Showing posts with label Tricks And Tips. Show all posts
Showing posts with label Tricks And Tips. Show all posts

Scribd.com က စာအုပ်တွေ ဒေါင်းမယ်ဆိုရင်

5:14 AM ---
ကျွန်တော် အဲဒီဆိုဒ်က စာအုပ်တစ်အုပ်ကို အရမ်းလိုချင်နေတာလေ .... ဘယ်လိုဒေါင်းဒေါင်း ဒေါင်းလို့မရဘူး အကူညီတောင်းတာလည်း ဘယ်သူမှလည်း မကူညီဘူး :(
ဒါပေမယ့် ကျွန်တော် မရရအောင် ကြိုးစားပြီး ဒေါင်းမှာပါ ။ ဒီနည်းကို ကျွန်တော် ရေးပြီးသွားပါပြီ ပထမတစ်ခေါက်... အခု ဒုတိယတစ်ခေါက်ပေါ့ ။ ပထမတစ်ခေါက်ရေးပြီးတော့ ကျွန်တော် ဒေါင်းတာ ဒေါင်းမရတော့ မရဘူးဆိုပြီး ကျွန်တော့်ပိုစ့်ကို ကျွန်တော်ဖျက်ချလိုက်တယ် ။ ဒါပေမယ့် ကျွန်တော့်ကွန်နက်ရှင် မကောင်းလို့မရတာပါ။ ကျွန်တော် ကွန်ကောင်းနေတုန်း ထပ်ဒေါင်းတာ ရပါတယ် ။ အဲဒါကြောင့် ကျွန်တော် ဒုတိယတစ်ခေါက် အနေနဲ့ ထပ်ရေးတာပါ ။ ဗီဒီယို တည်းဖြတ်တဲ့ ပိုစ့်လည်း ဒီညအပြီးရေးပေးမှာပါ ။ လိုအပ်တာတွေ ရှိရင် မေးချင်တာတွေရှိရင်လည်း မေလ်းပို့ပေးပါ ။ ကူညီနိုင်သလောက် ကူညီပေးပါမယ်........

ပထမဆုံး Scribd.com က လိပ်စာ စာအုပ်လင်ခ့်ရဲ့ လိပ်စာပေါ့ ။ ဥပမာ ဒီနေရာကို ဖွင့်ပါ ။ ကျွန်တော် လိုချင်နေတဲ့ စာအုပ်ပေါ့ ။ ဒေါင်းပြီးလို့ အဆင်ပြေတယ်ဆိုရင် အဲဒီစာအုပ်ကို ကျွန်တော့် မေလ်းထဲကို ပို့ပေးလို့ အဆင်ပြေမယ့် သူများရှိရင် ပို့ပေးပါလားလို့ decembermgmg1992@gmail.com ပါ ။
အဲဒီစာမျက်ပွင့်ပြီ ဆိုတာနဲ့ Download ကို နိပ်ပါ ။ နားမလည်ပါက ပုံကို ကြည့်ပါ ။ အဝါရောင် နောက်ခံနဲ့ Download ပါ ။


Youtube ကြည့်တုန်း ခဏတိုင်း ရပ်နေလျှင်

6:01 AM ---
        တစ်ခါတစ်လေ အပျင်းပြေ Youtube မှာ Mr bean တို့ Tom & Jerry တို့ ကြည့်တို့ ခဏခဏ ရပ်နေရင် ဖီးပျက်တတ်တယ် မလား ။ တစ်ခါတစ်လေ သီချင်းနားထောင်ပြန်တော့လည်း  ခဏခဏရပ်နေတော့ ဇိမ်ပျက်လှပါတယ် ။ ဒါကြောင့် အဲဒါလေးတွေ မကြုံရအောင် မရပ်လေအောင် ကျွန်တော်တွေ့ထားတဲ့ နည်းတွေကို ပြန်ရှဲပေးပါမယ် .....
(နဂိုကတည်းက လိုင်းမကောင်းရင်တော့ ကျွန်တော်လည်း မလုပ်တတ်ပါး)))))

