ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော်တို့ဟာ နည်းပညာ
လက်ဝေခံအဆင့်တောင်မှမရောက်သေး ပါဘူး။ ကုမ္ပဏီကြီးတစ်ခုကနေ နည်းပညာကို
လိုင်စင်ချပေးလို့အဲဒီနည်းပညာအတိုင်းကုန် တံဆိပ်ကို သုံးစွဲပြီး
ရောင်းဝယ်ဖောက်ကားနိုင်တဲ့ အဆင့်ဟာ နည်းပညာ လက်ဝေခံအဆင့်ဖြစ်ပါတယ်။
ယခုထင်ပေါ် ကျော်ကြားနေတဲ့ အာရှကျားတွေရဲ့ ရေသောက်မြစ်ကို
လေ့လာလိုက်မယ်ဆိုရင် အဲဒီလို မျိုးပဲတွေ့ရပါလိမ့်မယ်။
အဲဒါကြောင့်လည်း ကျွန်တော်တို့ဟာ မြန်မာ website တွေကိုတကူးတက ဝင်ရောက်
မလေ့လာ ဖြစ်တာကိုဝန်ခံချင်ပါတယ်။ ဒါပေမယ့် အခုနေအခါမှာတော့ လေ့လာရုံတင်မကဘဲ
အတုယူရမယ့် မြန်မာ web စာမျက်နှာတွေ အများအပြား ပေါ်ထွက်လာခဲ့တာ
အံ့သြဝမ်းသာ လွန်းစွာ တွေ့ခဲ့ရပါတယ်။
ဘယ်သူကမှတခုတ်တရ မလေ့လာချင်တဲ့ မြန်မာ websiteတွေရဲ့အဓိက အားနည်းချက်ကတော့
active မဖြစ်တာပါပဲ။ ဆိုပါဆို့။ မင်းသမီးတစ်ယောက် website တင်မယ် ဆိုပြီး
တင်လိုက်ပါလေရော၊ ပြီးတော့ သူကလည်း ဟိုရိုက်ကွင်းသွား ဒီ
ရိုက်ကွင်းသွားနဲ့အဲဒီ စာမျက်နှာကြီးဟာလည်း web စာမျက်နှာပီသစွာနဲ့ပဲ
ပင့်ကူမျှင်တွေပါ တက်လို့။
အဲဒီလိုမျိုး ကာယကံရှင်တွေက အလေးအနက်မထားကြတဲ့အခါမှာwebmasterတွေကလည်း
အကြောင်း အမျိုးမျိုးကြောင့် update ဖြည့်ဆည်းမပေးနိုင်တော့ကြပါဘူး။
အဲဒီလိုနည်းနဲ့ပဲမြန်မာ web တွေဟာ တဖြည်းဖြည်း လှုပ်ရှား အသက်ဝင်မှု ကင်းမဲ့
လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုတော့ အဲဒီအဖြစ် တွေနဲ့ဆန့်ကျင်ဘက် ဆန်လွန်းလှတဲ့
စာမျက်နှာတွေ အစီအရီ ဖူးပွင့် လာ ခဲ့ကြတယ်။ တချို့မြန်မာ website
တွေဆိုရင် မြန်မာအကြောင်းသတင်းတွေ update တင်လို့သာ မြန်မာ web
မှန်းသိခဲ့ရတာပါ။ နို့မို့ဆိုရင်တော့ နိုင်ငံ တကာ မှာ ရှိတဲ့ပညာရှင်တွေ
ရေးသား ထား သလားလို့ ထင်ရ လောက်အောင်ကို ဒီဇိုင်း အပြင်အဆင်တွေကအစ ချစ်စရာ
ကောင်းလွန်း လှချည့် ရဲ့။ နည်းပညာ အတွက် အရေးကြီးတဲ့ ကာလ တစ်ခုမှာ
ရုပ်ဝတ္တုပစ္စည်း ချို့တဲ့ရှာပေမယ့် ကိုယ့်မှာရှိတဲ့ တက်သမျှ မှတ်သမျှ လေး
တွေနဲ့ အဆင့်မီ web page တွေ ဖြစ်လာနေဖို့ကြီုးစားနိုင်ခဲ့ကြတာကိုတော့
အပြည့်အဝ ဂုဏ်ယူမိပါတယ်။
( ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ အမှတ် ၁၆၈ )
မြန်မာ Website များ
http://www.sharbar.net

‘ရှာပါ’ လို့အဓိပ္ပါယ်ရတဲ့ website ဖြစ်ပါတယ်။ ပေါ်ထွက်လာတာ
သိပ်မကြာသေးပင်မယ့် သုံးစွဲရတာ မြန်ဆန်တဲ့အတွက် သဘောကျမိပါတယ်။
အထူးသဖြင့်လှပတဲ့ homepage ဟာ user တွေကို ဆွဲဆောင် နိုင်စွမ်း
အပြည့်အဝရှိနေပြီးdatabaseကိုအချိန်ပေးပြီးတည်ဆောက်ခဲ့ပုံရတာကို result မှာ
တွေ့နိုင် ပါ တယ်။
စောင့်ကြည့်ရန်
http://search.mymyanmar.net

00000000000000000000000000000000000000000
Tutorial
http://blog.mghla.com

မန္တလေးသားတွေအတွက် ဂုဏ်ယူ စရာ အကြောင်းအရာ အများအပြား ရှိတဲ့ အထဲမှာ
‘မောင်လှ’ ဟာ ဂုဏ်ယူခွင့် အသစ်တစ်ခု ဖြစ်ပါ တယ်။ သု့ရဲ့web မှာ တခြား
အကြောင်းအရာတွေ အမျိုးအစ ပါရှိပေမယ့် အဓိကကတော့ သူတက်မြောက်ထားတဲ့
ပညာရပ်တွေကို ဆရာစားမချန်ဘဲပြန်လည် ဝေမျှပေးနေတဲ့ အတွက် tutorial subject
ထဲကို ထည့်သွင်းရွေးချယ် ခဲ့ပါတယ်။userတစ်ယောက် အတွက် အဖိုးတန် နည်း
ပညာအကူအည်ီနဲ့ပတ်သက်ပြီးတော့အများအပြားရရှိနိုင်တဲ့နေရာတစ်ခုပါ။
http://www.phpmyanmar.com

