File တွေကို ပိတ်ထားမယ်

11:18 PM ---
ကဲ ခု ကျွန်တော် ရှာဖွေတွေ့ ရှိထားတဲ့ ဖိုင့် ပိတ်တာလေးပါ ။ လွယ်လွယ်လေးပါ ။ ကိုယ့်ဖိုင်ကို သူများ ဖွင့်လို့မရအောင်ပေါ့ ။( သူများဆိုတာ ဒီနည်းကို မသိသေးသော သူများကို ဆိုလိုခြင်းသာ ။) လွယ်လွယ်လေးပါ ။ ပျော်စရာလည်းကောင်းပါတယ် ။ မသိသေးတဲ့ လူကို လည်း ....။ ကဲ စကြရအောင် ။

ပထမဆုံး ဘယ်နားမှာ ပိတ်မယ်ဆိုတာကို ရွေးမယ် ။ ကျွန်တော်တော့ Desktop ကို ရွေးပါတယ် ။ ပြီးရင်




New Folder ကို တစ်ခုရွေးပါ ။ ပြီးရင် safe ဆိုပြီး နာမည် ပြောင်းပေးလိုက်ပါ ။







 ကဲ...နောက်တစ်ဆင့်  Run box မှာ notepad လို့ ရိုက်ပြီး အိုခေ လိုက်ပါ ။











 အဲဒီထဲမှာ ဒီစာသားတွေကို ထည့်ပေးလိုက်ပါ ။ ဒါနဲ့ တစ်ခုပြောထားရဦးမယ် ။ခု ကျွန်တော်ေ၇းနေတာက ဝင်းဒိုး7 အတွက် ပါ ။ အဲဒါကြောင့် XP သမားတွေလည်း စမ်းနိုင်ပါတယ် ။ ကဲ ပြန်စရအောင် ......

ဒါလေးကို ကူးပြီး ထည့်လိုက်ပါ။      

            ren safe safe.{2559a1f2-21d7-11d4-bdaf-00c04f60b9f0}



        (XP တွေအတွက်တော့ ဒါကို ကူးပြီးထည့်လိုက်ပါ ။ ren safe safe.{FEF10DED-355E-4e06-9381-9B24D7F7CC88})        ပြီးရင် သိမ်းမယ် ......သိမ်းတာက Filename က နောက်မှာ .bat ပါရင်ပြီးတာပဲ။









ကဲ Desktop ပေါ်ကို သွားကြည့်ရအောင်.....အဲဒီမှာ Lock Folder ရောက်နေပါပြီ ။ အဲဒါကို နိပ်လိုက်ရင် ။ ပထမဆုံး ယူထားတဲ့  New Folder (safe)ကို ပိတ်သွားပါလိမ့်မယ် ။ သော့ပုံပြောင်းသွားလေပြီ ။ ဖွင့်လို့မရတော့ပါဘူး ။





ကဲ ပိတ်ပြီးပြီဆိုတော့ ပြန်ဖွင့်ဖို့ လိုဦးမယ် ။ ပြန်ဖွင့်ချင်တယ်ဆိုရင်တော့ စောနက Lock file ကို delete လိုက်ပါ ။ ပြီးရင် ....Run Box>>>>    Notepad>>>> ထဲမှာ ဒါလေးကို ပြန်ကူးထည့်လိုက်ပါ ။

 ren safe.{2559a1f2-21d7-11d4-bdaf-00c04f60b9f0} safe

ဒါက Window 7 အတွက်ပါ ။ တစ်ခုထူးခြားမှုကို ပြောပြပါရစေ .... Lock တုန်းက ren safe safe. လို့ ရှိတာကို ခု Unlock က ren safe လို့ပဲရှိပြီးတော့ safe နောက်တစ်ခုက နောက်ဆုံးဆုံးကို ရောက်သွားတာပါ ။ ဒါလောက်ဆို

XP အတွက်လည်း သဘောပေါက်လောက်ပြီဖြစ်ပါတယ် ။ သိမ်းတာလည်း စောစောနဲ့ တူတူပါပဲ ။ ပြီးရင်

Desktop ကို ပြန်သွားလိုက်ပါ ။ Unlock file ကို နိပ်လိုက်တာနဲ့ safe ကို ဖွင့်နေပါပြီ ။





အားလုံးအဆင်ပြေကြပါစေ ။ ခွန်မောင်ပန်

  

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။