Solution - YouTube Videos are not Buffering Fully when Paused

Youtube ကနေ Android ထဲကို ဆွဲချမယ်

5:37 AM ---
       သိနေကြပြီးသားဆိုလည်း ဆောရီးပဲ... ကျွန်တော်တော့ အခုမှ စတယ်ဆိုတော့ မသိသေးတဲ့လည်း သိချင်မှာပဲဆိုပြီး ရေးတာပါ ။ Android ဖုန်းနဲ့ Youtube ကြည့်ပြီး လိုချင်တာလေးတွေ သဘောကျတာလေး ဒေါင်းချဖို့ မသိသေးတဲ့သူတွေ အတွက်ပါ ။

ပထမဆုံး ဒီနေရာကနေ App အရင်း ဒေါင်းချပြီး ထည့်လိုက်ပါ ။
 ပြီးရင်တော့ Youtube ကို ဝင်ကြည့်လိုက်ပါ ။ Download ဆိုတဲ့ Icon တိုးလာတာကို တွေ့ရပါလိမ့်မယ် ။


ဒေါင်းချင်တာတွေ ဒေါင်းလို့ရပါပြီ ။ အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်

Gmail တွင် Search box ကို အသုံးပြုပြီး ရှာဖွေခြင်း

8:08 AM ---
            ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Gmail ကလွဲပြီး ကျန်တာတွေ သိပ်မသုံးပါဘူး . .. ရုံသုံးကျောင်းသုံးအိမ်သုံး..... အဆုံးထိပြောရရင် ကလေးအစလူကြီးအဆုံးသုံးကြတယ်လေ။ အလုပ်နဲ့ပါတ်သက်ပြီး သုံးကြတဲ့သူတွေလည်း အများကြီးရှိတယ် သုံးတာကြာလာတော့ အရင်က မေလ်းအဟောင်းတွေ တစ်ခါကျ အသုံးဝင်လို့ ပြန်သုံးစရာလို့ ရှာကြပြန်ရော မြေလန်ပြီး... အဲမေလ်းလန်ပြီး ရှာဖို့လည်း များကများနဲ့ အဲဒီခါကျတော့ တေပြီဆရာပေါ့.....

gmail advanced search
အဲဒါကြောင့် ကျွန်တော် ဒီနေ့ မေလ်းက မေလ်းအဟောင်းတွေကို လွယ်လွယ်ကူကူမြန်မြန်နဲ့ ရှာနိုင်စေဖို့ပါ ။
ပထမဆုံး မေလ်းကို အရင်ဖွင့်ပါ ။ ဖွင့်ပြီးပြိဆိုရင်တော့ အပေါ်နားက Search box ကို တွေ့ရပါလိမ့်မယ် ။ အဲဒီ Search box ကို အသုံးပြုပြီး ရှာကြဖွေကြတာပေါ့ ။

လူသိနည်းသော Formatfactry ၏ လျို့ဝှက်ချက်တစ်ခု

8:07 AM ---
           ဒီဆောပ်ဝဲလ်ကိုတော့ ကျွန်တော် တော်တော်ကြိုက်တယ် ။ ကျန်တဲ့ဆောပ်ဝဲလ်တွေကို အဲလောက်မသုံးဖြစ်ဘူး ကျွန်တော်သုံးတဲ့ ကွန်ပျူတာတိုင်းမှာ ဒီဆောပ်ဝဲလ်ကို အမြဲတမ်းလိုလိုထည့်ဖြစ်တယ် ။ ကျွန်တော် သိသလောက် သူရဲ့ အားသားချက်တွေကို ပြောရမယ် ။



Covert လုပ်ချိန်မြန်တယ် ။ File တွေ တစ်ခုခုပြောင်းပြီဆိုတာနဲ့ ကျန်တဲ့ကောင် သူလောက်မြန်တာကို မတွေ့သေးဘူး ။ Anyvideoconverter လည်း အဲဒီလောက်မမြန်ဘူး ။

အမြဲတမ်း Free ပေးတယ် ။ ကျန်တဲ့ကောင်တွေက Path file ဘာနဲ့ ကီးနဲ့ အလုပ်ရှုပ်စေတယ် ။ ဒီကောင်တော့ ဘာမှမ တက်လာဘူး ။ တင်ကတည်းက စပြီး ။

ဖိုင်တိုင်းလိုလို Covert နိုင်တယ် ။ မရတာလည်း ရှိတာပေါ့ :) ဒါပေမယ့် ကျန်တဲ့ကောင်ထက်စာရင် သူက ပိုပြီးလုပ်ပေးနိုင်တယ် ဖိုင်တော်တော်များများကို ။

