ကျွန်တော် အဲဒီဆိုဒ်က စာအုပ်တစ်အုပ်ကို အရမ်းလိုချင်နေတာလေ .... ဘယ်လိုဒေါင်းဒေါင်း ဒေါင်းလို့မရဘူး အကူညီတောင်းတာလည်း ဘယ်သူမှလည်း မကူညီဘူး :(
ဒါပေမယ့် ကျွန်တော် မရရအောင် ကြိုးစားပြီး ဒေါင်းမှာပါ ။ ဒီနည်းကို ကျွန်တော် ရေးပြီးသွားပါပြီ ပထမတစ်ခေါက်... အခု ဒုတိယတစ်ခေါက်ပေါ့ ။ ပထမတစ်ခေါက်ရေးပြီးတော့ ကျွန်တော် ဒေါင်းတာ ဒေါင်းမရတော့ မရဘူးဆိုပြီး ကျွန်တော့်ပိုစ့်ကို ကျွန်တော်ဖျက်ချလိုက်တယ် ။ ဒါပေမယ့် ကျွန်တော့်ကွန်နက်ရှင် မကောင်းလို့မရတာပါ။ ကျွန်တော် ကွန်ကောင်းနေတုန်း ထပ်ဒေါင်းတာ ရပါတယ် ။ အဲဒါကြောင့် ကျွန်တော် ဒုတိယတစ်ခေါက် အနေနဲ့ ထပ်ရေးတာပါ ။ ဗီဒီယို တည်းဖြတ်တဲ့ ပိုစ့်လည်း ဒီညအပြီးရေးပေးမှာပါ ။ လိုအပ်တာတွေ ရှိရင် မေးချင်တာတွေရှိရင်လည်း မေလ်းပို့ပေးပါ ။ ကူညီနိုင်သလောက် ကူညီပေးပါမယ်........
ပထမဆုံး Scribd.com က လိပ်စာ စာအုပ်လင်ခ့်ရဲ့ လိပ်စာပေါ့ ။ ဥပမာ ဒီနေရာကို ဖွင့်ပါ ။ ကျွန်တော် လိုချင်နေတဲ့ စာအုပ်ပေါ့ ။ ဒေါင်းပြီးလို့ အဆင်ပြေတယ်ဆိုရင် အဲဒီစာအုပ်ကို ကျွန်တော့် မေလ်းထဲကို ပို့ပေးလို့ အဆင်ပြေမယ့် သူများရှိရင် ပို့ပေးပါလားလို့ decembermgmg1992@gmail.com ပါ ။
အဲဒီစာမျက်ပွင့်ပြီ ဆိုတာနဲ့ Download ကို နိပ်ပါ ။ နားမလည်ပါက ပုံကို ကြည့်ပါ ။ အဝါရောင် နောက်ခံနဲ့ Download ပါ ။
Showing posts with label Useful Link. Show all posts
Showing posts with label Useful Link. Show all posts
ဒေါင်းကြမယ်ဟေ့ ကောင်းကောင်း
6:38 AM
စာအုပ်တွေ ဆောပ်ဝဲလ်တွေ လိုက်ရှာနဲ့ အကြံတစ်ခုရလို့ စမ်းကြည့်လိုက်တာ ဒေါင်းစရာတော်တော်များကို တွေ့လိုက်လို့ ပြန်ရှဲပေးတာပါ ။ မသိသေးတဲ့သူတွေကို ရည်ညွန်းပြီး ရေးပါတယ် ။ ဘာလို့ဆိုတော့ ကိုယ်ထက်တတ်တဲ့သူတွေက များတာကိုး အဲဒါကြောင့် မတတ်တဲ့သူတွေအတွက်သာ ရည်ညွန်းပြီး ရေးပါ၏ ။ ခေါင်းစဉ်ဖတ်ပြီး မကြိုက်ရင်လည်း ဆက်မဖတ်ပါနှင့်... ကျွန်တော်ရေးပြီးသား ပိုစ့်အချို့တွင် တွေ့ရတတ်တဲ့အတွက်မို့လို့ပါ ။ သိပြီးသား တတ်ပြီးသား အဲဒါမျိုး ။ ကျွန်တော် တတ်လို့ ရေးတာလည်း မဟုတ်ပါဘူး ။ နည်းပညာတစ်ခုကို ကျွန်တော်တွေ့ပြီဆိုတာနဲ့ ပထမဆုံး ကျွန်တော် မေ့ပျောက်သွားမှာကို စိုးပါတယ် ။အဲဒါကြောင့်လည်း ပိုစ့်တစ်ပုဒ်အနေနဲ့ ရေးပါတယ် ။ နောက်သိချင်တဲ့သူတွေ ဖတ်စေနိုင်ဖို့ငှာလည်း ရေးပါတယ် ။ သိပြီးတတ်ပြီးသားများ ဖြစ်သွားရင် တောင်းပန်ပါတယ် ။
ပထမဆုံး filecrop.com သွားပါ ။ search နေရာမှာ myanmar လို့သာ ရိုက်ထည့်ပါ ။ ဒေါင်းချင်တာတွေ ကြည့်ရွေးဒေါင်းပေတော့ဗျာ ။ အဲဒီနေမှာ ကျန်တဲ့ ကိုယ်လိုချင်တာ တော်တော်များများကို ရိုက်ထည့်နိုင်ပါတယ် ။ ဒီဝက်ဆိုဒ်ကောင်းကြောင်းကို ကျွန်တော် ခဏခဏရေးဖူးပါတယ် ။ လူသားအားလုံးကို လေးစားပါတယ် ။ ခွန်မောင်ပန်