Php နဲ့ mysql ကိုတကူးတကလေ့လာလိုက်စားလိုသူတွေအတွက်တန်ဖိုးရှိတဲ့သင်ခန်း
စာတွေ coding လမ်းညွှန်ပြသမှုတွေနဲ့အတူ programming ပညာရပ်ကို
စူးစမ်းလေ့နေတဲ့ လူငယ်တိုင်း လေ့လာကြည့် သင့်တဲ့စာမျက်နှာတစ်ခုဖြစ်ပါတယ်။
forum တည်ဆောက် ပေးထား လို့ အလွယ်တကူပဲကိုယ်လိုချင်တဲ့ အကူအညီတွေကို
အဖွဲ့ဝင်တွေ အချင်းချင်းအဖြေရှာတိုင်ပင် လို့ရနိုင်ပါတယ်။
စောင့်ကြည့်ရန်
http://www.sixblade.net

00000000000000000000000000000000000000000
Ebook
http://www.myanmarelibrary.com

အသစ်ထွက်ပေါ်လာတဲ့ elibrary ဟာ online စာကြည့်တိုက်ဆိုတာထက် community
သဘော ပိုမို အသက်ဝင်နေတာဟာ သိပ် ကောင်း ပါတယ်။
ဒါမှလည်းစာအုပ်ချစ်တဲ့အဖွဲ့ဝင်တွေဟာ အချင်းချင်း တိုင်ပင် ဆွေးနွေးရင်း
ဗဟုသုတတွေကိုနှီးနှောဖလှယ် နိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာလူငယ်တွေအတွက်
ဗဟုသုတ ရစေမယ့် စာအုပ်စာတမ်းတွေ အများအပြားကို sever
ထိန်းသိမ်းပေးထားပါတယ်။
http://www.mmblog.net

အင်တာနက်ထဲမှာ အခမဲ့ ရနိုင်တဲ့ ebook တွေအများအပြားရှိပါတယ်
တချို့စာအုပ်တွေဟာ ကျောင်းသား ကျောင်းသုတွေ အတွက် အလွန် အဖိုးတန်ပေမယ့်
မရှာဖွေနိုင်ဘူး ဖြစ်နေခဲ့ရင် “MMblogs” ၀င်ရောက် ကြည့်နိုင်ပါတယ်။
အလွန်ရှားပါးတဲ့ programming ebook တွေကစလို့ တခြား upload တင်ထားတဲ့
နည်းပညာစာအုပ် တွေပါ တပုံတပင် ရနိုင်ပါတယ်။ အလွယ်တကူ ‘download’ ချနိုင်တဲ့
site တွေကိုပါ link ချိတ်ပေးထားတဲ့အတွက် ကျေးဇူးတင်စရာပါ။
http://www.foreverspace.com.mm

forever ကတော့ အခမဲ့၊ အခပေး နှစ်မျိုးစလုံးအတွက် ebook တွေကို တည်ဆောက် ထားပါတယ်။
စောင့်ကြည့်ရန်
http://www.all-channel.com

http://www.swanbros.blog-spot.com/2005/11/free-myanmar-ebooks.html

00000000000000000000000000000000000000000000
COMPUTER BUYING
http://www.alpha.com.mm

ကွန်ပြူတာတစ်လုံးစာကို ဝယ်ယူဖို့အတွက် ကိုယ့်မှာရှိတဲ့ ငွေကြေးနဲ့
မလောက်မင ဖြစ်နေတာကို စိုးရွံ့နေစရာ မလိုတော့ပါ။ Alpha ရဲ့ caculate
machine နဲ့ onlioe ပေါ်မှာ တွက်ချက်လို့ရပါတယ်။ ဒီနေ့အကောင်းဆုံးဆိုတဲ့
ပစ္စည်းတွေကို ထည့်သွင်း ပေးထားတဲ့အတွက် အလွယ်တကူတွက်ချက်ပြီး
ဖြေရှာနိုင်မှာပါ။Alpha အနေနဲ့ တချို့မလိုချင်တဲ့ ပစ္စည်းတွေကို
ဘေးဖယ်ထားနိုင်တဲ့ None button တစ်ခုနဲ့ဈေးနှုန်းတွေကို update
လုပ်ပေးနိုင်မှုကိုသာ ထည့်သွင်းလိုက်မယ်ဆိုရင် အကောင်းဆုံး လမ်းညွှန်
ဖြစ်သွားမှာ သေချာပါတယ်။
http://www.myanmarcomputermarket.com

ဒီဇိုင်းအသစ်ကို ပြန်လည်ပြင်ဆင်လိုက်တဲ့ myanmar computer market ဟာ
user တွေအဖို့အားကိုး အားထားပြုနိုင်စရာ အချက် အလက်တွေ အများအပြား
စုဆောင်းထားပါတယ်။ ဒီနေ့ရန်ကုန်မှာရောင်းချ တဲ့ ကွန်ပြူတာနဲ့အပို
ပစ္စည်းတွေရဲ့ဈေးနှုန်းတွေနဲ့ new product တွေကို တစ်နေရာတည်းမှာ အစုံ အလင်
ရရှိနိုင်တဲ့အပြင် ဆိုင်လိပ်စာတွေနဲ့ကွန်ပြူတာ ကုမ္ပဏီ တွေရဲ့ contact
address တွေကိုပါ ထည့် သွင်း ပေးအပ်ထား ပါသေးတယ်။
စောင့်ကြည့်ရန်
http://www.luckybird.myanmar.com

00000000000000000000000000000000000000000
EDUCATION
http://www.studying-singapore.com

စင်ကာပူနိုင်ငံမှာ ကျောင်းသွား တက်ဖို့အတွက် ဘာတွေ လိုအပ်ပါသလဲ။ ဘယ်လို
ပညာ အရည်အချင်း၊ မည်သည့်ထောက်ခံချက်၊ အသက်အရွယ် အတိုင်းအတာတွေနဲ့ကျောင်းတွေ
ရဲ့လိပ်စာ၊ တည်နေရာ တွေကစလို့ လူငယ်တွေအတွက် တန်ဖိုးအရှိဆုံး ပညာရေး
ဝန်ဆောင်မှု website ဖြစ်ပါ တယ်။ ဒီ website ကို အသေအချာ လေ့လာထားမယ်ဆိုရင်
စင်ကာပူတင်မကဘဲ တခြားနိုင်ငံ တွေ မှာပါ ကျောင်း
တက်ဖို့စိုင်းပြင်းနေတဲ့ပညာသင်တွေအတွက်အလွန်ကောင်းမွန်တဲ့ အကြံပေး ဩဝါဒ
တွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ အပြည့် အစုံ ရှိနေပါတယ်။
http://www.myanmartraining.com

