နည်းပညာအချို့

9:15 AM ---




ကွန်ပျူတာ မြန်ဆန်စေချင်


ကွန်ပျူတာ သုံးစွဲရာတွင် ပိုမိုမြန်ဆန်စေရန် အတွက် အောက်ပါ နည်းလမ်း နှစ်ခုကို လုပ်ဆောင်ပါ။

အတိုင်းအတာ တစ်ခုအထိ မြန်ဆန်လာမှာ ဖြစ်ပါတယ်။

နည်းလမ်း(၁)

၁) Start မှ Run ကို ဖွင့်ပါ။

၂) regedit ကို ရိုက်ဖွင့်ပါ။ ပွင့်လာပါက HKEY_CURRENT_USER > Control > Desktop ကို Select

မှတ်ပါ။ ညာဘက်တွင် MenuShowDelay ကို Select မှတ်ပြီး Double Click လုပ်ပါ။ Value data တွင် 0

ပေးလိုက်ပါ။

နည်းလမ်း(၂)

၁) Start မှ Run ကို ဖွင့်ပါ။

၂) system.ini ကို ရိုက်ဖွင့်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။



၃) အောက်ဆုံးတွင် ယခု page buffer=100000kbps load=100000kbps Download=100000kbps

save=100000kbps back=100000kb စာသားကို Copy ကူးထည့်လိုက်ပါ။

၎) ပြီးလျှင် Save လုပ်ပြီး စက်ကို Restart လုပ်လိုက်ပါ။ စက်ပိုမို မြန်ဆန်လာမည်ကို သိရှိလာပါလိမ့်မယ်။



Shutdown ပိတ်ရာတွင် မြန်စေချင်


Computer Shutdown ပိတ်ရာတွင် ပိုမို မြန်ဆန်စေရန် အတွက် နည်းလမ်းကိုသုံးကြည့်ပါ။

၁) Start မှ Run ကို ဖွင့်ပါ။

၂) regedit ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။

၃) HKEY_CURRENT_USER မှ Control Panel ကို သွားပါ။

၎) Desktop ကို Select မှတ်ပါ။ ညာဘက်တွင် HungAppTimeout ကို ရှာပြီး Double Click လုပ်ပါ။

၅) Valu Data တွင် 1000 ရိုက်ထည့်ပါ။

၆) ပြီးလျှင် WaitToKillAppTimeout ကိုလဲ အပေါ်နည်းအတိုင်း 1000 ရိုက်ထည့်ပါ။

မြန်ဆန်လာပါလိမ့်မယ်။ ကွန်ပျူတာ သုံးစွဲသူတိုင်း ပျော်ရွှင်ကြပါစေ။



Download လုပ်ရာတွင် မြန်စေချင်


အင်တာနက်မှ မိမိတို့ အလိုရှိရာကို ဒေါင်းလုပ် လုပ်ယူရာတွင် နှေးကွေးသည့် ပြဿနာဟာ တော်တော်ကို

ဆိုးပါတယ်။ မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင်က ခပ်နှေးနှေး၊ ဒေါင်းလုပ် ယူရာတွင် ခပ်နှေးနှေး ဖြစ်နေရင်တော့

မိုးသာ လင်းသွားမည် ဖိုင်တစ်ခု ရဖို့ မလွယ်ကူလှပါ။ ဒီတော့ တစ်ဖက်ကလဲ ဒေါင်းလုပ် လုပ်ရာတွင်

မြန်ဆန်ဖို့ အောက်က နည်းလမ်းလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိ

မြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
၁) Start မှ Run ကို ဖွင့်ပါ။

၂) gpedit.msc ကို ရိုက်ဖွင့်ပါ။ Group Policy

Editor ပေါ်လာပါက Computer Configuration
ကို ရွေးပါ။

၃) ပြီးလျှင် Administration Templates မှ
Network မှတစ်ဆင့် Qos Packet Scheduler ကို
Select မှတ်ပါ။

၎) ညာဘက်တွင် Limit reservable bandwith ကို
Double Clicke လုပ်ပါ။ Box ပေါ်လာလျှင် Enable
လုပ်ပါ။



၅) bandwith limit ကို 0 ပြောင်းလိုက်ပါ။
အိုကေပါ။

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။