Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

GTalk Theme တွေနဲ့ အပြတ်လန်းမယ်

7:32 AM ---
               မိ၈ျမ်းတစ်ယောက် ဦးမောင်ကို ၈ျီတော့သေမ်းလေး မစပါဦးဆိုလို့ ။ ကျန်တဲ့ ဘော်ဒါတွေလည်း လန်းရအောင့်လို့ တင်ပေးလိုက်ပါတယ်ဗျာ ။ သေမ်းတွေ မတင်ခင် သုံးပုံ သုံးနည်းလေး နည်းနည်းလောက် လေကြောရှည်ပါရစေဗျာ ။ အောက် လာလတ္တံသော သေမ်းလေးတွေကို မဒေါင်းချမိ သိသင့်သိထိုက်တာလေးတွေကို အရင်ဖတ်ပါ ။ နားလည်အောင်ဖတ်ပါ ။ သို့မဟုတ်ပါက မရသည်ရှိသော် တစာစာမအော်လေလင့်ဟု ကြိုတင် သတိပေးပါရစေလားနော် :)

အဲ....အောက်က ကြိုက်တဲ့သေမ်းတွေကို(အကုန်ကြိုက်လို့ အကုန်ဒေါင်းရင်လည်း စိတ်မဆိုးပါဘူး) ဒေါင်းလုပ်ချပြီဆိုပါတော့ .....။ rar file နဲ့ theme ကို တွေ့ရပါလိမ့်မယ် ။ ဖြေထားလိုက်ပါ ။ ကလေးတတ် လူကြီးတတ်ပြီးသား ။ ဆိုတော့ ခု xp,7 နှစ်ခုရှိတယ် ။ 8 သုံးနေရင်တော့ တာဝန်မယူပါ ။ 8 ခွေတောင် မတွေ့ဖူးသေးပါ ။ ကဲ.... xp ဆိုရင်တော့ C:/Documents and Settings/(your user name)/Local Settings/Application Data/Google/Google Talk/themes/user/chat/  အဲဒါ အစဉ်တိုင်းပဲ သွားပြီးတော့ စောနက ဖြေထားတဲ့ ဖိုင်ကို ထည့်ထားလိုက် ။ ပြီးရင်တော့ ၈ျီတော့ Settings ကို ဝင် Appearance ကနေ theme တွေကို ပြောင်းလိုက်ပါ ။ ဒါတွေကို ပေါက်ရင်တော့ စလို့ရပြီ ။ဒါက xp ။ 7 ကျတော့ နည်းနည်းလေးပဲကွာတယ် ။ user name ကနေ appdat/Local/Google/Google Talk/themes/system/chat ထဲကို ဖြေချလိုက် ။
မပေါက်သေးရင်တော့ အောက်မှ မန့်သွားလိုက်ပါ ။
ကဲ ကြိုက်တဲ့ Theme တွေကို အားမနာတမ်း ဒေါင်းလိုက်ပါ ။

Google Talk Themes
 Download this Theme

 Google Talk Themes
Download this Theme

 Google Talk Themes
Download this Theme

 Google Talk Themes
 Download this Theme

 Google Talk Themes
Download this Theme

 Google Talk Themes
 Download this Theme

Google Talk Themes
 Download this Theme

Google Talk Themes
 Download this Theme
ဒီ PHP ကိုတော့ သိပ်မသုံးပါနဲ့လို့တော့ သတိပေးပါရစေ ။ ပရိုဂရမ်းမင်း အခြေခံမရှိရင် ......ဟဲ စတာ ။
Google Talk Themes
Download this Theme
ကဲ ဘော်ဒါတို့ရေ ဒါလောက်ဆို ကျေနပ်လောက်ပြီ ထင်ပါတယ်နော် ။ ခွန်မောင်ပန်

Window Player နဲ့ နားထောင်တဲ့ သီချင်းတွေကို Gtalk မှာ ပြမယ်

11:00 AM ---



           စာရေးဖို့တော့ နည်းပညာက ရပြီဆိုပေမယ့် ခေါင်းစဉ်ပေးဖို့တော်တော်လေး စဉ်းစားယူရတယ် ။
နည်းက ခပ်ဆန်းဆန်းလေးပါ ။ သူများရေးတာလည်း မတွေ့သေးတာမို့ ရေးလိုက်ကောင်းသားလို့ အတွေးပေါက်တာနဲ့ ခေါင်းစဉ်ကို ခပ်သွက်သွက် စဉ်းစားပြီးရေးလိုက်ကြောင်းပါ ။ ခေါင်းစဉ်အတိုင်းပါပဲဗျာ ပိုစ့်ကတော့ ။ လုပ်နည်းက လွယ်ကူတာမို့ ၈ျီတော့ ရှိသူတို့ စမ်းကြည့်နိုင်ပါတယ် ။