စင်ကာပူ၊ဩစတြေးလျ၊ မလေးရှား၊ အင်္ဂလန်၊ ယိုးဒယားစတဲ့နိုင်ငံတွေကို ပညာသင်
သွားမဲ့ လူတွေ အတွက် ဆောင်ရန်၊ ရှောင်ရန် အကြံပေး
လမ်းညွှန်မှုတွေကိုဖော်ပြထားပါတယ်။ ကွန်ပြူတာ skill အနေနဲ့လည်း
မြန်မာပြည်တွင်းမှာရှိတဲ့ KMD, Informatics, Ocean Gate စတဲ့
သင်တန်းကြီးတွေနဲ့ သင်ကြားနေတဲ့ Programme တွေကိုပါ ဖော်ပြထားပြီး
ကိုရီးယား တက္ကသိုလ်ကို စရိတ်ငြိမ်း ပညာ သင် ဆု
လျှောက်ထားနိုင်ဖို့ကိစ္စရပ်တွေကအစဖော်ပြထားပါတယ်။
http://www.cetana.com

‘စေတနာ’ လိုအမည်ရှိတဲ့ website ဟာမြန်မာလူငယ်တွေအတွက် ‘ပညာသင်ဆု’ တွေ
ရရှိနိင်မဲ့ အခွင့် အလမ်းနဲ့နည်းလမ်းတွေနဲ့ နည်းလည်းတွေကို ကူညီ
လမ်းညွှန်ပေးပါတယ်။ ကျောင်း တစ်ခုရဲ့ scholarship လျှောက်တဲ့ နေရာမှာ
လိုအပ်တဲ့ အချက်အလက် တွေကို online ပေါ်မှာ အသေအချာ ရေးသား ပြသပေးရုံ သာမကဘဲ
offline အနေနဲ့အခက်အခဲရှိလို့ အကူအညီ တစ်စုံတစ်ရာ လိုခဲ့ရင် ဆက်သွယ်
နိုင်အောင်တိကျတဲ့ လိပ်စာတွေ ပေးထားပါတယ်။ တကယ်လို့ ကိုယ်ဟာ ’scholarship
gramme’ ကို စိတ်ဝင်စားရင်တော့ ‘cetana’ နဲ့ ဆက်သွယ်မှကို ဖြစ်မှာပါ။
စောင့်ကြည့်ရန်
http://www.studying-malaysia.com/

http://www.thanlwinsoft.org/

0000000000000000000000000000000000000000000
COMMUNITY
http://www.planet.com

မြန်မာ website တွေထဲမှာ လူကြည့်အများဆုံး portal တစ်ခု
ဖြစ်ပါတယ်။Community website ဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေ အချင်းချင်း
ချိတ်ဆက်ပြီး မိတ်ဆွေ ဖွဲ့တာကစလို online ကမ္ဘာရဲ့ အနှစ် သာရမှန် သမျှကို
ရရှိ ခံစားနိုင်ပါတယ်။ ‘planet’ ရဲ့ အကောင်းဆုံးနဲ့ မူပိုင်ကဏ္ဍလို့
ပြောဆိုလို့ရနိုင်တဲ့ စာမျက်နှာ တစ်ခုကတော့
နာမည်ကျော်အနုပညာကြယ်ပွင့်တွေကိုဖိတ်ခေါ်ပြီး citezens/ members တွေနဲ့
စကားစမြည် ပြောဆိုခွင့်ပြုတဲ့ ‘live chat’ ပဲဖြစ်ပါတယ်။ အလွန် လှပပြီး
ခေတ်မီတဲ့ ဖွဲ့စည်း တည်ဆောက်ပုံတွေကြောင့် developer ကြီးတွေတောင်မှ အတုယူ
လေ့ရှိတဲ့ website စာမျက်နှာ တစ်ခု ပါပဲ။
http://www.all-channel.com

All-channel ကို MCC ရဲ့ Team X ကနေ တာဝနယူရေးသားခဲ့ပါတယ်။ပေါ်ပေါက်
လာခဲ့တာ မကြာမြင့် သေးပေမယ့် လှပတဲ့ ဖွဲ့စည်း တည်ဆောက်ပုံတွေကြောင့်
တစ်မဟုတ်ချင်း နေရာ ရလာ ခဲ့ ပါ တယ်။ programming ပညာရပ်တွေကို
စိတ်ပါဝင်စားကြတဲ့ လူငယ် တွေ လေ့လာနိုင်ဖို့အတွက် Ebook အချို့ ကို server
မှာ တင်ပေးထားရာမှာ download ရယူတဲ့ အခါမှာ အလွန်မြန်ဆန်တာကို တွေ့ရ ပါ
တယ်။
http://www.maung.com

‘မှုန်ရွှေရည်’ ဆိုတဲ့ အမည်နဲ့ “maungcom” ဆိုတဲ့ domain ဟာ အတူတူပါပဲ။
အသစ် ပြန်လည် ဖွဲ့စည်း ထားတဲ့ ‘Maung’ ဟာ အရင်ကထက် ပိုပြီး ကျစ်လစ်လာပါတယ်။
community ဆန်လှပြီး Maung.com ရဲ့ အကောင်းဆုံး trademark ဖြစ်တဲ့ ‘flash
chat’ ဟာ user တွေ အဖို့ account ကလေးတစ်ခု တည်ဆောက်ထားရုံနဲ့ ‘flash’ နဲ့
တည်ဆောက်ထားတဲ့ chatting page ကို ၀င်ရောက် ပြီး စကား ပြော ဆို
ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။
http://www.ayinepan.com

ဖတ်လို့ကောင်းတဲ့ စာမျက်နှာလေးတွေ ရှိနေမယ်။ လှပတဲ့ရေဆေး
ပန်းချီကားလေးတွေနဲ့တောတောင် သဘာဝ ရှုခင်းလေးတွေကို အခြခံထားတဲ့
(လက်ဆောင်ပို့ဖို့) e-card ကလေးတွေ ရှိနေမယ်။ အဲဒါ ဆိုရင်တော့
‘အရိုင်းပန်း’ ပါပဲ။ အမည်နာမနဲ့ လိုက်ဖက် ညီ လွန်းလှစွာ မပြုမပြင်
သဘာဝအတိုင်း ရှိနေတဲ့ တောရိုင်းပန်းကလေး တပွင့်ကို ကြည်ကြည်နူးနူး
ကြည့်ရှုနေရသလို မျိုး ခံစားရရှိ သွား ပေမယ့် နေရာ ကလေး တစ်ခု internet
ပေါ်မှာ ရှိနေပါတယ်။
http://www.flashband.net

