Showing posts with label Password. Show all posts
Showing posts with label Password. Show all posts

RAR.Password.Unlocker.v4.2.0.0.Cracked

6:53 PM ---
         RAR Password Unlocker RAR password ကို ဖောက်ဖို့နည်းက ကျွန်တော်ကိုယ်တိုင် ခုထိလိုက်ရှာနေတုန်းပဲ ဒါပေမယ့် မတွေ့သေးဘူး ။ မတွေ့သေးပေမယ့် ခုလောလောဆယ်ဆယ်သုံးနေတဲ့ကောင် ဒီကောင်ပါ ။ တစ်ခြာားဆောပ်ဝဲလ်တွေလည်း ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် ဖောက်တာ တစ်ခုမှ မရသေးတာတော့ ကျွန်တော်တော်တော်စိတ်ပျက်မိတယ် ။ မှတ်မှတ်ရရ ကျွန်တော် RAR ကို ဖောက်တာ တစ်ခါပဲ အောင်ဖူးပါတယ် ။ အဲဒါက ကျွန်တော့်ကောင်မလေး ကျွန်တော်ဆီကို ဓါတ်ပုံပို့ပေးတယ် RAR ဖိုင်နဲ့ပို့ပြီး ပါစ့်ဝေါ့ပါခံထားတယ် ။ ဒွတ်ခပဲ.....။ ဖောက်လို့မတတ်ရင် မကြည့်ရဘူးတဲ့....။ ဆောပ်ဝဲလ်တွေ ဒေါင်းလိုက်ဖောက်လိုက်ရတာ တော်တော်လေးကို ရွာလည်သွားတယ် နောက်တော့ ရသွားတယ် ။ ဆောပ်ဝဲလ်နဲ့တော့ မဟုတ်ဘူး ။ သူ့နာမည်ကို ရိုက်ထည့်လိုက်တာ :)


 Download RAR Password Unlocker
ဒီဆောပ်ဝဲလ်ကတော့ မဆိုးပါဘူးဗျ Brute Fore, Dictionary ဆိုပြီးတော့ နှစ်ခုပါပါတယ် ။ သိသလောက်ပြောရရင်တော့ Brute Fore က ပိုပြီး တိတိကျကျတိုက်ပေးသလို ကြာမြင့်ချိန်က များပါတယ် ။ အက္ခရာတွေကို ရွေးပြီးတော့ တိုက်နိုင်ပါတယ် ။ Dictionary ကတော့ သိပြီးသားပဲဖြစ်မှာ Dictionary က စကားတွေကို တစ်ခုချင်းစီတိုက်ပေးတာပါ ။ စမ်းကြည့်လိုက်ပါဦး   ကွန်ပ upload ဖို့နေနေသာသာ စာတောင် မနည်းရေးရတယ် ဒါကြောင့် လင်ခ့်ကို ရှဲတဲ့ သဘောပါ ။ ခွန်မောင်ပန်      
Download Link
    

Password ပေးထားတဲ့ Computer ကို ဝင်ပြမယ်

10:53 PM ---
               ကျွန်တော် ဟိုတစ်နေ့ပဲ Window admin password ကို ဖောက်တာ ပြပေးပါပြီ ။ ဒါပေမယ့် အဲဒါက Admin တစ်ခုပဲရပါတယ် ။ ကျန်တဲ့ User တွေကိုတော့ မရပါဘူး ။ ဒါကြောင့် ကျန်တဲ့အကောင့်တွေကိုလည်း ဖောက်တတ်အောင် တင်ပေးလိုက်ပါတယ် ။ ကျန်တဲ့နည်းတွေနဲ့ ဖောက်တာလည်း ရှိပါတယ် ။ အဆင့်တွေ ရှုပ်ထွေးတာမို့ ။ သာမန်ကွန်ပျူတာသုံးတွေ နားလည်းမလည်သလို လုပ်လည်း မတတ်ပါဘူး ။ တော်ကြာနည်းပညာကို လေ့လာလိုတဲ့ စိတ်တွေ ပျောက်သွားမှာ စိုးရပါသေးတယ် ။ ဒါကြောင့် ကလေးက အစ လုပ်လို့တတ်အောင် ဖောက်လို့တတ်အောင် နားလည်အောင် ကျွန်တော် အတတ်နိုင်ဆုံး ရေးပေးပါမယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေအတွက် ကျွန်တော် အာမခံပါတယ် ။ တစ်ခုခုအဆင်မပြေရင်ပြောပါ ။ ကျွန်တော် အဖြေရှာပေးပါမယ် ။ ပိုစ့်တိုင်း နိဒါန်းချီနေကျမို့ ချီနေလိုက်တာ စာကိုယ်က မရောက်သေးဘူး :)

