Showing posts with label Youtube. Show all posts
Showing posts with label Youtube. Show all posts

Youtube ကြည့်တုန်း ခဏတိုင်း ရပ်နေလျှင်

6:01 AM ---
        တစ်ခါတစ်လေ အပျင်းပြေ Youtube မှာ Mr bean တို့ Tom & Jerry တို့ ကြည့်တို့ ခဏခဏ ရပ်နေရင် ဖီးပျက်တတ်တယ် မလား ။ တစ်ခါတစ်လေ သီချင်းနားထောင်ပြန်တော့လည်း  ခဏခဏရပ်နေတော့ ဇိမ်ပျက်လှပါတယ် ။ ဒါကြောင့် အဲဒါလေးတွေ မကြုံရအောင် မရပ်လေအောင် ကျွန်တော်တွေ့ထားတဲ့ နည်းတွေကို ပြန်ရှဲပေးပါမယ် .....
(နဂိုကတည်းက လိုင်းမကောင်းရင်တော့ ကျွန်တော်လည်း မလုပ်တတ်ပါး)))))

Solution - YouTube Videos are not Buffering Fully when Paused

Youtube သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲ နားထောင်ဖို့

1:38 AM ---

       တစ်ချို့သီချင်းတွေကိုတော်တော်ကြိုက်ရင် ထပ်ခါတစ်လဲဖွင့်ချင်တယ်ဆိုရင် နည်းလေးကို တင်ပေးလိုက်ပါတယ် ။ ပုံနဲ့ပဲ ပြပေးတော့မယ် ။ နားလည်လောက်မယ် ထင်ပါတယ် ။ နေထိုင်ရတာ အဆင်မပြေသေးလို့ သိပ်ပြီးမရေးနိုင်တော့တာ ခွင့်လွတ်ပေးပါဗျာ ။

ဒီနည်းတော့ ပုံအတိုင်းပဲဗျာ ။ စာသားလေးပြောင်းပေးလိုက်ပါ ။ အနီရောင်နဲ့လေ ။ နားထောင်လို့တဲ့ သီချင်းက ထပ်ခါတစ်လဲလဲ ဖွင့်နေပါလိမ့်မယ်ဗျာ ။အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။



Youtube ချစ်သူများအတွက်ပေါ့ဗျာ ။






                              ဒီနည်းလေးလည်း ကောင်းလို့ ထပ်ဖြည့်တင်းပေးလိုက်ပါတယ် ။ ပုံပါအတိုင်းပဲ စာသားလေးကို ပြောင်းပေးလိုက်ပါ ။ စာသားအနီကို သေချာကြည့်ကြည့်လိုက်ပါ ။




  

    အဆင်ပြေကြပါစေဗျာ... ခွန်မောင်ပန်

Youtube ကို စတိုင်လ် အသစ်နဲ့ ကြည့်မယ်

1:27 AM ---

        စာလည်းမရေးဖြစ်ဘူး ။ စိတ်ညစ်နေတာနဲ့ ... နှစ်ရက်ရှိပြီ မနေ့လည်း မရေးဖြစ်ဘူး ။ ဒီနေ့တော့ မဖြစ်ဖြစ်အောင် ရေးမယ်လို့ ဆုံးဖြတ်ထားတာနဲ့ အသုံးဝင်မယ်ထင်လို့ Youtube ကို စတိုင်လ် အသစ်နဲ့ ကြည့်မယ် နည်းကို တင်ပေးလိုက်တာပါ ။ ကြည့်ရလည်း လွယ်အောင်လို့...



      စတိုင်လ်အသစ်နဲ့ ကြည့်ချင်တယ်ဆိုရင် ဒီနေရာကို အရင်ဆုံးသွားပြီ Try it out လိုက်ပါဗျာ ။














ပြီးရင်တော့ Youtube ကို ဝင်ကြည့်လိုက် ။ စတိုင်လ်က သင့်ကိုစောင့်ကြိုနေလိမ့်မယ်...

ဘယ်လိုစတိုလ်သစ်တွေလဲဆိုတော့....အရင်လိုမျိုး Screen အသေးလေး မဟုတ်ဘဲ့နဲ့ သီချင်းတစ်ပုဒ်တည်းသာနေရာပေးထားတယ် ။ ဘေးမှာ အရင်လိုသီချင်းမပါတော့ဘူး ။ ကြိုက်သလို အကျယ်ဝန်းတွေကို ရွေးကြည့်လို့ရတယ်...






နောက်တစ်မျိုးတော့ ကျန်တဲ့ သီချင်းကို နားထောင်ဖို့လည်း...suggested ကို နိပ်လိုက် ရုံနဲ့ အစီရီတက်လာလိမ့်မယ်....အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ။




အချိန်ရှိသမျှ ဆက်လက်ရေးသားဦးမယ့် ခွန်မောင်ပန်

Youtube ချစ်သူများ အတွက်

7:39 PM ---



ကျွန်တော့်ဆီကို တော်တော်များများမေးလာတယ် ။ Youtube နဲ့ ပတ်သက်တဲ့ အကြောင်းတွေပေါ့ ။ Download လို့ မရတာနဲ့ မရတာနဲ့ပေါ့ ။ အမျိုးမျိုးပေါ့ ။ ခု ကျွန်တော် စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးမယ်ဗျာ ။ ဒီစာအုပ်က အဲဒီအကြောင်းတွေကို တော်တော်များများပါတယ် ။ စာအုပ်မှာ မူရင်းဆိုဒ်နာမည်ပါပါတဲ့ အတွက် ။ အဲဒီဆိုဒ်မှာလည်း သွားရောက်လေ့လာနိုင်ကြောင်းပါ။

