ဘယ်Disk ကိုမကြည့်စေချင်လဲ?

6:15 AM ---
    ကျွန်တော်တို့ ကွန်ပျူတာကို သူများ လိုက်ကြည့်တာကို လိုလားမှာ မဟုတ်ပါဘူး ။ ဟုတ်ပါတယ် ။ တော်ကြာနေ.. အွန်လိုင်းပေါ်ရောက်ရင်ကောနော်....။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ ပိတ်ထားလို့ရပါတယ် ။ ဒီဆောပ်ဝဲလ်က ဘယ်လောက်မှလည်း မရှိဘူး သုံးရတာလည်း လွယ်ပါတယ် ။ပြောနေတာ ကြာပါတယ် ။လိုအပ်မယ် လိုချင်တယ် ဆိုရင်တော့ ဒေါင်းသွားလိုက်ပါဗျာ ။



       ကဲသုံးပုံကတော့ နည်းနည်းပြောရင် သဘောပေါက်လောက်ပါပြီ ။ အပေါ်မှာ ကိုယ်က ပိတ်ချင်တဲ့ Disk ကို ရွေးလိုက်ပါ ။ အဓိကတော့ C/D ပါပဲဗျာ ။ ပိတ်ချင်တယ် ဆိုရင် အစက်ကလေး ဖြည့်ပေးလိုက်ပါ ။Restart ချဖို့တော့ လိုမယ်ဗျ ။ နောက်နည်းတွေလည်း ရှိပါသေးတယ် ...အဲဒါလုပ်ပြီးမှ သူက ပိတ်ပေးတာ ။  ပစ်စ်ဝေါ့တော့ မမေ့စေနဲ့နော် ။ ကျွန်တော် ဒါကို  စမ်းတုန်း မေ့သွားလို့ တိုင်ပတ်သွားပါသေးတယ် ။

ဒါလောက်ဆိုရင် သုံးလို့တတ်လောက်ပါပြီ ။ အဆင်ပြေကြပါစေ ။

                                                             ခွန်မောင်ပန်

                                                              ဒေါင်းလုပ်ရန်

5 comments:

အေသင်း said...

အဲဒါ လုပ်ပြီးသွားပြီ ကိုယ်က ပြန်ကြည့်ချင်တော့ ဘယ်လိုဖွင့်ရမှာလဲ မသိတော့ဘူး ကူညီပါဦးနော်

အေသင်း said...

ပြသနာပဲ ဖွင့်မရလို့ uninstall လုပ်လိုက်တာလည်း hidden လုပ်ပြီးသား file ပြန်ပေါမလာတော့ဘူး မြန်မြန်ကူညီပါနော်

December Mgmg said...

ဟုတ်ကဲ့ပါ ။ NoDrives ကို ဖွင့်ပြီးတော့ ပိတ်ထားတဲ့ C ကို အစက်ပြန်ဖြုတ်ပေးလိုက်ပြီးတော့ Restart ချပေးလိုက်ပါ ။ အဆင်ပြေပါလိမ့်မယ် ။

အေသင်း said...

ဟုတ် အဆင်ကတော့ ပြေသွားပါပြီ ကျေးဇူးပါ ဒါပေမယ့် သုံးတိုင်း အဲလို ဖြုတ်လိုက်တတ်လိုက်လုပ်နေရမှာလား
Hidden လုပ်ထားပြီး ကိုယ်ကြည့်ချင်တဲ့အချိန် PWလေးပဲထည့်ပြီးသုံးလို့ရအောင် ပြောပြပေးပါလားရှင်
by the way, အလွမ်းအိမ် site ကိုအရမ်းကြိုက်ပါတယ် ကြိုးစားနော်
အားပေးနေပါတယ်

December Mgmg said...

ဟုတ်ကဲ့ပါ ။ အဲလိုပဲဖြုတ်လိုက်တပ်လိုက်ပဲ ။ သုံးနည်းနောက်တစ်နည်းထပ်ပြောပြပေးမယ်.....မကြည့်စေချင်တတဲ့ Disk ကို အစက်ဖြည့် save ပေါ့ ။ ပြီးရင် Task manager ကို ခေါ်ပြီးတော့ processes က explorer ကို Right clenk နဲ့ တစ်ချက်နိပ်ပြီးတော့ End process ကို အိုခေပေးလိုက်ပြီးတော့ အဲဒီ Task manager မှာပဲ File menu က New task (Run) ကို ရွေးပါ ။ ပြီးရင် အဲဒီဘောက်လေး ထဲမှာ explorer.exe ကို ထည့်ပြီး Enter လိုက်ပါ ။ သုံးရတာ လွယ်ကူသက်သာပါလိမ့်မယ် ။ ။
အဆင်မပြေရင် အကူညီတောင်းပါပန် ။ ။

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။