သီချင်းထဲကို သီချင်းစာသားတွေ ထည့်ရအောင်

5:03 AM ---
ဒီနည်းကို ကျွန်တော်ကိုယ်တိုင် စမ်းတာ သိပ်မအောင်မြင်ဘူးဖြစ်နေသေးတယ် ။မြန်မာသီချင်းတော့ မရပါဘူး။ အင်္ဂလိပ်သီချင်းပဲရပါတယ် ။ စမ်းတာ အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ ဆောပ်ဝဲလ်လေးက ချစ်စရာကောင်းလို့ :) အင်္ဂလိပ်သီချင်းဖွင့်ရင် သီချင်းစာသားတွေက ချစ်စရာကောင်းလို့ :) Plugin ဆိုလည်းဟုတ်ပါတယ် ။

အရင်ဆုံး MiniLyrics ကို အရင်း ဒေါင်းလုပ်ချပါ ။  ဗားရှင်းလည်း မြင့်တယ် ကီးလည်း ထည့်ပေးထားတာမို့ ခပ်မြန်မြန်သာ ဒေါင်းချလိုက်ပါ ။ ဆိုဒ်လည်း 1MB ပဲ ရှိပါတယ် ။ သုံးရတာလည်း လွယ်တယ် ။ ဒါမျိုးရှားတယ် :)



ဒေါင်းကြမယ်ဟေ့ ကောင်းကောင်း

6:38 AM ---
       စာအုပ်တွေ ဆောပ်ဝဲလ်တွေ လိုက်ရှာနဲ့ အကြံတစ်ခုရလို့ စမ်းကြည့်လိုက်တာ ဒေါင်းစရာတော်တော်များကို တွေ့လိုက်လို့ ပြန်ရှဲပေးတာပါ ။ မသိသေးတဲ့သူတွေကို ရည်ညွန်းပြီး ရေးပါတယ် ။ ဘာလို့ဆိုတော့ ကိုယ်ထက်တတ်တဲ့သူတွေက များတာကိုး အဲဒါကြောင့် မတတ်တဲ့သူတွေအတွက်သာ ရည်ညွန်းပြီး ရေးပါ၏ ။ ခေါင်းစဉ်ဖတ်ပြီး မကြိုက်ရင်လည်း ဆက်မဖတ်ပါနှင့်... ကျွန်တော်ရေးပြီးသား ပိုစ့်အချို့တွင် တွေ့ရတတ်တဲ့အတွက်မို့လို့ပါ ။ သိပြီးသား တတ်ပြီးသား အဲဒါမျိုး ။ ကျွန်တော် တတ်လို့ ရေးတာလည်း မဟုတ်ပါဘူး ။ နည်းပညာတစ်ခုကို ကျွန်တော်တွေ့ပြီဆိုတာနဲ့ ပထမဆုံး ကျွန်တော် မေ့ပျောက်သွားမှာကို စိုးပါတယ် ။အဲဒါကြောင့်လည်း ပိုစ့်တစ်ပုဒ်အနေနဲ့ ရေးပါတယ် ။ နောက်သိချင်တဲ့သူတွေ ဖတ်စေနိုင်ဖို့ငှာလည်း ရေးပါတယ် ။ သိပြီးတတ်ပြီးသားများ ဖြစ်သွားရင် တောင်းပန်ပါတယ် ။

ပထမဆုံး filecrop.com သွားပါ ။ search နေရာမှာ myanmar လို့သာ ရိုက်ထည့်ပါ ။ ဒေါင်းချင်တာတွေ ကြည့်ရွေးဒေါင်းပေတော့ဗျာ ။ အဲဒီနေမှာ ကျန်တဲ့ ကိုယ်လိုချင်တာ တော်တော်များများကို ရိုက်ထည့်နိုင်ပါတယ် ။ ဒီဝက်ဆိုဒ်ကောင်းကြောင်းကို ကျွန်တော် ခဏခဏရေးဖူးပါတယ် ။ လူသားအားလုံးကို လေးစားပါတယ် ။ ခွန်မောင်ပန်