Online ကနေ Linux ကို လေ့လာချင်ရင်
9:37 AM
ကျွန်တော် Linux os ကို သုံးချင်ပါတယ် ။ ဒါပေမယ့် Os တစ်ခုနဲ့တစ်ခုပြောင်းပြီးသုံးတဲ့အခါမှ အဆင်မပြေမှာလည်းကြောက်သလို ပြီးတော့ Linux ခွေလည်းမရှိဘူး ။ ဒေါင်းဖို့တော့ မပြောပါနဲ့ ။ သုံးတော့ သုံးဖြစ်အောင် ကြိုးစားရမှာပါ ။ မသုံးသေးပေမယ့် သုံးတဲ့အခါအဆင်ပြေဖို့ ကြိုးစားနေပါတယ် ။ တစ်ခါတစ်လေ လက်တွေ့မရှိတော့လည်း ပျင်းဖို့ကောင်းတာမို့ အွန်လိုင်းမှာ လေ့လာနိုင်တဲ့ ဆိုဒ်တစ်ခုကို တွေ့တာနဲ့ ပြန်ရှဲလိုက်တာပါ ။
ကဲဗျာ ။ မိတ်ဆက်နေတာကြာပါတယ် ။ လေ့လာနေဆဲသူတွေ အတွက် အထောက်အကူပေးနိုင့်မယ့် နေရာကို သွားချင်တယ်ဆိုရင်တော့ ဒီကို နိပ်လိုက်ပါ ။

Register ကို နိပ်ပြီးတော့ အကောင့်လုပ်ပါ ။ မေလ်းကို စာပို့ပေးလိမ့်မယ် ။ အဲဒီကနေတစ်ဆင့်ဝင်လိုက်ပါ ။

ပြီးရင် အဲမေလ်းလင်ခ့်ကနေပဲ အကောင့်ကို ဖြည့်ပြီးဝင်ပါ ။

ပြီးရင်တော့ အကောင့်ဝင်ပြီးပြီဆိုတဲ့ စာပေါ်ပြီး သကာလ အောက်နားက Terminal ကို နိပ်ပါ ။
ပြီးရင်တော့ username နဲ့ password ကိုရိုက်ပြီးတော့ လေ့လာနိုင်ပါပြီ ။