သူငယ်ချင်းတစ်ယောက်အတွက်

5:31 AM ---

အော် ...သူငယ်ချင်း

ဘဝတစ်ကွေ့ တစ်ခေါက်မှာ ခုလိုဆုံကြတွေ့ကြရတာ........

တော်တော်ပျော်စရာကောင်းခဲ့ပါတယ် ။



    ဘဝခရီးပန်းမတူ လမ်းမတူတာမို့

ကိုယ့်လမ်းကိုယ်လျှောက်ဖို့ တစ်ယောက်နဲ့တစ်ယောက်ခွဲကြရရင်

တို့တွေ ပျော်ပါး ဝါးဟားဟားတဲ့ အချိန်တွေက

အမှတ်တရအဖြစ်တင်ကျန်နေမှာပါ ။



    သူငယ်ချင်း....



ဘဝသစ်နေရာတစ်ခုမှာ မင်းအဖို့

အစတော့စိမ်းနေပါလိမ့်မယ် .....

ဒါပေမယ့် မကြာပါဘူးကွာ

တို့တွေ အစကတွေဆုံခဲ့ကြသလိုပဲ........

သူစိမ်းတွေနဲ့ တွေ့ရရင် ငါတို့တွေကို သတိရပါ

နောက်တစ်ချိန်မှာ သူဟာ ငါတို့လို

မင်းတွက် သူငယ်ချင်းကောင်းဖြစ်မှာပါ ။



     နေရာသစ်တစ်ခုမှာ

ငါတို့လို မင်းကို နားလည်ပေးတဲ့လူတွေကို သိရဦးမှာပါ

လူတွေအများကြီးနဲ့ မင်းတွေ့ရတဲ့အခါ

ငါတို့တွေ သူငယ်ချင်းကောင်းတွေ

ဖြစ်ခဲ့ကြတာကို မင်းပိုပြီးတော့ နားလည်လာမှာပါ ။



   မင်းရဲ့ ပန်းတိုင်ဘဝခရီးလမ်းကို

လျှောက်နေတဲ့ အချိန်မှာ

ဘေးကနေဆူညံပူညံသံတွေကို ဂရုမစိုက်ပါနဲ့

မင်းရဲ့ပန်းတိုင်လည်း မပျောက်ပျက်စေနဲ့။



  တကယ်လို့တို့တစ်တွေ နောင်တစ်ချိန်မှာ

ထပ်ပြီးတော့ တွေ့ဆုံရဦးမယ်ဆိုရင်

မတွေ့ဖြစ်တဲ့ အချိန်က သူငယ်ချင်းကောင်း အလွမ်းတွေအကြောင်း

တစ်ဝကြီး ပြောဖြစ်ဦးမှာပါ ။



  ခု ချိန်မှာတော့ ငါတို့တွေက

ဘဝကို ခုမှ ထိန်းကျောင်းနေကြတာလေ........

ဖြစ်ချင်တဲ့အရာကို ခဏလောက်မျိုသိပ်ပြီး

ဖြစ်သင့်အရာကို ဦးစားပေးကြရမယ်လေ.......

ငါတို့တွေခွဲနေရရင်လည်း မင်းဝမ်းနည်းမနေပါနဲ့

ရှေ့ဆက်ရမယ့် မင်းလမ်းတွေကို အကောင်းဖြစ်အောင် အဆင့်သင့်ပြင်ထားပါကွာ

ဒါမှ တို့တွေ နောင်တစ်ချိန် ပြန်ဆုံနိုင်မှာပါ။

ပြန်ဆုံးပြီး အရင်လိုပဲ တို့တွေ ဝိုင်ဖွဲ့ပြီး အရက်ကို သောက်နိုင်ဦးမှာပါကွာ။

မင်းရဲ့ ခရီးလမ်းဖြောင့်ဖြူးပါစေ သူငယ်ချင်း ။    ။

အဝေးကို သွားတော့မယ် သူငယ်ချင်းတစ်ယောက်အတွက် အမှတ်တရ

                                      December Mgmg

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။