flash နဲ့ ရေးသားထားတဲ့ website တစ်ခုဖြစ်ပါတယ်။ အလွန်လှပပြီး အဆင့်
မြင့် နည်းပညာကို အသုံးပြု ထားတဲ့အတွက် လှပ လွန်းတာကို တွေ့ရပါမယ်။
အထဲမှာရှိတဲ့ flash chat ကို ၀င်ရောက် ပြောဆို နိင်ဖို့ အတွက် member
register လုပ်ရပါလိမ့်မယ်။ ပြီးရင် အဖွဲ့ဝင်တွေ အချင်းချင်းကိုဘဲဖြစ်စေ၊
တခြား လူတွေကိုပဲဖြစ်စေ e-card လှလှ လေးတွေ ပို့လွှတ် နိုင်ပါ သေး တယ်။
http://www.shwedarling.com

online ပေါမှာရှိနေတဲ့ မြန်မာလူငယ်တွေ အချင်းချင်း တွေဆုံနိုင်ဖို့
တည်ဆောက် ပေးထာတဲ့ website ကလေးတစ်ခုပါ။
မြန်မာ့ယဉ်ကျေးမုအကြောင်းကိုလေ့လာသင်ကြားနိုင်သလို အခမဲ့ ebook တွေကိုလည်း
ရနိုင်သေးတဲ့ အပြင် မိမိ၏ကံဇာတာ အနိမ့်အမြင့် အတက်အကျကို ရာသီခွင်နဲ့
ချိန်ကြည့်လိုရတဲ့ ဗေဒင် ကဏ္ဍပါ ရှိနေပါတယ်။
http://www.phoewa.com

planet လိုမျိုး ထွက်ပေါ်လာနေတဲ့ community website အသစ်တစ်ခုဖြစ်တဲ့
‘ဖိုးဝ’ ဟာ sub categories တွေ အများအပြား ခွဲခြားထားပါတယ်။ ဘောလုံး
ဝါသနာပါသူတွေအတွက် ‘latest news’ ကိုလည်း ဖော်ပြထားနိုင်သလို နောင်
တစ်ချိန်မှာ အကောင်းဆုံး အနေအထား ရောက်လာမယ့် community web page တွေထဲက
တစ်ခုပါ။
http://www.apytz.com

စင်ကာပူမှာ ကျောင်းတက်နေတဲ့ လူငယ်လေးတွေ စုပေါင်းပြီး ဖန်တီးထားတဲ့
‘အဖြူရောင်သံစဉ်’ လို့ အမည် ရတဲ့ webpage လေးမှာ developer တွေရဲ့ profile
တွေနဲ့ ဓာတ်ပုံတွေကိုပါ ဖော်ပြထား ပါ တယ်။ အဖြူရောင်သံစဉ်မှာ ရှိတဲ့ chat
ကဏ္ဍဟာ အလွန်ရိုးစင်းစွာ တည်ဆောက် ထားပြီး လူငယ်တွေ အချင်းချင်း
တွေ့ဆုံစကားစမြည်ပြောဆိုလို့ ရစေပါတယ်။နည်းပညာ အခြေခံရှိတဲ့ လူငယ်တွေ
ဖြစ်တဲ့ အတွက် တခြား အများအပြား ထပ်မံပေါထွက်လာဖို့ကို
မျှော်လင့်နေမိပါတယ်။
http:// www.shwegifts.com

ရည်ရွယ်သူလေးအတွက် ဘာများလက်ဆောင်ပေးချင်ပါသလဲ။
ရွှေလက်ဆောင်ကတော့ဒီလိုမျိုး ရှာဖွေ ပေးလိမ့်မယ် မဟုတ်ပါ။ ဒါပေမယ့်
အဖိုးတန်အလုပ်တာဝန်နဲ့ ပက်သက်တဲ့သတင်းတွေနဲ့ အခွင့်အလမ်း တွေကို “Jobs
& information” မှာ ရရှိနိုင်ပြီး တခြား ပျော်ရွှင်ဖွယ်ရာ ဟာသ၊
ကာတွန်းဗီဒီယို file တွေ ကိုလည်း ရရှိနိုင်ပါတယ်။ ဒါအပြင်မှာ သူဟာလည်း
community site တစ်ခု ဖြစ်တဲ့အတွက် အဖွဲံဝင်တွေ
အချင်းချင်းဆက်သွယ်နိုယ်ပါတယ်။
http://www.click2myanmar.com

မြန်မာအနုပညာရှင်တွေရဲ့ ရှားပါးဓာတ်ပုံတွေနဲ့ သတင်းတွေ၊ တက်သစ်စ
ကြယ်ပွင့်ကလေးတွေကို မြေတောင်မြှောက်ပေးနေရင်း Click 2 myanmar ဟာ
နေရာတစ်ခု ရယူထားနိုင်ခဲ့ပါပြီ။
http:// www.myanmardotcom.com

မြန်မာ့ယဉ်ကျေးမှု စာမျက်နှာကလေးတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းလှသလို
သပ်ရပ်တဲ့အပြင် ပါဝင်တဲ့ content တွေကလည်း user တွေ အကြိုက်ဖြစ်ပါတယ်။
Community တစ်ခုမဟုတ်ဘဲ သတင်း web page တစ်ခု သာဖြစ်ပြီး ဘယ်ဘက် panerl မှာ
တခြား page တွေကို သွားရောက်ဖို့ link တွေကို ချိတ်ဆက်ထားပါသေးတယ်။
http://www.myanmar-music.com

‘မြန်မာ့ဂီတ’ လို့ အမည်ခံတားပေမယ့် ကြွယ်ဝတဲ့ content တွေနဲ့ အဆင့်မြင့်
တည်ဆောက်ပုံ တွေ ကြောင့် လူမှုကွန်ရက် တစ်ခုနဲ့ ပိုပြီး ဆင်တူလှပါတယ်။
‘ဥပမာ နှစ်သန်း ၁၀၀၀ က မြန်မာပြည်က wireless နည်းပညာ၊ မှတ်မိ သမျှ
စီးပွားရေး ဟာသ’ စတဲ့ အတို အထွာလေးတွေအပြင်တေးသီချင်း၊ ရုပ်ရှင်များ၊
စကားဝိုင်းစကား တွေနဲ့ ဖွယ်ဖွယ် ရာရာ စုံလင်လှပါတယ်။
http://www.yangonow.com/eng/

မြန်မာခရီးသွား page တစ်ခုဖြစ်ပေမယ့် community နဲ့
သတင်းစာမျက်နှာဘက်ကို အလေးပေးတားပြီး ရန်ကုန်မြို့ အကြောင်း ကို လည်း
အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုလို့ ရစေနိုင်ပါမယ်။
0000000000000000000000000000000000000000000
Music
http://misyou.net