Facebook တွက် စတန့်အတု ထုတ်ရအောင်

8:53 AM ---
ဖေ့ဘုတ်တွင်ပေါ် ဆွေတော်သဟာအပေါင်းတို့....
စတန့်ထုတ်လုပ်သူများ စတန့်အတုထုတ်နည်းကို ကျွန်တော် ခွန်မောင်ပန် တင်ဆက်ပေးပါဦးမယ် ။
ဘာရယ်လို့တော့ မဟုတ်ပါဘူး ။ အောက်က ပုံကို ကြည့်ရင်တော့ နားလည်မှာပါ ။ ကျွန်တော် အထွေးထွေ ရေးမနေတော့ဘူး ။ ကိုယ်ဖာသာကိုယ် ကလိကြပေရေ...
ဒီနေ၇ာကို နိပ်ပါ ။
(ဟဲဟဲ... တကယ်လည်း မဟုတ်ပါဘူး ဖြစ်ချင်တာလေးတွေတွေးပြီးတင်တာပါ ။ )
အဲဒီမှာ ပုံတွေကော နာမည်ကော အကုန်ပြင်လို့ရတယ် နောက်ထပ်  comment ကိုလည်း အောက်နားက plus ကို နိပ်လိုက်ရုံဖြင့် ထပ်ပြင်လို့ရပါပြီ ။ ပြီးရင် အောက်နားက save ကို နိပ်လိုက်ရုံဖြင့် မိမိတို့၏ ဝဲလ်မှာ တွေ့ရပါပြီ ။ ပျော်စေဗျာ ခွန်မောင်ပန်

wifi password ကို ဟက်ကြည့်ရအောင်

7:10 PM ---
            ခါတိုင်းနေ့တွေဆို ကျွန်တော် အင်တာနက်မသုံးရတာနဲ့ ငုတ်တုတ်ထိုင်ပြီး သီချင်းနားထောင်လိုက် ဂိမ်းလေးဆော့လိုက်နဲ့ပဲ အချိန်ကုန်နေရတယ် ။ အလုပ်လည်း မဖွင့်သေးတာကို မနက်ဖန်ကျတော့ လစ်ပြီ :) wifi တွေတက်လာပါတယ် ။ အများကြီးပေါ့ ။ အကုန်လုံး password တွေနဲ့သာမို့လေ...

မနေ့ကျတော့ အကိုဝမ်းကွဲနဲ့ နှစ်ယောက်သား ခေါင်းချင်းစိုက်တိုင်ပင်ပြီးတော့ သူက truemoveh သုံးတယ် ။ ပိုက်ဆံတစ်ယောက်တစ်ဝက်ထည့်ပြီးတော့ တစ်ရက် ဖရီးရိုက်ပြီး ဆော့မယ်ပေါ့ ။ ဒါပေမယ့် true wifi ကို ကလိလိုက်ပြီးတော့ တစ်လကို ဘတ်တစ်ရာတည်းနဲ့ သုံးနေရပြီ မြန်မာငွေအားဖြင့် ၂၀၀၀ကျော်ကျော်သာ အဟတ် :)

Pen Drive ကို RUM အဖြစ်သုံးမယ်

6:37 AM ---
    ကျွန်တော် ဒီပြဿနာကို ကြုံခဲ့ဖူးပါတယ် ။ ဒီအကြောင်းတွေကိုလည်း ဂခနန နားမလည်ပါဘူး ။ ဒါပေမယ့် စိတ်တိုင်းတော့ မကျခဲ့ဘူး ။ ကွန်ပျူတာတွေ သုံးခဲ့ဖူးတာ စက်ဟန်းတဲ့ပြဿနာကို အမြဲတမ်းကြုံခဲ့ဖူးတယ် ။ ဒါပေမယ့် ဖြေရှင်းတဲ့ နည်းကတော့ ကွန်ပျူတာ ပါဝါပိတ်ပြီးတော့ တစ်ခါပြန်ဖွင့်ချင်းသာ ။ ဟုတ်ပါတယ် ။ ကျွန်တော်က ပညာကို အရမ်းလောဘကြီးတတ်တယ် ။ ဝက်ဆိုဒ်တွေကို ဝင်ဖတ်ပြီဆိုရင် new tab တွေကို အနည်းဆုံး ၁၀ ၁၂ လောက်ဖွင့်တတ်တယ် ။ ကြာလာတော့ ကွန်ပျူတာ ဘယ်ခံနိုင်မှာလဲ ဒီလောက်တောင်ဖွင့်တာကို ။ RUM , CPU တွေလည်း အဲလောက်ထိမရှိတော့ အဲလောက်ဖွင့်လိုက်တာနဲ့ ထပ်ပြီးမလုပ်နိုင်တော့လို့ ဟန်းသွားတာ ။ တစ်ခါတစ်ခါ မောက်စ်ကို ရွေ့ဖို့အရေး မှတ်တောင် မှတ်မိသေးတယ် ။ ခုတော့ မကြုံရတော့ပါဘူး နည်းတွေက ရှိနေပြီလေ ။ အဲဒါကြောင့် ဒီလိုပြဿနာတွေကြုံရမယ်ဆိုရင် ကျွန်တော့်နည်းလေးကို သတိရပေးပေါ့ :) ဖုန်းဖြစ်ဖြစ် 1GB 2GB ဆိုလည်း စက်သုံးရတာ တော်တော်လည်း အဆင်ပြေစေမှာပါ ။