အဲဒီဆိုင်မှာလည်း တော်တော်လေးကို ရှိတယ်။ နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့ ။ ခုတော့ စာအုပ်အကြောင်းပဲ ပြောရအောင်ဗျာ ။ အင်္ဂလိပ်လိုရေးထားတယ် စာအုပ်က ဒါပေမယ့် ပုံတွေနဲ့တကွ ဆိုတော့ ကောင်းကောင်းနားမလည်ရင်တော့ အရိပ်မြင် အကောင်ထင်စေမှာပါဗျာ ။ ဒေါင်းပြီးတော့ ကိုယ့်ဖာသာကိုယ် စမ်းကြည့်ပါတော့ဗျာ ။ ကျွန်တော်တော့ အဲဒီစာအုပ်လေးကို တော်တော်လေး ကြိုက်သွားပြီ ။ စာတွေရင် ဆိုဒ်တွေတော်တော်များမှာ အဲဒီစာအုပ်တစ်အုပ်စာပဲရှိမယ်.. ခုတော့ တစ်အုပ်တည်းနဲ့ ပြည့်ပြည့်စုံစုံကို ပါနေတာပါဗျာ ။ အဆင်ပြေကြပါစေ... ခွန်မောင်ပန်



>>>>>>> Download Link <<<<<<



Youtube MP4 ကို MP3 ဖြင့်လိုချင်ပါက..(Websites)

7:48 PM ---

ကျွန်တော် တင်ဖူးပါပြီ ။ Youtube MP4,MP3 ယူပုံယူနည်းကိုပေါ့ ။ ဒါပေမယ့် ခုက MP3 တစ်မျိုးတည်းပါ ။ လွယ်လွယ်ကူကူနဲ့လုပ်လို့ ရတဲ့ ဝက်ဆိုဒ်တွေမို့လို့ပါ ။ ကြိုက်တဲ့ ဝက်ဆိုဒ်ကနေ လုပ်ယူနိုင်ကြောင်းပါ ။

























































































.Getvideomp3













အာလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် ။ခွန်မောင်ပန်









Youtube မှ သီချင်းတွေကို MP4,MP3 File အဖြစ်နဲ့လိုချင်ရင်

7:02 AM ---

ဒီနည်းကို ကျွန်တော် သိထားတာ ကြာပြီဖြစ်ပေမယ့် မရေးဖြစ်လို့ မတင်ဖြစ်လိုပါဘူး ။ အဲဒါကြောင့် ခုမဖြစ်ဖြစ်အောင် တာဝန်တစ်ရပ်လို ထားပြီးတော့ မဖြစ်ဖြစ်အောင်တင်လိုက်ပါ :P

ကဲစကြရအောင်

ပထမဆုံး ဒီနေရာကို အရင်သွားလိုက်ပါဗျာ ။ ပြီးရင် အောက်က ပုံအတိုင်း နိပ်လိုပါဗျာ ။



Easy Youtube Video Downloader

နိပ်ပြီးရင်တော့ အော်ကပါ အတိုင်းပေါ်လာပါလိမ့်မယ် ။ နိပ်လိုက်ပါ Install nowကို



Install Now

ခဏလေး စောင့်ပေးလိုက်ပါ

Installation in progress

ပြီးရင်တော့ သူက Restant ချဖို့ မေးလိုက်မယ် ။ ချလိုက်ပါ ။ Restant ချတာ Firefox တစ်ခုတည်းပါ ။

Restart Firefox



Firefox restore tabs

ခဏလေးစောင့်လိုက်ပါ ။ ပြန်ပေါ်လာလိမ့် မယ် ။ ပြီးပြီပေါ့ ။ Youtube ကို ဝင်ကြည့်လိုက်ပါ ။

အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ် ။





အနော်တော့ ကြွေပါစေ ကိုရွေးလိုက်တယ ။ နော့်ကိုတော့ ကြွေနဲ့နော်  :P ။

ကဲ ဘာလိုချင်လဲ ပြော......MP4,MP3,FLV ရမယ် လို့သာ အော်လိုက်ပါတော့ ။



 ပုံပါအတိုင်းပါပဲ ။ MP4, FLV ကတော့ သူတို့ကို နိပ်လိုက်တာနဲ့ ရပြီ ။MP3တော့ နည်းနည်းတော့ လုပ်ရဦးမှာပေါ့ ။

ပြောနေတာကြာပါတယ် ။ အပေါ် လိပ်စာဘားက သီချင်း လင့်ကို ကူးထားလိုက်ပါ ။



ကဲ ပြီးရင် နောက်တစ်ဆင့် ဒီဟာပြီးရင်တော့ သီချင်းတစ်ပုဒ်ရပြီ .....



သုံးဆင့်ရှိမယ် ..

ပထမဆင့်က စောနက ကူးထားတဲ့ လင့်ကို ပြန်ထည့်လိုက်ပြီးရင်း

ဒုတိယက သူပေးထားတဲ့ စကားလုံးကို မှန်အောင် ရိုက်ပေးလိုက်ပါ

နောက်ဆုံးတော့  LAUNCH ကို နိပ်လိုက်ပေါ့ ။

သီချင်းတစ်ပုဒ်ရပြီပေါ့ ။

အဆင်ပြေကြပါစေ .... ။ ခွန်မောင်ပန်