အလွန်ကြွယ်ဝတဲ့ ဒီဇိုင်းအနုပညာကို homepage မှာတင်
ကြည့်ရှုခံစားရရှိနိုင်ပါတယ်။ homepage ကို စဖွင့်ဖွင့်ချင်းမှာကြားရတဲ့
MP3 သီချင်းလေးတွေဟာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့အရသာရှိပြီး myanmar
သီချင်းတွေနဲ့ MP3 ဖိုင် တွေနားဆင်ခံစားနိုင်ပါတယ်။ ထွက်ပေါ် လာတဲ့ webpahe
တွေထဲမှာ ဒီဇိုင်း အလှဆုံး စာမျက်နှာတစ်ခုလို့ တောင်ဆိုနိုင်ပြီး organize
လုပ်ထားတာဟာ ညှိငင်အား အပြည့်အ၀ ရှိပါတယ်။
http://www.myanmarmp3.net

သီချင်းချစ်သူတွေ အချင်းချင်း လွတ်လွတ်လပ်လပ် မိတ်ဆွေဖွဲ့လို့ရသလို
မြန်မာသီချင်းတွေကို နားဆင် ခံစားနိုင်ပါတယ်။ myanmar mp3.net ဟာ
ထွက်ပေါ်လာခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ် user တော်တော် များများ မသိကြတဲ့
အချက်ကိုတော့အဖြရှာလို့ မရနိုင် ခဲ့ပါဘူး။ တကယ်လို့ connection ကသာ
ကောင်းမွန်နေမယ်ဆိုရင် ပြည့်ဝတဲ့ အသံအရည်အသွေးကိုရရှိခံစားနိုင်တဲ့
ရှားရှားပါးပါး တေး ဂီတ website တစ်ခု ဖြစ်ပါတယ်။
စောင့်ကြည့်ရန်
http://www.cityFM.com.mm

http://www.pansazar.com

00000000000000000000000000000000000000000
Movie
http://www.khayanpyareinmet.com

အခမဲ့ကြည့်ရှု့လို့ရတဲ့ သီချင်းဗီဒီယိုအခွေတွေနဲ့ ရုပ်ရှင် ဗီဒီယီု File
တွေကိုစေတနာအပြည့်အ၀နဲ့ upload တင်ပေးထားပါတယ်။ အားလုံးကို
ကြည့်ရှု့နိုင်ဖို့အတွက် google player ကို အရင်ဆုံး download ရယူထားရင်
ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။ online ကနေ ကြည့်ရှု့ဖို့ဆိုရင်တော့
connection ကောင်းနေမှသာ အဆင်ပြေမှာပါ။
http://www.myanmar.videos.com

ဗီဒီယိုရုပ်ရှင်တွေကို ချစ်တတ်သူတွေအတွက် အနုပညာ မြတ်နိုးသူတစ်ဦးက
upload တင်ပေးထားတဲ့ ဒီ page မှာ MTV, MP3, Movie, VCD, DVD စတဲ့ file
ပေါင်း မြောက်မြားစွာ ပါဝင်ပြီး အခမဲ့ ကြည့်ရှု့ ခံစားနိုင်ပါတယ်။
စောင့်ကြည့်ရန်
http://www.shwevideo.com

00000000000000000000000000000000000000000
Art & Craft
http://www.roadtomandalay.com

road to mandalay ဟာ ဖွဲ့စည်းပုံအနည်း ငယ်ချာပါတယ်။ ဒါပေမယ့် အနုပညာနဲ့
လက်မှုကပစ္စည်း၊ ရွှေထည်၊ ယွန်းထည်တွေနဲ့အတူ မြန်မာ့ရှေးဟောင်း
ယဉ်ကျေးမှုတွေကို ကမ္ဘာကို ပြသပေးနေတဲ့ website တစ်ခုမို့လို့
လေ့လာသင်ပါတယ်။
http://www.mandalaymarionettes.com

မန္တလေးအဖွဲမှ ရုပ်သေးပညာရှင်တွေ တည်ထောင်ထားတဲ့ web စာမျက်နှာဟာ
အလွန်သပ်ရပ်ပြီး ဆိုလို ရင်းကို တစ်ချက် တည်းနဲ့ ထိအောင်
ပစ်နိုင်စွမ်းရှိပါတယ်။ homepage ကိုကြည့်လိုက်တာနဲ့ ‘ရုပ်သေး ပညာ’
အကြောင်း ‘website’ ဆိုတာ သိသာ စေပါတယ်။
စောင့်ကြည့်ရန်
http://www.myanmar-handicrafts.com

http://www.yadanapura.com

00000000000000000000000000000000000000000
CELEBILITY
http://www.htooeainthin.com

ဘုးရားသခင်ဟာ သူပေးအပ်ထားခဲ့တဲ့ လက်ဆောင်မွန်ကို ပြန်လည်
သိမ်းဆည်းသွားခဲ့ပါပြီ။ အေးမြတဲ့ အသံချိုချိုလေးတွေကို မကြား နိုင်တော့တာ
ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ထူးအိမ်သင်ရဲ့ အနုပညာကတော့ ဘယ်တော့မှ
သေသွားလိမ့်မယ် မဟုတ်ပါ။ အလွန် ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးကို
နင်းဖြတ်ခဲ့ရတဲ့ ထူးအိမ်သင်ရဲ့ ဘ၀ဇာတ်ကြောင်းနဲ့ သူ့မိသားစုဓာတ်ပုံတွေ၊
profile တွေ ပြီးတော့ သူ့ရဲ့သီချင်း
သံစဉ် လေးတွေကို ကြားနိုင်တဲ့ နေရာလေးကတော့ htooeainthin.com ပဲ ဖြစ်ပါတယ်။
http://www.lwinmoe.com

လွင်မိုးဟာ သရုပ်ဆောင် ပိုင်နိုင်တဲ့မင်းသားကောင်း တစ်လက်ဖြစ်ပါတယ်။
ဒါကိုတော့ လူသိများ ကြမှာ ပါ။ ဒါပေမယ့် အဲဒိ နောက်ကွယ် မှာ ရှိနေတဲ့ သူဟာ
ဓာတ်ပုံဆရာကောင်းတယောက်လည်း ဖြစ်တယ် ဆိုတာကို ဘယ်သူမှ သိကြလိမ့်မယ် မထင်ပါ။
သူဟာခရီး သွာရင်း ( ရိုက်ကွင်း ကိစ္စတွေနဲ့ နယ် ထွက် ရင်း)
ကိုယ်ပိုင်ကင်မရာ လေးနဲ့ မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ
ဝါရင့်ဓာတ်ပုံဆရာတယောက်လို့
ထင်မှတ်မှားလောက်အောင်ကို အဆင့်မြင့်လှတာကို တွေရပါလိမ့်မယ်။
http://www.actorphoechit.com

