ကွန်ပျူတာ ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ ? သိပြီလား

7:14 AM ---

       ကျွန်တော်တို့တွေ ကွန်ပျူတာ သုံးနေတယ်ဗျာ ။ တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တယ် ။ ငါထိုင်နေတာ ဘယ်လောက်ကြာပြီလဲ ။ ထပြီးတော့ လမ်းလျောက်သင့်ပြီလားလို့ပေါ့ ။ နာရီကို Alarm ပေးထား မလိုပါဘူး ။ ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ မှာပဲ ကြည့်ကြရအောင်ဗျာ ။ လွယ်လွယ်လေးပါ ။ သိပြီးသားဆိုရင်လည်း.... ခွန်မောင်ပန်က ခုမှ သိတယ် တော်တော် သနားစရာကောင်းတာပဲလို့ တွေးလိုက်ပေါ့ဗျာ ။ သိပြီးသား.... ဆိုတဲ့ စကားထက် ပိုကောင်းမယ့် စာသားထင်လို့ပါ ။









  မသိသေးတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြလိုက်မယ်နော်....

ပထမတစ်နည်းက Task manager ကို ခေါ်ပြီးတော့ ကြည့်တာပါ ။ ပထမဆုံး Ctrl + Shift + Esc Or Ctrl + Shift + Del ကို ခေါ်လိုက်ပါ ။ ပြီးရင်တော့  Performance က Up time ကို ကြည့်လိုက်ပါဗျာ ။ မိမိသုံးနေတဲ့ အချိန်က အချိန်နဲ့အမျှ မှတ်သားနေတာပါ ။ ဒါက Window 7 အတွက်ပါ ။






Window XP သမားတွေအတွက်တော့  Run box ကနေ ကြည့်တာပါ ။ကျွန်တော့် XP မဟုတ်တဲ့ အတွက် ရေးတဲ့အတိုင်းရေး ဆက်ရေးတာပါဗျာ ။

Run box  မှာ systeminfo လို့ ရိုက်ပြီးတော့ Enter လိုက် ခဏစောင့်ပေးလိုက်ဗျာ ...


 




ခဏလေးစောင့်ပေးပြီးရင်တော့ အချက်အလက်တွေ တက်လာပါလိမ့်မယ်ဗျာ... အဲဒီမှာ System up time ကို ကြည့်ကြည့်လိုက်ပါဗျာ ။ ဒါက နေ့တောင် အဆစ်ပါသေးတယ်ဗျာ ။








အပုံကို ကြည့်တာ သေးနေတယ်ဆိုရင် ပုံကို new tag နဲ့ ဖွင့်လိုက်ပါဗျာ ။

             အားလုံး အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်

1 comments:

Anonymous said...

အကိုရေကျွန်တော်ကအခုမှဝင်လာလည်တဲ အကို..အကို့ ပညာကိုတော့ လေးစားတယ်ဗျာ..ဒီလောက်သုံးနေဒါဘယ်လိုကြည့်ရမလဲဆိုဒါအကိုပြောမှပဲသိတော့ တယ်ဗျာ..တခြားမသိတဲ့ ဟာတွေပါ..၀င်ယူသွားတယ်နော်အကို..အော်ဒါနဲ့ အကိုပို့ ကိုဖျက်တော့ မယ်လို့ ရေးထားဒါတွေ့ တယ်ဗျ..စိတ်မကောင်းဘူးဗျာ.အခုမှသိလို့ ဝင်လာသတင်းဆိုးကြီးကဆီးကြိုနေသလိုပဲ..မဖြစ်ပါစေနဲ့ လို့ ဘဲဆိုတောင်းပေးပါတယ်နော်..နောက်လဲအမြဲတမ်းအားပေးလျှက်ပါအကိုအကူညီလိုရင်ပေးအုံးနော်...

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။