Window Version ကို Desktop မှာ ပေါ်စေဖို့

6:05 PM ---
              ဒီနည်းတော့ သိပ်အသုံးမဝင်ပေမယ့် ကလိရတာ ဝါသနာပါတဲ့သူတွေအတွက်နည်းတစ်ခုပေါ့ :)
Regedit ကနေဝင်ပြင်တာပါ ။ တစ်ခုပြောချင်တာက အဲဒီကနေဝင်ပြင်မယ်လုပ်ရင် Backup လုပ်ထားဖို့တော့လိုပါတယ် ။ တစ်ခုခုမှားသွားရင် Undo ပြန်လုပ်ရတာ မဟုတ်ပါဘူး ။အ ခန့်မသင့်ရင် ဝင်ဒိုးမတက်တော့တဲ့အထိဖြစ်တတ်တယ် ။ ဒါကြောင့် အထူးတလည်သတိပေးနေရတာပါ ။

ပထမဆုံး RUN (window + R) ကိုနိပ်ပါ ။
ပြီးရင် regedit လို့ရိုက်ထည့်လိုကပါ ။ ပြီးရင် ဒီတိုင်းအစဉ်လိုက်သွားပေးလိုက်ပါ ။
HKEY_CURRENT_USER\Control Panel\Desktop
ပြီးရင်တော့ Desktop ကို Select ပေးပြီးတော့ ဘေးဘက် PaintDesktopVersion ကိုရှာလိုက်ပါ ။ ရှာတဲ့နည်းကိုလည်း ကျွန်တော် အမြဲရေးပေးပါတယ် ။ PaintDesktopVersion ကိုရှာမယ်ဆိုရင် P နဲ့စတယ်မလား ။ အဲဒါ P ကိုနိပ်လိုက်ပေါ့ နာမည်အစတူတာတွေရှိရင်တော့ ဆက်တိုက်နိပ်ပေးရောက်ပါလိမ့်မယ် ။
တွေ့ပြီဆိုရင်တော့ နှစ်ချက်ဆက်တိုက်နိပ်ပေးလိုက်ပါ ။ ပြီးရင်တော့ အဲဒီမှာ value က 0 ကို 1 လို့ပြင်လိုက်ပါ ။ စက်ကို Restart ချပြီးတော့ ပြန်ကြည့်လိုက်ပါ ။ window xp,vista, 7 တွေမှာ ကောင်းကောင်းလုပ်ပါတယ် ။ အဆင်ပြေပါစေဗျာ ။