ဇာတ်မင်းသားဘ၀ကနေ ရုပ်ရှင်၊ ဗီဒီယိုဘက်ကို ကူးပြောင်း
သရုပ်ဆောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ‘ဖိုးချစ်’ ကတော့ အဲဒိအခက် အခဲ တွေကို
တစ်ဆင့်ချင်းကျော်လွှားနိုင်ခဲ့ပါပြီ။ မြို့ရော နယ်ပါ လက်ခံတဲ့
မင်းသားဖိုးချစ်ရဲ့ web စာမျက်နှာ ဖြစ်ပါတယ်။
စောင့်ကြည့်ရန်
http://www.saisaionline.com

http://www.yelayonline.com

000000000000000000000000000000000000000000
DIRECTORY
http://www.myanmaryellowpages.biz

yellow pages အုပ်စုရဲ့ directory website ဟာ နာမည်ကျော် yahoo လိုမျိုး
ကြွယ်ဝတဲ့ သတင်း အချက် အလက်တွေ တည်ရှိ နေပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုချင်း ကိုဖြစ်စေ၊ လူတစ်ဦး တစ်ယောက် ချင်းရဲ့
နေရပ်လိပ်စာတွေကို ဖြစ်စေ လွယ်လင့်တကူ ရှာဖွေနိုင်တဲ့အတွက် အမြဲလိုလဲခရီး
သွား လာနေရတဲ့ လုပ်ငန်းရှင်တွေအတွက် ပိုပြီး သင့်တော်ပါတယ်။ ဒါ့အပြင်
ပါဝင်တဲ့ search engine ကလည်း အားကောင်းတဲ့အတွက် တကယ်လို့ subject တွေ
ရှုပ်ထွေးနေမှုကြောင့် လိုချင်တာရှာဖွေ မရရင် search box ထဲမှာ
စာရိုက်တာနဲ့ result ကို မြန်မြန် ဆန်ဆန် တုံ့ပြန်ပေးပါလိမ့်မယ်။
http://www.7courier.com

မြန်မာနိုင်ငံအတွင်းမှာနေပြီး မြန်မာ နိုင်ငံအနှံ့မရောက်ဖူးတဲ့
လူတွေအတွက် 7-courier က အကူအညီ ပေးပါလိမ့်မယ်။ ခရီးသွားလုပ်ငန်း တွေအတွက်
တည်ထောင်ထားတာဖြစ်တဲ့အတွက် ကိုယ်သွားလို့ရတဲ့ နေရာဒေသအတွက် ခရီးစရိတ်ကို
အကြမ်းဖျင်း တွက်ချက်လို့ရနိုင်သလို တည်းခိုမယ့် စရိတ်၊ booking
လုပ်ခြင်းစတာတွေကိုပါ online ကနေတစ်ဆင့်ဆက်သွယ် ဆောင်ရွက်နိုင် နေပါပြီ။
စောင့်ကြည့်ရန်
http://www.myanmarteldir.com

00000000000000000000000000000000000000000
SPROT & SOCCER
http://www.first-11.com

eleven media ဟာ ရည်ရွယ်ချက် မြင့်မားစွာနဲ့ online လောကကို
ချီတက်လာနေခဲ့ပါပြီ။ လူဖတ် အများ ဆုံး ဂျာနယ် လေးဆောင် လုံး ကို အပတ်စဉ်
update ပြုလုပ်ပြီး တင်ပေးထားတဲအတွက် ဘောလုံး ကမ္ဘာနဲ့ ပက်သက်တဲ့
သတင်းတွေမှန်သမျှကို ငွေကုန်ကြေးကျ ခံစရာ မလိုဘဲ အချိန် မှန်ဖတ်ရှု့နိုင်တာ
ကိုက ကျေးဇူးတင်စရာပါ။ Resolution အမြင့်ဆုံးတွေနဲ့ ဂျာနယ်ကို scan
ဖတ်လိုက်တဲ့အတွက် တစ် မျက်နှာပေါ်လာဖို့ကို အနည်းငယ် စောင့်ဆိုင်းရတာလေးကို
တော့ သည်းခံခွင့်လွှတ်ပေးရပါလိမ့်မယ်။
http://www.myanmargoal.com

မြန်မာဂိုးဟာ offline မှာ ဂျာနယ် ထုတ်ဝေခြင်းမရှိဘူးပါ။ ဒါပေမယ့်
တကယ့်ဂျာနယ်တစ်စောင်လို online ပေါ်မှာ ဖတ်ရှုရအောင် စီစဉ် ဖွဲ့စည်း
ပေးထားပါတယ်။ နိုင်ငံတကာမှာရှိတဲ့ uefa, fifa, thefa စတဲ့ ဘောလုံးနဲ့
အားကစား website တွေ ပုံသဏာန်မျိုး ဖြစ်လာ အောင် စိတ်ရှည် လက်ရှည် တည်ဆောက်
ပြုပြင်နေပါတယ်။
စောင့်ကြည့်ရန်
http://www.myanmar-football.org

0000000000000000000000000000000000000000
FORUM
http://www.technical-seven.com

နည်းပညာအကူအညီတွေအတွက် လိုအပ်ရင် အရင်တုန်းက အင်တာနက်ထဲမှာ ရှိတဲ့
အင်္ဂလိပ် forum တွေထဲကနေ တောင်းယူပြီး အင်္ဂလိပ် စာကို မဖတ်တတ် ဖတ်တတ်နဲ့
ကြိုးစားခဲ့ရပါတယ်။ အခုတော့ technical seven ပေါ်ပေါလာပြီ ဖြစ်တဲ့အတွက်
အလျင်အမြန် register လုပ်ထားမယ်ဆိုရင် အခမဲ့ download ရနိုင်တဲ့ ebook
လိပ်စာတွေကအစ ရရှိနိုင်မှာပါ။
http://www.mmgeeks.org

မြန်မာလူငယ်ပညာရှင်များ ဖွဲ့စည်းထားတဲ့ ဒီ forum မှာတော့ unicode, php,
ebook, linux စတဲ့ နည်းပညာတွေ အကြာင်းကို အမှတ်တရ ဆွေးနွေးနေလေ့ရှိပြီး
ဝင်လာတဲ့ အဖွဲ့ဝင်အသစ်တွေကို နွေးနွေးထွေးထွေးကြိုဆိုရင်း အကူအညီတွေ
ပေးအပ်နေလေ့ ရှိပါတယ်။
စောင့်ကြည့်ရန်
http://www.forums.nativemyanmar.net