ပထမဆုံး window player ကို ဖွင့်လိုက်ပါ ။ option ကို ဖွင့်လိုက်ပါ ။ tool >option ပါ ။ plug ins ကို နိပ်လိုက် ။ ပြီးတော့ background ကို ထပ်နိပ် ။ အဲဒီမှာ Google Talk music plugin ကို အစက်ဖြည့်ပေးပြီး OK ပေါ့ ။ ပြီးပြီ window player ပြင်တဲ့အပိုင်း ။ ပုံနမူနာကြည့်လိုက်ပါ ။
window media player
  
ကဲ ခု ၈ျီတော့မှာ ပြင်ဖို့ နည်းနည်း ရှိတယ် ။ ခုဖွင့်ထားလား ။ ဖွင့်ထားရင် ပိတ်ပြီးတော့ ပြန်ဖွင့် Restart ချတဲ့ သဘောပါ ။ ချစ်ချစ်တွေ ရှိရင် ကြိုပြောပြီးတော့ ထွက်ကြ ။ မမြင်အပ်မကြားအပ် စိတ်ဆိုးမှုတွေ ရှိနိုင်လို့ :)
ကဲ ပြန်ဝင်ပြီ ဆိုပါတော့ ၈ျီတော့ထဲကို ။ အဲဒီမှာ stutus က ဒီလိုရေး ရေးထည့်ပေးလိုက်ပါ ။ Show current music track ။ ကဲရေးလို့ ပြီးပြီ ဆိုရင်တောပ နောက်တစ်ခု လုပ်ရမှာက အစိမ်းကနေ အနီကို ပြောင်းတာပါဗျာ ။ ရေးတုန်းက အစိမ်းဆိုရင် အနီလေးပြောင်းပေးလိုက်ပါ ။
gtalk








ကဲပြီးပြီ ဆိုရင်တော့ သင့်ရဲ့ ၈ျီတော့ကို ကြည့်လိုက်ပါ ။ သင်ဖွင့်တဲ့ သီချင်းတွေအလိုက် အော်တိုပြောင်းနေမှာပါ ။ အဆင်ပြေပါစေဗျာ ။

ဆိုင်မှာ အင်တာနက်သုံးနေတဲ့ သူတွေ သိသင့်တဲ့ Gtak hack

8:36 AM ---
                အင်တာနက်မှာ လိုက်မွှေရင်းနဲ့ တွေ့လာလို့  ဆိုင်မှာ သုံးနေတဲ့ မြန်မာက သူငယ်ချင်းတွေ မခံရအောင်လို့ သတိပေးစာအနေနဲ့ တင်ပေးလိုက်ပါတယ် ။ ဒီကောင်က ဆောပ်ဝဲလ်တစ်ခုပါ ။ ပြောရရင် Gtalk အတုပေါ့ဗျာ ။ အတုဆိုပေမယ့် အမှုမဲ့ အမှတ်မဲ့ ကြည့်လိုက်ရင် အစစ်ထင်ပြီး မှားဝင်နေကြဦးမယ် ။ ပြောလို့မရမလား... တွေ့ချင်စောနဲ့ လောလောဖွင့်ရင်ကော ။  ခုကျွန်တော် ဆောပ်ဝဲလ်တင်ပေးသင့် မတင်ပေးသင့်တော့ စဉ်းစားလို့မရသေးလို့ မတင်သေးဘူး ။



              ကွာတော့တော်တော်ကို ကွာတယ် ။ အစစ အရာရာတွေပေါ့ ။ ပုံလည်း ကြည့်ဦး...
ပုံစံလည်းကွာတယ် ။ အတုက ထပ်ဆွဲချဲ့လို့မရတော့ဘူး ။အဲဒီစတိုင်က အဲဒီလိုပဲ ရှိနေတယ် ။ အစစ်က ကြိုက်သလိုဆွဲလို့ရတယ် ။  ပြီးတော့ အပေါ်မှာ Inbox ဆိုတာလည်း အဆစ်ပါသေးတယ် ။ ဒါပေမယ့်မယ့် ဖွင့်လို့လည်း မရဘူး ။ ပြီးတော့ Sign In လုပ်လို့လည်းမရဘူး ။ ဒီလိုတက်လာတယ် Retry ပေါ့

အဲဒီလိုမျိုးဖြစ်ပေမယ့်  ။ ရိုက်ထည့်လိုက်တဲ့ နာမည်နဲ့ စကားဝှက်က My Computer --->> C မှာ သိမ်းထားပေးပါလိမ့်မယ် ။ Text file နဲ့ပေါ့ ။
စကားဝှက်ကို အမှန်ထင်ပြီး ရိုက်ပြီးတော့ မစမ်းလိုက်နဲ့နော် :) 
                               အားလုံးပဲ ရှောင်ရှားနိုင်ကြပါစေ ခွန်မောင်ပန်