IP အသစ်ပြောင်းဖို့

7:42 AM ---
           ကျွန်တော် IP ပြောင်းတတ်တာ မနေ့တစ်နေ့ကပဲဗျ ။ ကျွန်တော်အရည်အချင်းကို မှန်းကြည့်လိုက်ပေါ့ :)
ခဏခဏတော့ ပြောင်းဖြစ်တယ် ။ ဘာရယ်လို့တော့ မဟုတ်ဘူး ။ ပျင်းလို့ စမ်းစရာမရှိရင် IP ပဲ ပြောင်းနေလိုက်တာ ။ ပြောင်းဖို့လိုရင်တော့
ပထမဆုံး RUN window + R
CMD ရိုက်ထည့်  ပြီးရင် box အမည်းတက်လာမယ် ။ ပြင်ထားရင်တော့ ကျွန်တော်ဆိုရင်တော့ အစိမ်းရောင်နဲ့:)
အဲဒီမှာ ဒါကို ထပ်ရိုက်ထည့် ipconfig /release ပြီးရင်းတော့ exit လို့ရိုက်ပြီးတော့ ထွက်လိုက်ပေါ့ ။
ပြီးရင်တော့ Network and Sharing Center ကိုဝင် ။
change adapter settings ကိုဝင် ။
သုံးနေတဲ့ လိုင်းကို Right Click နဲ့ Properties ကို နိပ်ပါ ။
ပြီးရင်တော့ အဲဒီမှာ Internet Protocol Version V4 ကိုနိပ်ပါ Select ပေးပါ ။ XP တော့ တစ်ခုပဲရှိတာမို့ အထူးတလည်ခေါင်းမကိုက်ရတော့ ။ ပြီးရင်တော့ အောက်နားက Properties ကို နိပ်ပါ ။
General အောက်က Following  ip က အပေါ်ဆုံးက 123 ဖြစ်ဖြစ် တစ်လုံးလောက်ရိုက်ထည့်ပြီး Tab ကို နိပ်လိုက်ပါ ။ Subnet Mask က သူ့ဖာသာသူ ဖြည့်လိမ့်မယ် ။ ပြီးရင်တော့ OK တွေပေးပြီးတော့ ပြန်ထွက်လာပါ ။
( IP ပြောင်းသွားတာမို့ လိုင်းကျသွားတတ်သည် ။ အသစ်ထပ်လုပ်လိုက်ပါ အင်တာနက်လိုင်းကို )
Google မှာ My ip လို့ ရိုက်ထည့်ပါ ။ သင်ရဲ့ IP က ပြောင်းနေပါလိမ့်မည် ။
ဒါကတော့ ကျွန်တော်ရဲ့ IP ပြောင်းနည်းပါ ။ မှားတာရှိရင် ထောက်ပြပေးပါနော် ။
ခွန်မောင်ပန်

Task Manager ဖွင့်မရရင်

6:44 PM ---
           ဒီပြဿနာတော့ လူတိုင်းကြုံရတဲ့ ပြဿနာပါ ။ ကျွန်တော်ကိုတောင် ခဏခဏလာမေးမေးတယ် ။ ဒါပေမယ့် ရုတ်တရက်ကြီး ဘာမပြောပြောရမှန်းလည်း မသိဘူး :)
ဒါကြောင့် ဖွင့်မရခဲ့ရင် ပြန်ဖွင့်ဖို့ နည်းတွေကို ကျွန်တော်ရေးပေးမှာပါ ။
ပထမနည်း ။
Run box ကို ဖွင့်ပါ ။ (window + R)
gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ ။
တက်လာတဲ့ box က
User Configuration အောက်က  Administrative ကိုနိပ်ပါ ။ ပြီးရင် System ကို ဆက်နိပ်ပြီးတော့ Ctrl+Alt+Del Options ကို နှစ်ချက်ဆက်တိုက်နိပ်ပြီးတော့ ။ enable လိုက်ရင် ပြန်ဖွင့်လို့ရပါပြီ ။

ဒုတိယနည်း ။
Run box ကို ဖွင့်ပါ ။ (window + R)
regedit လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ ။
HKEY_CURRENT_USER then Software\Microsoft\Windows\CurrentVersion\Policies\System အစဉ်တိုင်းသွားလိုက်ပါ ။  ပြီးရင် ဘေးဘက် box ကို ကြည့်ပါ ။ သုံးခုရှိပါယ် ။ အောက်ဆုံးက  Task Manager ကို နိပ်ပါ ။ နှစ်ချက်ဆက်တိုက် နိပ်ပါ ။ value ကို 0 ထားပါ ။ အဲဒါကို ဖျောက်ထားချင်ရင်တော့ 1 ပေါ့ ။
ဒီလောက်ဆိုရင် Task manager ဖွင့်လို့မရတဲ့ ပြဿနာကို ဖြေရှင်းလို့တတ်ပြီထင်ပါတယ် ။ Virus ကြောင့် Disable ဖြစ်သွားတတ်တဲ့ Task manger ကို ပြန်ဖွင့်တဲ့ နည်းပါ ။ အဆင်ပြေပါစေ ခွန်မောင်ပန်