0000000000000000000000000000000000000000
JOURNAL / MAGAZINE
http://www.zaygwet.com

ဈေးကွက်ဂျာနယ်ရဲ့ online page တစ်ခု ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးကွက်တွေနဲ့အတူ ဈေးကွက် ဂျာနယ်ရဲ့ ဖတ်လို့အကောင်းဆုံး
စာမျက်နှာတစ်ခုကတော့ ‘ရှေးဟောင်းယဉ်ကျေးမှုတွေကို ရှာဖွေ ဖော်ထုတ်
ရေးသားနေတဲ့ဆောင်းပါး’ တွေပဲဖြစ်ပါတယ်။ ‘banner’ ပိုင်းကို မည်သည့် အတွက်
ကြောင့် မှန်းမသိရဘဲ (စိတ်ထင် ကြော်ငြာအတွက်နေရာ) ကွက်လပ်ချန်ထားတာကိုလည်း
ထူးထူးဆန်းဆန်း တွေခဲ့ရပါတယ်။
http://www.naing.net/index2.html

Naing ကတော့ website တစ်ခု ဆိုတာထက် static webpage တစ်ခုဆိုတာဟာ
ပိုပြီး မှန်ကန်နိုင်ပါ တယ်။ သူဟာ ရှိရှိသမျှ မြန်မာ မဂ္ဂဇင်းဂျာနယ် တွေရဲ့
လိပ်စာတွေကို link ချိတ်ပေးထားတဲ့အတွက် user ဟာ တခြားနေရာတစ်ခုကို တကူးတက
ရှာဖွေစရာ မလို တော့ဘဲ လွယ်လင့်တကူနဲ့ Click နှိပ်ပြီး မြန်မာ့ အလင်း၊
ကြေးမုံစတဲ့ သတင်းစာတွေကစလို့ ဖတ်ရှုနိုင်အောင် စေတနာ အပြည့်နဲ့ ပြုလုပ်
ပေးထားပါ တယ်။ နှစ်တစ်ရာ ပြက္ခဒိန်ကအစ ကြည့်ရှုလို့ ရနိုင်ပါတယ်။
http://www.popularmyanmar.com

ပေါ်ပြူလာဂျာနယ်ဟာ ဒီဇိုင်းရဲ့ကောင်းခြင်း၊ သတင်းရဲ့
ဆွဲဆောင်မှုရှိခြင်း၊ ဆောင်းပါးရဲ့ တန်ဖိုး ပြည့်ဝခြင်း စတဲ့
အချက်တွေကြောင့် နာမည်ကြီးပါတယ်။ နယ်ဝေးဒေသတွေမှာရှိနေတဲ့ မြန်မာစာဖတ်
ပရိသတ်တွေဆီကို ဂျာနယ်တစ်ဆောင် ရောက်ဖို့ဆိုတာဟာ အနည်းငယ် အလှမ်းကွာ
နေသေးတဲ့ အချိန်မှာ online ကနေတစ်ဆင့် popular ဂျာနယ်ကို
ဖတ်ရှုနိုင်တဲ့အတွက် လိုအပ်နေတဲ့ ကွက်လပ် ကလေးကို
ဖြည့်ဆည်းပေးထားလိုက်သလိုမျိုးပါ။ popular.myanmar မှာ chat
ပြောဆိုလို့ရတဲ့ page ရှိနေပေမယ့် အနည်းငယ် လိုအပ် နေပါသေးတယ်။
http://www.trustjournal.com

‘ယုံကြည်မှု သတင်း ဂျာနယ်’ စာမျက်နှာတွေဟာ နိုင်ငံခြားကို
အလုပ်သွားလုပ်ဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့
လမ်းညွှန်ချက်တွေနဲ့ အမြန် ဆုံး အမှန်ဆုံးသတင်းတွေကို ပေး ပါတယ်။
http://www.myanmar-times.com

အင်္ဂလိပ်၊ မြန်မာဘာသာ နှစ်မျိုးစလုံးရှိတဲ့ မြန်မာ့တိုင်း(မ်)ဂျာနယ်ရဲ့
web စာမျက်နှာတစ်ခုဖြစ်ပါတယ်။ ဂျာနယ်ကို မြန်မာ version ဖတ်ချင်တယ်
ဆိုရင်တော့ ဘယ်ဘက်ထောင့်မှာရှိနေတဲ့ font ကို download ရယူဖို့
လိုပါလိမ့်မယ်။ အမြဲလို သတင်းထူးပြီး မြန်မာနိုင်ငံရဲ့ မှတ်ကျောက် ဂျာနယ်
တစ် ဆောင်ဖြစ်ပါတယ်။
http://www.burmeseclassic.com

Online စာအုပ်စင်ကဏ္ဍမှာ ကျိုက်ထီးရိုးဘုးရားသမိုင်း၊
ကျိုက်ပေါလောဘုရားသမိုင်းစတဲ့ ရှားပါးတဲ့ ဓမ္မ စာအုပ်တွေကို ထည့်သွင်း
ပေးထားပြီး ဓမ္မဒါန အခမဲ့ download ချခွင့်ပြုထားပါတယ်။ ဒါ့အပြင် ရှေးခေတ်
သီချင်းတွေနဲ့အတူ movie ဖိုင်တွေကိုလည်း ထိုက် သင့်သလောက် ရယူနိုင်ပါတယ်။
Page ရဲ့အဆင် အပြင် က ရိုးစင်းတယ်လို့ ထင်ရပေမယ့် webmaster တွေရဲ့
စေတနာကတော့ တန်ဖိုးထားစရာ ဖြစ် ပါတယ်။
http://www.phatpa.com

အသစ်ထွက်ပေါ်လာနေတဲ့ website တွေထဲမှာ အားကိုးအားထား ပြုချင်စရာ
စာမျက်နှာ ဖြစ်ပါတယ်။ ‘ဖတ်ပါ’ ဆိုတဲ့ အမည် လေးက လည်း ထူးခြား သလို
journal/magazine ဆိုတာထက် community အဖြစ် ပိုပြီးအားကောင်းတာကို
တွေ့ရပါတယ်။ ရှင်းလင်းသေသပ်တဲ့ စာမျက်နှာလေးတွေကတော့
ကျွန်တော်တို့အကြုက်ပါဘဲ။ ဒီနေ့ မြန်မာအနုပညာရှင်တွေရဲ့ လှုပ်ရှာနေမှုတွေ
သတင်းဓာတ်ပုံတွေနဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။
စောင်ကြည့်ရန်
http://www.myawadi.net

http://www.aseaninfonet.org

0000000000000000000000000000000000000000
CHATTING, ECARDS, FORUM, SPACES AND SOCIAL NETWORK
http://www.myanmarfriends.net