ကျွန်တော်နှင့် ကျွန်တော်ချစ်သော ကျွန်တော့် Chatroom

6:12 AM ---
           ဟိုတစ်ညက ဟိုလုပ်ဒီလုပ်နဲ့ ချက်ရုမ်းတစ်ခုကို သွားလုပ်လိုက်မယ်တယ် ။ အဲဒါနဲ့ပဲ.... တစ်ယောက်ယောက်ပြီး တစ်ယောက်ဝင်လာတယ် ။ ပြောရရင် ကိုဒက်တို့ ကိုထူးတို့ တားလေး မွန်မ 2D တို့တွေပေါ့ သူတို့ တာဝန်ခံတွေ ။( အဖွဲ့သားသစ် ကြိုဆိုရေး တာဝန် )

        တစ်ရက်နှစ်ရက်အတွင်းတော့  များတော့ များလာပြီ ။ တာဝန်ခံတွေလည်း အလုပ်ဂှုပ်ရော ။ ဒါတောင်မှ ကျွန်တော်က မကျေနပ်သေးလို့ ကိုယ်စီကိုယ်ငှ Facebook မှာ ကြေညာစာတမ်းဝေလိုက်သေးတယ် :)
နေ့ပိုင်း ကျွန်တော်က ထိုင်လို့မရလို့ သူတို့တွေပဲ တာဝန်ယူနေရတယ် ။ တားတားက သူအလုပ်လုပ်ရင်း ကြိုဆိုတယ်ဆိုပဲ ။


        ခုကျွန်တော်မှာ တွယ်တာစရာ ကျွန်တော့်ချက်ရုမ်းက သူငယ်ချင်းတွေက စုပေါင်းပြီး အတင်းသုတ်လိုက် အသစ်လေးေ၇ာက်လာရင် ကြိုဆိုလိုက်နဲ့  တကယ်ကို ပျော်ရပါတယ် ။ တကယ်ကို ခင်တွယ်နေကြပြီ ။ ကျွန်တော့် သူငယ်ချင်းအသစ်တွေနဲ့ ....
ကျွန်တော်တို့ရဲ့ ဆွေးနွေးနေတာကိုလည်း ဂှု့ပေးပါဦး :D



Gtalk Portable သုံးလိုသူများအတွက် (ကြိုက်တဲ့ကောင်လာခဲ့ Portable လုပ်ပစ်မယ် )

8:55 AM ---
              ကျွန်တော်က ဒီနည်းကို အောင်မြင်ဖို့ တော်တော်လေးကို ကြိုးစားပမ်းစား လုပ်ခဲ့ရပါတယ်ဗျာ ။ ဘယ်လောက်ဆိုရင် .... ကျွန်တော်စမ်းတာ ဒေါင်းထားတဲ့ဆောပ်ဝဲလ်တွေတောင် ကုန်သွားတယ်ဗျာ ။ ရှိတော့ဘူး ။ ဆောပ်ဝဲလ်တွေနဲ့ လက်တွေ့စမ်းတာဗျာ ။ ဘာလဲဆိုတော့ ကြိုက်တဲ့ ဆောပ်ဝဲလ်ကို Portable လုပ်တာတဲ့ ။ Portable ဆိုရင်တော့ ကျွန်တော်စိတ်ဝင်စားတယ် ။ ဘာလို့ Run စရာမလိုတာကိုး ။ ကြိုက်တဲ့ဆောပ်ဝဲလ်ဆိုတော့ .... အဟဲ စိတ်မဝင်စားဘဲနေမလားခင်ဗျာ ။ ဒါကြောင့် နည်းတွေက တွေ့ထားတဲ့အတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ချက်တွေကို
ပြန်လှည်ဝေငှလိုက်ပါတယ်ဗျာ။  ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်နိုင်ပါတယ်ဗျာ ။ မအောင်မြင်ရင်လည်း အားမငယ်နဲ့ စမ်းသာစမ်း ။ ကျွန်တော်တောင် မကော်ပီပဲနဲ့ စမ်းတာကိုး အကုန်လုံးကုန်သွားတယ် ။ တစ်ခုမရဖျက်လိုက် တစ်ခုထပ်ပြောင်း မရလိုက်နဲ့ ကုန်သွားတာပဲ ။ ဒါပေမယ့် အောင်မြင်လေး ရတော့ ကုန်ရကျိုးနပ်ပါတယ် ။ လိုအပ်တဲ့ဆောပ်ဝဲလ်တွေကို ပြန်ဒေါင်းနေရပြီခု :)