ပထမဆုံးအနေနဲ့ သင်မှာ USB stick ရှိရပါမယ် ။ ကျွန်တော်တော့ AD မှာ 8GB ကို ဘတ် 350 နဲ့ ဝယ်ထားပါတယ် ။ ဈေးတော်နေပါပြီ ။
 ဒီနေရာကနေ ဆောပ်ဝဲလ်တစ်ခုကို ဒေါင်းလိုက်ပါ ။ ဆိုဒ်လည်း ဘယ်လောက်မှမရှိပါဘူး ။ 157 K ပဲ ရှိပါတယ် ။
ပြီးရင်တော့ ဖွင့်လိုက်ပါ ။ ဒေါင်းထားတဲ့ ဖိုင်ကို ။ ပါတဲ့ဖိုင်တွေက အောက်ပါ အတိုင်းတွေ့ရပါလိမ့်မယ် ....
KON USB boot
KonBootInstall.exe ကို နှစ်ချက်ဆက်တိုက် နိပ်လိုက်ပါ ။ ပြီးတာနဲ့ cmd command box ပွင့်လာလိမ့်မယ်
အဲမှာ ဆောပ်ဝဲလ်ကို အင်စတော လုပ်ထည့်မယ့် နေရာကို ရွေးပေးရပါမယ် ။ သင့် usb stick က F လား G လား ။ ဒါကို နားမလည်ရင် စတစ်ကို ကွန်ပျူတာမှာ ထိုးပြီးတာနဲ့ my computer ကို ဖွင့်လိုက်ပါ ။ တွေ့ရလိမ့်မယ် ။ ကျွန်တော့် စတစ်တော့ f ပါ ။ ဆိုတော့ ခု cmd box မှာ f လို့ ရိုက်ထည့်ပြီး Enter ခေါ်လိုက်ပါတယ် ။ Install ပြီးရင်ကြောင့်ပေါ်ပြီး တစ်ခုခုထပ်နိပ်လိုက်တာနဲ့ cmd box က ပိတ်သွားပါလိမ့်မယ် ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjqRN0XHRpdzVaAHjnzrrL80UoQJ7lVYxgnjc8M1qgNP1IrYhlFC9FnKoEWHajAmlMIW5NXFw94C1rpxl1LHHTpzsLjiIk4HdYlRyppME5d7AHMnAhfRojrGpNBc06OD0TmBDAI7iDvbIx/s1600/Konusb.JPG
ကဲ ခု စစမ်းဖို့အချိန်ကျပြီဗျာ ။ သင့် ကွန်ပျူတာကို Restart ချလိုက်ပါ ။ မချခင်လေး လုပ်စရာရှိတာ လုပ်သွား တော်ကြာစိတ်ကောက်လို့ အောက်မှာလည်း မန့်ထည့်မသွားနဲ့ ဦး :D
ကဲဗျာ ခု သင့်ကွန်ပျူတာ Restart ချနေပြီ ဆိုပါတော့ .....
F9 ကီးကိုသာ နိပ်ထားပေတော့  .....
ပြီးရင်တော့ အဲဒီမှာ သင်ထိုးတဲ့ usb တွေပေါ်လိမ့်မယ် ။ စောနက အင်စတော လုပ်ထားတဲ့ ကောင်ကို ရွေးပြီး Enter ခေါက်လိုက်ပါ ။
ကဲ ခဏစောင့်ပြီးတော့ Enter ထပ်ခေါက်လိုက်ပါ ။
ဟောာာာာာာာာာာာ ပွင့်သွားပြီ ဖောက်လိုက်တာ ပွင့်သွားပြီ ။
ဒီလောက်ဆို နည်းလည်လောက်ပြီ ထင်ပါတယ် ။ နားမလည်သေရင်းရင်လည်း ဒီနေရာမှာ ဗီဒီယိုဖိုင်နဲ့ရှင်းထားတာကို ထပ်ကြည့်လိုက်ပါဗျာ ။ အဆင်ပြေပါစေလို့  ခွန်မောင်ပန်

Windows Administrator Password ကို ဟက်မယ်

6:19 PM ---
              ဒီနည်းကို အကိုတစ်ယောက်က ကျွန်တော့်ကို မေးဖူးတင်ပေးလိုက်ပါတယ် ။ ကျွန်တော်တို့ သူများ ကွန်ပျူတာ ကို ခိုးဖွင့်တဲ့ အခါ ပါစ့်ဝေါ့ ထည့်ထားရင် အခက်ကြုံရတတ်ပါတယ် ။ ဒါကြောင့် ကျွန်တော် ဟက်နည်းလေးကို တင်ပေးလိုက်ပါတယ် ။ ခုကျွန်တော် သုံးနေတာက window xp သုံးနေပါတယ် ။ အလုပ်ဖြစ်ပါတယ် ။ ဒီနည်းက ဒီဝင်းဒိုးမှာပါ ။