Adobe Reader ဖြင့် စာဖတ်ရာတွင်

6:08 PM ---
                ကျွန်တော် မနှစ်က စာရေးတုန်း အစ်မတစ်ယောက်က ကျွန်တော့်ကို မေးဖူးတယ် ။ nitro & Adobe ဘယ်ဟာက ကောင်းလဲတဲ့ ။ ကျွန်တော်က Adobe အကြောင်းတော့ ကောင်းကောင်းသိပါတယ် ။ ဒါပေမယ့် အဲဒီ nitro ဆိုတာကိုတော့ ကျွန်တော် မသုံးဖူးဘူး ။ ဒါကြောင့် ကျွန်တော်က ဆောပ်ဝဲလ်ကို စမ်းသုံးဦးမယ်လို့ ပြောခဲ့တယ် ။ ဒါပေမယ့် ကျွန်တော် အဲဒီစာကို မရေးဖြစ်ခဲ့ပါဘူး ။ ဘာပဲဖြစ်ဖြစ်ဗျာ ။ တစ်ခြား Reader တွေ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော စာဖတ်ခိုင်းလည်း ရသလို ခုလည်း နောက်တစ်နည်း စာဖတ်ရတွင် Mouse ဖြင့် Scroll စရာမလိုတော့တဲ့ နည်းပါ ။ ကျွန်တော် အစက ဒီနည်းကို တော်တော်သုံးဖြစ်တယ် ။ တော်တော်လည်း ကောင်းတာကိုး ။ ဒါကတော့ Adobe Reader ချီးမွမ်းခန်းပါ ။

Gmail မှာ Mail တွေကို တစ်ခါတည်း အကုန်ဖျက်ရန်

1:16 AM ---
     ဒီနည်းကို ကျွန်တော်အစက မရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် အကိုတစ်ယောက်က ထပ်ပြီးတော့ တိုက်တွန်းတာမို့ မဖြစ်ဖြစ်အောင်ရေးပေးပါ့မယ် ။ မတတ်သေးတဲ့သူတွေအတွက် ခက်ကောင်းခက်တတ်ပါတယ် ။ ဟုတ်တယ်လေ ....ဥပမာ ဧဒင်ဥယျာဉ်တို့ ဘာတို့ ဝင်ထားရင် ။ မေလ်းကို ပိတ်တာလည်း မပိတ်တတ်သေးနဲ့ ဒီတိုင်းပဲ ဖျက်ဖျက်နဲ့ ကြာလာတော့လည်း မတတ်နိုင်တော့ဘူး ။ကျွန်ော်လည်း အစတုန်း မြန်မာဆိုဒ်တွေတော်တော်များများကို ဝင်ထားတာလေ ။ တစ်ပတ်လောက်ဆို ၂၀၀၀ လောက်ရှိပြီ ။ မဖျက်ရင်လည်း အကောင့်မဆံ့တာနဲ့ ပျက်တတ်သေးတယ် ။ဒါကြောင့် မတတ်သေးတဲ့သူတွေကို ရည်ရွယ်ပြီးတော့ ရေးပေးလိုက်ပါတယ် ။

တင်ပြီးသားပိုစ့်တွေကို တစ်ပုဒ်ချင်းစီ လိပ်စေခြင်း

4:47 PM ---
                 ဘလော့ဂါသမားတွေအတွက်ပါ ။ ကျွန်တော်လည်း အစက ဒီနည်းကို သူများဆိုဒ်တွေတွေ့ရပြီ ပြင်လိုစိတ်က တဖွားဖွားရယ် မပြင်တတ်တော့....:)
နောက်ကျွန်တော်ပြောစရာတစ်ခု ရှိပါသေးတယ် ။ ကျွန်တော့်ဆိုဒ် မဟုတ်တော့ပါဘူး ကျွန်တော့်ရဲ့အဖွဲ့ဆိုဒ်ဖြစ်သွားပါပြီ ။ အဖွဲ့ဆိုတာကတော့ အရင်ပိုစ့်က ရေးပြီးပါပြီ ။ ဆောပ်ဝဲလ်တွေ ဘာတွေလိုရင်လည်း အာမနာတမ်းပြောပါဗျာ ။ ဆိုဒ်က စာရေးသူတွေ ငါးယောက်တောင် ရှိတာ :)
ကျွန်တော်က အလုပ်ကို သွားးဖို့ရှိတယ် ။ သွားမယ် သွားမယ်နဲ့ မသွားဖြစ်သေးလို့ ။ တကယ်လို့ သွားဖြစ်ရင်လည်း နောက်စာရေးသူတွေရှိသေးတယ် လာဖတ်ပါ ။ ကျန်တဲ့စာရေးသူတွေက စကားနည်းပုံရတယ် :)