               ကြေညာတာလည်း နည်းနည်းများသွားတယ် ။ ခု ဒီနည်းကို သုံးချင်တယ်ဆိုရင်တော့... တစ်နည်းပြောရရင် ဆောပ်ဝဲလ်တွေကို Portable  လုပ်ချင်တယ်ဆိုရင်တော့ပေါ့ဗျာ ။
ပထမဆုံးပြောရရင် ... စက်ထဲမှာ WinR နဲ့   Universal Extractor အရင်ထည့်သွင်း Run ထားရမယ် ။Universal Extractor ကို ဒီမှာ ဒေါင်းလို့ရတယ် ။ မဟုတ်ရင်လည်း လိုက်ရှာလို့ရပါတယ် ။ မြန်မာဆိုဒ်တွေတော်တော်များများမှာ တင်ထားတာ တွေ့ရတယ် ။  ပြီးရင်တော့ လုပ်ငန်းစလို့ရပြီ ။ 


            စတာပေါ့ဗျာ။ ပထမဆုံး New folder တစ်ခု ယူလိုက်ပါ ။ ဘယ်နေရာပဲဖြစ်ဖြစ် ။ ပြီးရင် Portable လုပ်ချင်တဲ့ ဆောပ်ဝဲလ်ကို အဲဒီထဲကို ထည့်လိုက်ပါ ။ ကျန်တာတွေ ထပ်မထည့်ပါနဲ့ ။ exe file တစ်ခုတည်းပဲ ထည့်ပါ ။ ပြီးရင် ... အဲဒီဆောပ်ဝဲလ်ထည့်ထားတဲ့ Folder ကိုလည်း ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးလိုက်ပါဗျာ ။ ဥပမာ ခု ကျွန်တော်က Gtalk ကို လုပ်ပြတာဆိုတော့ Googletalk လို့ ပြောင်းထားတယ် ။ မိမိလုပ်တဲ့ ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးပါဗျာ ။ 
ပုံကို ကြည့်ပါ 
(ပုံကို ကောင်းကောင်းမမြင်ရပါက New tag ဖြင့် ဖွင့်ကြည့်ပါ ။ ကျွန်တော်ရဲ့ ဆိုဒ်စာမျက်နှာနဲ့ ကိုက်အောင် လုပ်ထားတာ မို့လို့ပါ ။ ။ )
ပြီးရင်တော့ exe file (portable လုပ်မယ့် ဆောပ်ဝဲလ်) ကို Right ကလင်ခ့်နဲ့ UniExtract Here ကို ရွေးပေးလိုက်ပါ ။ ခဏစောင့်ပေးလိုက်ပါ .... သူဖာသာသူ လုပ်နေလိမ့်မယ် ..... ပြီးတဲ့အထိစောင့်ပေးလိုက် ။ 

              ပြီးရင်တော့ စောစောက exe file အပြင် နောက်ထပ် အပိုဖိုင်တွေ ရောက်လာလိမ့်မယ် ။ ပြီးရင် အဲဒီ exe file အပြင် အပိုရောက်လာတဲ့ ကောင်တွေကိုပါ ။ Select all လုပ်ပြီး တစ်ခုခုပေါ်ကို ထောက်ပြီး Right နဲ့ Add to archive ကို ရွေးပေးလိုက်ပါ ။ ဒါတော့ WinR သုံးသူများ သိပြီးသားပါနော် ။ 


          ပြီးရင်တော့ WinR နဲ့ လုပ်တဲ့နေရာမှာ တစ်ခါတည်း မအိုခေနဲ့ဦး... နည်းနည်းပြင်စရာရှိသေးတယ်ဗျာ ။ ဘာတွေပြင်ရမလဲဆိုတော့......General က Create SFX archive ကို အစက်ဖြည့်ပေးလိုက်ပါ ။ ကျန်သေးတယ်နော်  .........
( အစက်ကို ဖြည့်လိုက် ဖြုတ်လိုက် လုပ်ကြည့်ပါ ။ ဘာထူးလဲကို အောက်မှာ ပြောပြ ။ )


နောက်တစ်ခုက....General ပြီးရင် Advanced က SFX options ကို ဆက်ရွေးပေးလိုက်ပါ ။  ပြီးရင်း ရွေးစရာရှိပါသေးတယ် ။


ခု SFX options မှာ ရွေးရမှာတော့... General က Create in Program Files ကို အစက်ထည့်ပေးလိုက်ပါ ။ ပြီးရင် အောက်က Run after extraction မှာ မိမိဆောပ်ဝဲလ်နာမည်ကို ထည့်ပေးလိုက်ပါ ။ သိပ်အရေးပါပုံမထင် :)  ထည့်ရွေးပေးဦးမယ် နည်းနည်းပဲကျန်တယ်.....


Advavced ကို ကျော်ပြီး Modes က Unpack to temporary folder ကို အစက်ဖြည့်ပေးလိုက်ပါ ။ Silent mode က Hide all ကို အစက်ပြောင်းပေးလိုက်ပါ ။ နောက်ဆုံးတစ်ခုပဲကျန်မယ်....