ပထမနည်းအနေနဲ့တော့ ပစ်ဝေါ့ထည့်ထားတဲ့ ကွန်ပျူတာကို ဖေါက်ဖွင့်နည်းပါ ။ ဆောပ်ဝဲလ် မသုံးပါဘူး ။ ဆောပ်ဝဲလ်သုံးပြီး လုပ်တဲ့ နည်းတွေလည်း ရှိပါတယ် ။ အကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆောပ်ဝဲလ်သုံးပြီး ဖောက်တဲ့ နည်းကို တင်ပေးမှာပါ ။ အကြံသာပေးသွားလိုက်ပါ ။ တင်ပေးပါမယ် ။ ကဲ ခု ကွန်ပျူတာ ပါဝါကို ဖွင့်လိုက်ပြီ ။ ပါစ့်ဝေါ့ရိုက်ထည့်ရဖို့ ရှိနေပြီ ။ အဲဒီမှာ User name , Password ရိုက်ထည့်ဖို့ရှိတယ် ။ Administrator လို့ပဲ နာမည်မှာ ရိုက်ထည့်လိုက်ပါ ။ ပြီးရင် ပါစ်ဝေါ့ မရိုက်ထည့်ပဲနဲ့ Enter ခေါက်လိုက်ပါ ။ ခုကွန်ပျူတာတော့ ကောင်းကောင်း အလုပ်လုပ်တယ် ။ ဒါက ဖောက်ဝင်တဲ့ နည်းပါ ။ အဲ... တစ်ခုပြောစရာရှိတာက ။ ကွန်ပျူတာ တစ်ခုမှ ကျွန်တော်တို့ User account တွေ အများကြီး လုပ်လို့ရပါတယ် ။ ဒီနည်းကAdministrator အကောင့်ကို ဖောက်တာပါ ။ တစ်ခြားအကောင့်တော့ မရပါဘူး ။ဖောက်ဝင်လို့ရရင် သင်သဘောပေါက်ပါလိမ့်မည် ။ ကျွန်တော် စသုံးတုန်းက ကြုံတုန်း ကြောင်သွားတာ ။

ခု ပွင့်ပြီးသား ဝင်ဒိုးက Administrator အကောင့်ကို ပါစ့်ဝေါ့အဟောင်း မသိပဲနဲ့  ပြောင်းတဲ့ နည်းပါ ။ Controlpenl က ပြောင်းရင်တော့ အဟောင်းကို ထည့်ပေးရမယ်လေ ။
ပထမဆုံး Run box ( Win+R) ကို ဖွင့်ပါ ။
ပြီးရင် cmd ရိုက်ထည့်ပါ ။ ပြီးရင် cmd box တက်လာမယ် ။
net user ရိုက်ပြီး Enter ခေါက်ပါ ။ user account နာမည်စာရင်းတွေတက်လာလိမ့်မယ် ...
net user Administrator * ရိုက်ပြီး Enter ခေါက်ပါ ။tor နဲ့ * ကြားမှာ space bar တစ်ချက်ခြားပေးပါ ။ ပြီးရင် ပါစ့်ဝေါ့ အသစ်ရိုက်ခိုင်း လိမ့်မယ် ဒီတိုင်းပဲ ရိုက်လိုက်ပါ ။ စာသားတွေတက်လာတာ မမြင်ရပေမယ့် ဒီတိုင်းပဲ မှန်အောင် ရိုက်လိုက်ပါ ။ ရပြီဆိုရင် Enter ခေါက်လိုက်ပါ ။ ပြီးရင် အဲဒီတိုင်းပဲ နောက်တစ်ခါ ထပ်ရိုက်လိုက်ပါ ။ ပြီရင် Enter ထပ်လော်ကလိုက်ပါ ။ ပြောင်းပြီးသွားကြောင့် စာသားတွေ့ရလိမ့်မယ်
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်

သင်ရဲ့ကို လုံခြုံမှုရှိမရှိ စစ်မလား(Useful Link)

9:18 AM ---
          အွန်လိုင်းမှာ တွေ့လာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဆိုဒ်တွေကို ပြန်ရှဲပေးတာပါ ။ ခုလည်း သင်ရဲ့ စကားဝှက်နဲ့ ပတ်သက်ပြီး စမ်းသပ်လို့ရတဲ့ ဆိုဒ်လေးပါ ။ သွားရောက်စမ်းသပ်ပြီး မဟန်ရင်တော့ ပြောင်းလိုက်ပေါ့ :)
Test How Strong Is Your Password With Password Meter 
    သွားရောက်စမ်းသပ်ရန်

WinR ကို ဘယ်လို Passwoard ထည့်မလဲ?