Beautiful Page Navigation Widget

12:23 AM ---
            အကိုတစ်ယောက်က cbox မှာ ထည့်ရင် ကောင်းမယ်လို့ အကြံပေးလို့ ကျွန်တော်လည်း သတိမရမိတာနဲ့ ခုမှပဲ ပြန်ထည့်ဖြစ်တာ ။ ပိုစ့်တွေကို နံပါတ်တွေနဲ့ စာမျက်နှာအလိုက် ကြည့်လို့ရအောင် လုပ်တာပါ ။ လှလည်း လှပါတယ် ။ ကျွန်တော့် စာမျက်နှာနဲ့လည်း လိုက်တယ် :)

လုပ်ချင်တဲ့ ဘလော့ရေးတဲ့ သူတွေ ရှိရင်လည်း လုပ်လို့ရအောင် လုပ်နည်းလေးကို ရေးပေးလိုက်ပါတယ် ။
လွယ်လွယ်လေးပါ ။

သင့် Antivirus က အလုပ် လုပ် မလုပ်စစ်ရင်

5:40 PM ---
                   စစ်တဲ့နည်းတွေတော့ တွေ့တော့ တွေ့ဖူးတယ် ။ ဒါကြောင့် စာဖတ်သူများ စက်က Antivirus ကို အလုပ် လုပ်လား မလုပ်လား စစ်ချင်ရင် စစ်လို့ရအောင် လွယ်ကူလှတဲ့ နည်းလေးကို တင်ပေးလိုက်ပါတယ် ။ စစ်လို့ အလုပ်မလုပ်ရင်တော့ ....ဟဲဟဲဟဲ သဘောပေါက်တော့ ။ အကုန်ပါသွားမှာ စိုးလို့ စစ်ဖြစ်အောင် စစ်ကြပါလို့ :)

window 7 logon screen ကိုပြောင်းချင်ရင်

10:14 PM ---
            ဆောပ်ဝဲလ်နဲ့ပြောင်းတဲ့နည်းတွေလည်း ရှိပါတယ် ။ ခုတစ်ခါတော့ ကျွန်တော် ဆောပ်ဝဲလ်ကို မသုံးပဲ နဲ့

window 7 logon screen ကို ပြောင်းမှာပါ ။ ပထမဆုံးအနေနဲ့ သင်ရဲ့ စိတ်ကြိုက်ဓါတ်ပုံတစ်ပုံကို ရွေးပါ ။ ပြီးရင်တော့ ဆိုဒ်တွေ နည်းနည်း အပြောင်းလဲလုပ်ပါမယ် ။ ဖိုတိုရှောပ်နဲ့ပြောင်းပါ ။ Cropping ချိုးရုံပါပဲ ။ ဆိုဒ်ကတော့ ဓါတ်ပုံအတိုင်းပဲ ရိုက်ထည့်ပေးလိုက်ပါ ။

Adobe Reader ကို စာအုပ်ဖတ်ခိုင်းမယ်

8:50 PM ---
            ဒီနည်းတော့ ကျွန်တော်တော်တော်သုံးဖြစ်ပါတယ် ။ တစ်ခါတစ်လေ ဘာမှမလုပ်ရင် pdf တစ်ခုခုကို ဖွင့်ပြီးရင်တော့ ဖတ်ခိုင်း :) သိပြီးတဲ့လူတွေလည်းရှိမှာပေါ့ ။ မသိသေးတဲ့သူတွေကို ရည်ရွယ်ပြီးတော့ ရေးပေးတာပါ ။ ဘာမှတော့ မခက်ပါဘူး ။ အင်္ဂလိပ်လိုပဲ ရပါတယ် ။
ကျွန်တော် ရှောပ်ကပ်ကီးနဲ့ပဲ ပြောပြပါမယ် ။

 ပထမဆုံး Ctarl + Shift + Y ပြီးရင် Ctrl +Shift+V ဆိုရင်တော့ အောက်နေပြီ :) အဲဒါက စာမျက်နှာ တစ်ရွက်တည်းကို ဖတ်ခိုင်းတာပါ ။