Update က တစ်ခုတည်းပဲဗျာ ။ တစ်ချို့က ဒါက မရေးထားဘူး ။ လုပ်စရာလည်း မလိုတဲ့ သဘောပေါ့ ။ ဒါပေမယ့် စုံအောင်... လုပ်ပေးတာပေါ့ ။ Skip existing files ကို အစက်ပြောင်းပေးပြီးတော့ အစက်ဖြည့်လိုက်ပြီး OK လိုက်ပါ ။ ပြီးရင်လည်း ပထမဆုံး Box ကို ထပ်ပြီးတော့ OK လိုက်ပါ ။ ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ Portable ကို လုပ်နေပါသဖြင့်.....


ပြီးရင်တော့ Gtalk Portable က ရောက်ရှိနေမှာ ဖြစ်ပါတယ် ။ Run စရာမလိုဘူး ။ အသင့်သုံးရုံတာ ရဲလ်ဒီမိတ်ပေါ့ :)   ခု စာရေးတာပြီးပြီဆိုတော့ နည်းနည်းလောက်ကြေညာ ဝင်ဦးမယ်နော်......:)
ကျွန်တော်အခု Gtalk Chatroom တစ်ခုလုပ်ထားတယ် ။ ဘယ်သူမှလဲ မသုံးဘူး.... အားငယ်လိုက်တား( (ဂဏန်းကြည့်ကြည့်တာ ) ။ သုံးပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်ဗျာ ။ ကျွန်တော်လည်း ရှိနေမှာပါ ။ အဲဒီမှာ စုပေါင်းပြီး မဟုတ်တာတွေ အတင်း အဲ... နည်းပညာတွေ ဆွေးနွေးမေးမြန်းကြတာပေါ့နော် ။ decembermgmg1992.co.cc@partychapp.appspotchat.com ပါ ။ အားလုံးကို စောင့်မျှော်ကြိုဆိုနေ့မယ်....
           ခွန်မောင်ပန်

ပါဠိ မြန်မာ အင်္ဂလိပ် (Gtalk dictionary Account)

5:05 AM ---


  အကိုတစ်ယောက်က ကျွန်တော့်ကို မနေ့ညက လာပြောတယ် ။ အပေါ် ပါဠိ မြန်မာ အင်္ဂလိပ် (Gtalk dictionary Account) တဲ့ဗျာ ။ သူပြောတာ အကိုရေးတဲ့ Guru လိုပဲ အသုံးဝင်တယ်တဲ့ အကို့ဘလော့မှာ ဒီအကြောင်းကို ရေးပေးပါလားဆိုပြီး အကူညီတောင်းလာတယ် ။ ကျွန်တော်လည်း စမ်းသုံးလိုက်မိတယ် ။ ဟုတ်ပါတယ် ကျွန်တော်တို့ ဗုဒ်ဓဘာသာဝင်တွေ အတွက် အသုံးဝင်ပါတယ် ။

ဆိုလိုတာက . အဲဒီမှာ ကျွန်တော် သိတဲ့ ပါဠိစကားလုံးကို ရိုက်ထည့်ပေးလိုက်ရင် မြန်မာလိုကော အင်္ဂလိပ်လိုပါ ပေါ်လာတာပဲဗျာ ။  ကျွန်တော်လည်း သိသမျှ ပါဠိစကားလုံးတွေကို ရိုက်ထည့်မိတာလေးတွေကတော့.












အသုံးဝင်ပါတယ်ဗျာ ။ အားလုံးပဲ မိမိရဲ့ အကောင့် အက်ပေးလိုက်ကြပါ ။



pali2myn@gmail.com ပါ ။ အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်

Gtalk ကနေ သိချင်တာလေး မေးမယ်

10:13 PM ---

       ရေးရမှာလည်း ခပ်လန့်လန့် ဘာလို့ဆိုတော့ ဂုရုတုန်းကလည်း တော်တော်လေးကို ရှုပ်ခဲ့ပြီးပြီ ။ နားလည်တဲ့သူတွေက အသုံးတည့်လို့ နားမလည်တဲ့လူတွေလည်း မေးတာတစ်မျိုး ဖြေတာတစ်မျိုးတဲ့ ။ ခုလည်း လာပြန်ပြီ ။ Webtoim တဲ့ ။ ဒီကောင့်ကို မေးရတာ လွယ်လွယ်လေးပါ ။ သိချင်တဲ့ စကားလုံးကို ရေးထည့်လိုက်ပါ ။ သူပြောပြလိမ့်မယ်....



        နည်းနည်းလောက်ပြောပါရစေဦး... ဂုရုနဲ့ ခုကောင်အကြောင်း.....