12:05 AM ---
ကျွန်တော်တင်ထားတာက ရိုးရိုးဆင်းဆင်းလေးတွေပါပဲ ။ သိပြီးသားဆိုရင်လည်း မသိသေးတဲ့ လူတွေ အတွက်ပေါ့ဗျာ ။

        ကဲ...စကြရအောင်ပါ ။

ပထမဆုံး ကWinR တစ်ဖိုင် လုပ်ရမယ် ။

ဂလိုမျိုးပေါ့ .....



မအိုခေ သွားနဲ့ဦးနော် ။ Advanced မှာ Set password မှာ ကိုယ်ထည့်ချင်တဲ့ စကားဝှက်ကို ထည့်လိုက်ပေါ့ ။






အဲဒီမှာ ထည့်ချင်တဲ့ စကားဝှက်ကို ထည့်လိုက်ပေါ့ 




ပြီးရင် အိုခေလိုက်ပေါ့ဗျာ ။





 ကဲ ခုတော့ Password နဲ့ WinR တစ်ဖိုင်တော့ ရပြီ ။




ကဲပြန်ဖွင့်ရင်တော့ ဒီလိုတွေ့ရလိမ့်မယ်  ။  ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။


ခွန်မောင်ပန်


ဆိုင်မှာ အင်တာနက် သုံးများအတွက် သတိထားရန်

9:24 AM ---

ကျွန်တော် ကိုယ်တိုင်တွေ့ခဲ့ရတာကို သူငယ်ချင်းတွေ သိသင့်တယ်ထင်လို့ ဒီပိုစ့်လေးကို တင်ဖြစ်အောင်တင်လိုက်တာပါ။ သိပြီးသားဆိုရင်လည်း ကျော်သွားလိုက်ပေါ့ ။

ရည်ရွယ်တာက မြန်မာနိုင်ငံ ကျွန်တော် သူငယ်ချင်းတော်တော်များများက ဆိုင်မှာ သုံးတာများတယ်လေ ။ခုပြောပြမယ် အချက်က တကယ်လည်း အရေးကြီးလို့ပါ ။ စလိုက်ကြစို့ ။



   ကျွန်တော်တို့ ဆိုဒ်တစ်ခုခုကို ဝင်မယ်ဆိုရင် အကောင့်တွေဘာတွေဖြည့်ပြီးချိန်မှာ တွေ့ရတတ်တာက ဒါတွေပါ ။ ဒါမှ မဟုတ် ဒါမျိုးလည်း ရှိသေးတယ် ။





တွေ့ဖူးကြမယ်ထင်ပါတယ် ။Remember ကို နိပ်မိလိုက်တာနဲ့  ကိုယ်ရဲ့ အကောင့် နာမည်နဲ့ ပစ်ဝေါ့က Firefoxကျန်နေပါလိမ့်မယ် ။

အောက်ပုံတွေကို ကြည့်ရင့် သဘောပေါက်ကြမယ်ထင်တယ် ။











ဒါကြောင့် မို့လို့ ဆိုင်မှာ အင်တာနက်သုံးနေတဲ့ သူငယ်ချင်းများရေ ... တကယ်လို့ Remember ကို နိပ်မိပြီဆိုရင် သင်ရဲ့ Password ပြောင်းလိုက်ပါတော့ ။ တကယ်လို့ ဆိုင်ဖွင့်နေတဲ့ သူငယ်ချင်းဆိုရင်လည်း စိတ်ထားကောင်းကောင်းနဲ့ နံပါတ်သုံးပုံမှာ ပါတဲ့အတိုင်း သူတစ်ပါးတွေရဲ့အကောင့်ကို မယူသုံးဘဲနဲ့ ။Remove all ကို နိပ်ပေးလိုက်ပါလို့ တောင်းဆိုလိုက်ပါ။ နောက်တစ်ချက်က အဲပေါ်မှ ပြတဲ့ပုံတွေထဲက Remember.Never for this site. Not now သုံးခုမှာ Never for this site ကို ရွေးပေးကြပါ ။ ပြီးတော့ အဲဒါကို မေးမေးနေတာကိုလည်း ပိတ်ထားပေးကြပါ ။



အဲဒါကတော့ Viwe page info ကနေဝင်တာပါ ။ အမှတ်လေးပေးထားရင် ဖြုတ်ထားပေးလိုက်ရုံပါပဲ ။

အားလုံးပဲ ပစ်စ်ဝေါ့အခိုးခံရခြင်းမှ ကင်းဝေးကြပါစေ ။             ခွန်မောင်ပန်