‘မြန်မာသူငယ်ချင်းများ’ ဆိုတဲ့ စာမျက်နှာ ကလေးမှာ register လုပ်ပါ။
ကိုယ့်ရဲ့ ဓာတ်ပုံကို upload တင်ပါ။ ပြီးရင် မြန်မာနိုင်ငံ
တနံတလျားမှာရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြန်အလှန် ရင်းနှီး ချစ်ခင်
ကြရအောင်စို့လားဗျာ။
http://www.thanyawzin.com

IM တွေရှိတယ်။ group chat တွေရှိတယ်။ user profile နဲ့ ဓာတ်ပုံတွေ
တင်ပို့ထားနိုင်တယ်။ forum ထဲမှာ ဆွေးနွေး ချင်တာ တွေ လည်း ၀င်ရောက်
ပြောဆိုလို့ ရနိုင်သေးတယ်။ ကြာရင် user တွေလည်း ဒီ website လေးကို
‘သံယောဇဉ်’ ဖြစ်သွားကြပါလိမ့်မယ်။
http://www.myanmardate.com

ပထမဆုံးနေနဲ့ social network ဘက်ကို ပီပီပြင်ပြင် ခြေလှမ်းပြင်လိုက်တဲ့
myanmar date ဟာ register အရင်ဆုံး လုပ်ဖို့တော့ လိုပါမယ်။ sing up
လုပ်ခွင့်ကို အခမဲ့ ပေးထားပြီး online ကနေ ကိုယ်နဲ့စိတ်ကူးဝါသနာ၊
ကြည်ဖြူနိုင်မယ့် မိတ်ဆွေကောင်း တစ်ယောက် ကို ရှာဖွေနိုင်စေပါတယ်။
http://www.shwesagar.com

ရွှေစကားဝိုင်းဟာ online messenger တစ်ခုဖြစ်ပါတယ်။ register
လုပ်စရာမလိုဘဲ အလွယ်တကူ chatting ပြောဆိုလို့ ရနိုင်တဲ့
နေရာတစ်ခုပါဝင်ပြီး ကိုယ် PC မှာ လိုအပ်နေတဲ့ မြန်မာ font ကိုလည်း download
ရရှိစေနိုင်ပါတယ်။ သပ်ရပ်တဲ့ဒီဇိုင်း အပြင် အဆင် တွေနဲ့ ‘ရွှေစကားဝိုင်း’
ဟာ အမြဲတစေလို chat ပြောဆိုသူတွေနဲ့ စည်ကားနေတတ်ပါတယ်။
http://www.modins.net

‘Modins’ ပေါ်ထွက်လာခဲ့တဲ့ ကာလ ဟာငါးနှစ်ပတ်ဝန်းကျင်လောက် ရိုးသွားပါပြီ။
ဒီနေ့အချိန်မှာတော့ လူငယ်တွေ သိပ်မသိကြတော့ ပေမယ့် Modins ကတော့ သူ့ရဲ့
တာဝန်ကိုဝတ္တရားမပျက် ထမ်းဆောင် နေဆဲရှိပါတယ်။ အလွန်ရိုးစင်းတဲ့ ‘text-chat’
ကြီးကိုလည်း တွေ့နေရဆဲ ဖြစ်ပါတယ်။ သူငယ်ချင်း တွေနဲ့ အပြန်အလှန် e-card
တွေကို ပို့ကြရင်း မမောမပန်းနိုင် chat ခဲ့ကြတဲ့ modin ချစ်သူတွေ က တော့
modins ပြန်အလာကို လက်ချိုးရေလို့ စောင့်ကြိုနေကြဆဲပါ။
http://www.mysuboo.com

‘စုဘူး’ ဟာအခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ‘web 2.0′ ရဲ့ ဒီဇိုင်းသဘော
တရားလေးတွေ ပါဝင်ပါ တယ်။ myspace တို့လို social network တွေ ခေတ်စားလာတဲ့
အချိန်မှာ ထွက်ပေါ်လာတဲ့ ‘mysuboo’ ကို အခုကတည်းက လေ့လာသုံးစွဲထားမယ်ဆိုရင်
နောက်ပိုင်း မှာ ‘myspace’ တိုလို website မျိုးတွေကို
သုံးစွဲတတ်ဖို့အခြေခံကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ‘မိုင်စုဘူး’ မှာ
အဖွဲ့ဝင်အဖြစ် စာရင်သွင်းရင် သူငယ်ချင်းများစွာ ရလာနိုင်သလို နည်းပညာ
အကူအညီ တွေကိုလည်း ရရှိနိုင်လိမ့်မယ်လို့ ထင်ပါ တယ်။
http://www.yadanar.com

Forum, postcard နဲ့ chat တွေကို တင်ထားပေမယ့် yadanar ဟာထင်သလောက်
ခရီးမရောက် ခဲ့ ပါဘူး။ sever error ခဏခဏ ဖြစ်နေတတ်တာက developer တွေ
အချိန်မီ ပြုပြင်လိမ့်မယ်လို့ ထင်ရပါတယ်။ online ပေါ်မှာ ရည်ရွယ်သူလေးကို
ရှာဖွေဖို့ သင့် တော် တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။
http://www.myanmarchatonline.org

IRC chat အတွက် စီမံခန့်ခွဲမှု web တစ်ခုဖြစ်ပါတယ်။ chatting
ပြောဆိုဖို့အတွက်အကူအညီ အထောက် အပံ့တွေ အများအပြား ရနိုင်သလို IRC chat
ကိုဆက်သွယ်လို့မရဖြစ်နေတဲ့ လူတွေအတွက် အတိုဆုံးသွားနိုင်တဲ့ လမ်းကြောင်း
တစ်ခုပါ။
http://www.myitzuri.com

‘မဉ္ဇူရီ’ မှာ ဂီတအဖွဲ့ပေါင်းစုံရဲ့ MP3 သီချင်းတွေကို နားထောင်းလို့
ရနိုင်ပါတယ်။ ဒါ့အပြင် အပျင်းပြေ ဆော့ကစားလို့ကောင်းတဲ့ game တွေလည်း
ရှိနေသလို ဘိုဖြူ၊ စိုင်းထီးဆိုင်တိုလို့ သီချင်း အေးအေး လေး တွေကိုလည်း
download ရနိုင်ပါသေးတယ်။
စောင်ကြည့်ရန်
http://www.nayvelous.com

http://www.lotaya.com
ကွန်ပျူတာဂျာနယ်
ဖုန်း-၃၈၇၃၀၅
MYANMAR PHOTO SITES
http://www.myanmarphotoimage.com

http://www.myanmarphotobank.com

မူရင်းဝက်ဆိုဒ်သို့
0 comments:
Post a Comment
သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။