ဂုရုက ဆိုဒ်တွေကို ရှာတာ Searching web name ပေါ့ :)



ထပ်ပြောပြလိုက်မယ်.. ဂုရုအကြောင်းကို...

ခုကျွန်တော်က နည်းပညာကို ရိုက်ထည့်လိုက်မယ်ဗျ...

အဲဒါ ဒီလိုပေါ်လာတယ်....




နည်းပညာနဲ့ ဆိုဒ်နာမည်ပေါ်လာတယ်.... မိုးထက်မြင့်(နည်းပညာ) တဲ့ ။ ကျန်တာတွေကို အောက်က URL နဲ့ ချုပ်ပြီးတော့ ပြပေးကြောင်းပါ ။

          ကဲခု ကောင်လေးက ဒီလို မေးရတယ်... Photoshop လို့ မေးလိုက်တယ်... ကျန်တာ ထည့်ဖို့မလိုဘူး ။ ရေးတာကို ဖြေပေးမယ်.. ဒါသူ့အလုပ် ။ ဖြေပေးပါလို့ ထပ်ရိုက်မနေနဲ့ ။ အပိုမလိုဘူး ။ အပိုပါရင် ဖားတယ်ထင်ပြီး မဖြေဘဲနေဦးမယ် :)




 Blogger လို့တောင် ထပ်မေးပေးလိုက်သေးတယ်...




     ကဲ ခုလောက်ဆို မေးပုံမေးနည်းလေး သိလောက်ပြီ ထင်တယ် ။ မြန်မာလိုတော့ မရကြောင်းပါ ။




မေးမြန်းချင်ဖြင့် သုတပွားစေသော် ။ ဆက်လက်ရှာဖွေရေးသားဦးမယ့်... ခွန်မောင်ပန်

GTalk AutoReply

8:17 AM ---

ကျွန်တော် ဒီဆောပ်ဝဲလ်ကို တစ်ခါသုံးပြီးပြီ ။ ဒါပေမယ့် ဘယ်လိုသုံးရမယ်ဆိုတာကို သေချာမကြည့်မိလို့ မသုံးဖြစ်ဘူး ။ ဒါပေမယ့် သုံးနည်းကို တွေ့တော့ တော်တော်လေးကို သဘောကျသွားတယ် ။ ဘာလို့ဆိုတော့ ကိုယ့်ကို စကားလာပြောတိုင်း ကိုယ်ပြောချင်တဲ့ စကားကို ထည့်ထားလိုက်ရုံနဲ့

သူ့ဖာသာသူ ပြောနေပါလိမ့်မယ် ။ အသုံးလိုတဲ့သူ အသုံးဝင်မှာပါ ။ သိပြီးသားဆိုရင်လည်း ဆောရီးပေါ့ ။

သုံးချင်တယ် ဆိုရင်တော့ ဒေါင်းလိုက်ပါဗျာ ။

သုံးနည်းတော့ သိပ်မခက်ပါဘူး ။ အကောင့်ဖြည့် ကိုယ်ပြောစေချင်တဲ့ စာကို နိပ်လိုက်ရုံတင် ။ မြန်မာစာမပေါ်တော့ ။ တစ်နေရာမှာ ရေးပြီး ကော်ပီထည့်လိုက်ပါ ဗျာ ။



ပြီးရင်တော့ သင့်ကို လာဟိုင်းတဲ့လူကို ဒီလိုမျိုးတွေ့ရလိမ့်မယ်...





                                           အဆင်ပြေပါစေ ။ ခွန်မောင်ပန်

                                 >>>>>>>> ဒေါင်းလုပ်ရန်<<<<<<<<<

Gtalk က လိုတရအိုးလေးကို နှိုက်ကြည့်မယ်

10:49 AM ---

လိုတရအိုးလေးနဲ့ မိတ်ဆက်ခွင့်ရတာ ဝမ်းသာပါတယ်ဗျာ ။ ဒါလေးက ကျွန်တော် ရှာတွေ့ထားတဲ့ အရာလေးတွေထဲက တစ်ခုဗျာ ။ ဟီး နာမည်က လိုတရအိုးဆိုတော့ နှစ်လုံးထီတော့ မတောင်းပါနဲ့နော် ။ တန်းခိုးတွေ ကွယ်ကုန်မှာ စိုးလို့ ။ ဆက်ပြောကြည့်မယ်....အဲဒီကောင်လေးကို မိမိစိတ်ကူးထဲမှာ ရှိတာလေးကိုမေးကြည့်လို့ရတယ် ။မိမိစိတ်ကူးရှိရင် ရှိသလောက် မေးတတ်ဖို့လိုမယ် ။ ရှင်းရှင်းဖြစ်ဖို့တော့ လိုမယ် ။ မြန်မာလိုဆိုလိုလည်း မိုက်ပါတယ် ။ မိမိစိတ်ကူးထဲက ရှိတဲ့ စကားလုံးကို ရိုက်ပြီးတော့ ရှာခိုင်းကြည့်လို့ရတယ် ။ အဓိက တစ်ခုတော့ သူပြောပြမယ် ။

