပ် ။

       စာရေးမရေးဖြစ်တာနဲ့ စာရေးဖို့ စဉ်းစားလိုက်တော့ Facebook မှာ Mp3 သီချင်းတင်တဲ့နည်းကို ရေးကောင်းမယ်လို့ အကြံပေါ်တာနဲ့ရေးဖြစ်လိုက်ပါတယ်ဗျာ ။  ဟုတ်တော့ ဟုတ်ပါတယ် ။ မြန်မာပြည်သားတွေက ဖေ့ဘုတ်ပေါ်မှာပဲလို့ ပြောကြတယ် ။ ဟုတ်လောက်မယ် .. ကျွန်တော့်ဘလော့တောင် မျက်စိလည်လို့ ရောက်လာကြတာ ။ ဖေ့ဘုတ်မှ ဖေ့ဘုတ်ဖြစ်နေကြတာ ။





        ပြောနေတာ ကြာပါတယ်ဗျာ ။ ကိုယ့်စာမျက်နှာမှာ သီချင်းတင်ချင်တယ်ဆိုရင် ဒီဆိုဒ်ကို သွားပြီးရင် အဲဒီမှာ အကောင့်လုပ်လိုက် ။ အကောင့်လုပ်တာ ထမင်းစားရေသောက်လောက်တောင် မခက်ဘူး ။

ပြီးရင် အဲဒီမှာ File>>>Select a file on your computer ကို အစဉ်သွားလိုက် ။ ပြီးရင် သီချင်းရွေးဖို့ Boxတစ်ခုတက်လာမယ်..... ပုံကြည့်လိုက်ပါဦး




တက်လာတဲ့ Box မှာ ကြိုက်တဲ့ သီချင်းကို ရွေးပေးလိုက် ...




ပြီးရင် ခဏစောင့်လိုက် ခဏဆိုတာ.. သုံးမိနစ်လောက်တော့ ရှိမယ်... ပြီးရင်တော့ သီချင်းတစ်ပုဒ်ရောက်နေတာကို မြင်တွေ့ရပါလိမ့်မယ်......အဲဒီမှာ သံစဉ်သင်္ကေတ ကို နိပ်လိုက် ။




ဒီလိုတက်လာမယ်... View ကို နိပ်လညိး ရတယ် ။ အောက်က စာသားကိုလည်း နိပ်လို့ရတယ် ။ အောက်က စာသားကို နိပ်လိုက်ရင် ဒေါင်းလုပ်ဖို့ တက်လာမယ် ။ အဲဒီမှာ URL ကို ကော်ပီထားလိုက် ။ ပြီးရင် မိမိတို့ရဲ့ စာမျက်နှာကို သွားလိုက်....




မိမိတို့ရဲ့ စာမျက်နှာကို ရောက်ပြီးရင်တော့ Link ကို နိပ်လိုက် ။ စောနက ကူးထားတာကို ပြန်ထည့်ပေးလိုက် ပြီးရင် Attach လိုက် ။


 


ပြီးရင်တော့ သီချင်းတစ်ပုဒ်ရောက်နေပါလိမ့်မယ်.. သင့်ရဲ့ စာမျက်နှာမှာ ....







ကျွန်တော်တောင် သီချင်းတင်ထားသေးတယ် ။ နားထောင်ချင်တယ်ဆိုရင် လာနားထောင်လှည့် ။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။



0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။