ကျန်တာတွေအတွက်တော့ သိမ်းကြုံးပြီးတော့ ပြောပြလိမ့်မယ် ။ ကျွန်တော်ကတောင် လန်ဒန် မိုးလေဝသ သတင်းကို မေးလိုက်သေးတယ် ။





ထိုင်းကိုမေးတော့ မရဘူး ဟီး ။  ထိုင်းစကားတော့ တတ်ပုံမရဘူး ။ မြန်မာလိုတော့ မွေလို့ရတယ် ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း www.decembermgmg.co.cc ကို ရိုက်ထည့်လိုက်တာ ။ ဒီလိုလေးပေါ်လာတယ်ဗျာ ။



အဲဒါလေးကို သူက ပြန်ပြောပြတယ်။ ကျန်တာတွေကိုတော့ သူအကျဉ်းချုံးပြီးတော့ ပြောပြပါတယ် ။ http://m.google.com/u/A_b8NM ဆိုပြီးတော့ အဲဒီစာလေးကို နိပ်လိုက်တာနဲ့ Google မှာ www.decembermgmg.co.cc ရှာရိုက်သလိုပဲ တက်လာတယ် ။ အံဖွယ်လေးပဲ ။ စာဖတ်သူတို့လည်း သဘောကျမယ် ထင်ပါတယ် ။ သဘောကျတယ် ဆိုရင်တော့ Add လိုက်ပါ ။ khunpan258@gmail.com အဲမှားလို့ တမင်သက်သက်ကိုမှားတာ ဟီး ။ guru@googlelabs.comပါ ။ အက်လိုက်တာနဲ့ တစ်ခါတည်း တန်း မီးစိမ်းနေပါလိမ့်မယ် ။ အားကျမခံနဲ့ တစ်ခါတန်းပီး မေးပစ်လိုက် ။ ရင်ထဲက စကားလုံးတွေကိုပေါ့ ။ ကျွန်တော်လိုမျိုး ထိုင်းမှာနေပြီါ်တော့ လန်ဒန်မိုးလေဝသကိုတော့ မမေးပါနဲ့နော် :D

အားလုံးကို လေးစားတဲ့ ခွန်မောင်ပန်





Firefox မှာ Gtalk ထားမယ်

7:44 PM ---

သိပြီးသား သူများအတွက်တော့ လွယ်ပါတယ် ။ မသိသေးတဲ့သူတွေအတွက် ရည်ရွှယ်တာပါ ။  Invisible လုပ်လို့လည်းရတယ် .....ပြောနေတာ ကြာပါတယ် ။ စိတ်ဝင်စားရင်တော့ လုပ်ကြည့်လိုက်ပါဗျာ ။

ပထမဆုံး ဒီနေရာလေးကို သွားလိုက်ပါ ။ ပြီးရင် အဲဒီမှာ အကောင့်မဝင်ထားရသေးရင် ဝင်လိုပါဗျာ ။ ဝင်ပြီးသားဆိုရင်လည်း မဝင်နဲ့တော့ပေါ့ :) ။ ကဲ ဝင်ပြီးပြီ ဆိုရင်တော့ အဲဒီနေရာလေးကို Bookmark လေးလုပ်ထားမယ် ။ ဒါမှ ကြိုက်တဲ့အချိန်ဝင်ချင်ရင် အဲဒါလေးကို နိပ်လိုက်ရုံပဲလေ ။







ဒါလေးပါပဲ ။

အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ် ။  ခွန်မောင်ပန်

ရုပ်ရှင်/အဆိုတော် အကောင့်များ

5:37 AM ---


ကိုဟန်ထွန်းရဲ့ huntunsinger@gmail.com ဆိုတာ တစ်ခုပဲရှိတယ်

hannwai1987@gmail.com - Jenny

star.supanhtwar@gmail.com - ဆုပန်ထွာ

cutie.nansu@gmail.com - နန်းစုရတီစိုး 

chitmyatnoethant@gmail.com - ကြိုးကြာ ပါ..





Bambino အဖွဲ့က သီရိ  နဲ့အိနွေ ရဲ့ gmail Ac လေးပါ



babytr@gmail.com

Einway@gmail.com



eaindra@gmail.com

အိင်္ဒြာကျော်ဇင်



luckyboy1922@gmail.com  အောင်ရဲလင်း

waihlian.89@gmail.com ဝေလျှံ

ု့khinnanhtike@gmail.com ခင်နန်းထိုက်

ဟန်ဇာမိုးဝင်း  - hanzamoewin@gmail.com

ကိုရသကြီးရဲ့မေးလ်ကို ပြောပြပါမယ်..... mha.yatha@gmail.com ဖြစ်ပါတယ်.


ဂျောက်ဂျက်မေးလ် က - joukjack.mha@gmail.com

                              - myanmarteens@gmail.com






pinkykoရဲ့ဂျီမေးကpinkyko1111@gmail.comပါဒါပဲသိတယ်

ကျွန်တော်သိတာက သားစိုး...............

.natdoe@gmail.com ပါ............

ဇူးဇူးမောင်ရဲ့အကောက်ပါခင်ဗျာ cutesweetsmile@gmail.com

ဘိုလေးအကောင့်

bolay83@gmail.com

ပန်းဖြူ = phyupan@gmail.com

လင်းနစ် ရဲ့ . . g-mail လိပ်စာလေးပါ

linnith82@gmail.com

ကျော်ထွဋ်ဆွေ ရဲ့မေးက kyawhtutswe@gmail.com

မိုးဟေမာန်ခင်က miemie14@gmail.com ပဲဖြစ်ပါတယ်.... ပြန်လည်ဝေမျှပေးလိုက်ပါတယ်...

မေစံပါညို  မေးလ်ပါ maysbnyo@googlemail.com

tharhelay@gmail.comတဲ့ဟဲလေးရဲ့အကောင့်က

ဝိုင်းစုခိုင်သိန်း အကောင့်က  shinthentlwin @gmail .com ပါပဲခင်ဗျာ

မိုးယုစံရဲ့ အကောင့်ကmoeyusan.






ကျော်ထွဋ်ဆွေ ရဲ့ အကောင့်နောက်တစ်ခုက awjawlan@gmail.com ပါ...

ကြုံတုန်း သူ့ကောင်မလေး အကောင့်ပါယူလိုက်နော် အဟီးးး julietfaith.nevadie@gmail.com တဲ့...

ကိုgtone အကောင့်က gtone2007@gmail.com ပါ...

ဇင်မင်းခန့် အကောင့်က zinminkhant86@gmail.com ပါ..

ကိုကြက်ဖအကောင့်ကတော့.....mha.kyatpha ပါ....

ရဲလေးaccကivxq1256@gmail.comပါ

shinthentlwin@gmail.com

ဝိုင်းစုခိုင်သိန်း ရဲ့ a/c ပါ....
ချစ်စမ်းမောင် 
chitsanmaung.ironcross@gmail.com



ဒါကတော့...... ပရိတ်သတ် အသဲစွဲ အိုင်စီရဲ့ အဆိုတော် ကိုမျိုးကြီးအကောင့်ပါ တကယ့်အစစ်ပါ...



mgmyogyi.ic@gmail.com                      ပါ။



ဒီ link ကတော့ facebook ကသူ့ profile ပါ..



http://www.facebook.com/profile.php?id=1564683632&ref=mf



ဝတ်မှုန်ရွှေရည်ရဲ့ အကောင့်ပါ..... Internet Journal မှာဖော်ပြထားတာပါ



wutthmone.sy@gmail.com



နေခြည်လင်းလဲ့

renovate91@gmail.com



sutie.nansu@gmail.com ကတော့ နန်းစုရတီစိုးရဲ့ အကောင့်ပါ။



အာဇာနည် အကောင့်  ကတော့  ......  rzarnione@gmail.com



Gmail Accont Lockကျသွားရင်

5:28 AM ---

ဒီပြဿနာကို ကျွန်တော် သူငယ်ချင်းတစ်ယောက်က ကြုံရလို့ ကျွန်တော် ဆီကို အကူညီတောင်းတာ တွေ့တော့ တွေ့ဖူးတယ် ။ လင့်မမှတ်ထားတော့ မေ့သွားပြီလို့ပဲ ပြောလိုက်တာ ။ ခုထိ ဝမ်းနည်းနေတုန်း ။ သူက ကျွန်တော်က အားကိုးတကြီးမေးနေတာကို ပြန်မဖြေပေးနိုင်တဲ့ အတွက်လေ ။ စာဖတ်သူတို့လည်း ဒီလိုကြုံလာခဲ့မယ်ဆိုရင် နည်းရပြီပေါ့ ။
လွယ်လွယ်လေးပါဗျာ ။
ဒီနေရာကို အရင်ဆုံးသွားလိုက်ပါ ။




အဲမှာ ကိုယ့်ရဲ့မေလ်း နာမည်နဲ့ ပစ်စ်ဝေါ့လေးကို ဖြည့်ပေးပြီး သူပေးထားတဲ့ စကားလုံးတွေကို မှန်အောင်ရိုက်ပြီးတော့ Unlock လိုက်ရုံပါပဲဗျာ ။ အဆင်ပြေကြပါစေ ။ ခွန်မောင်ပန်