Showing posts with label Windows 7. Show all posts
Showing posts with label Windows 7. Show all posts

Windows Gadget ဖြင့် စက်ကို ပိတ်ခြင်း,အော်တို ပိတ်စေခခြင်း

5:50 PM ---
              ဒါကတော့ Window 7 User တွေအတွက်ပါ။ Gadget ဖြင့် စိတ်ကို မိမိပိတ်လိုသည့် အချိန်ဖြင့် ပိတ်စေချင်နိုင်ခြင်း Restart ချခြင်း ။ စက်ပိတ်လိုပါက Start button ကို နိပ်စရာပဲ မလိုတော့ပဲ ။ ၄င်း Gadget ဖြင့် လွယ်ကူစွာပိတ်စေနိုင်ခြင်း ။ Gadget ဖြစ်သည့် အားလျော်စွာ ဆိုဒ် သေးခြင်းကြောင့် လွယ်ကူစွာဒေါင်းပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါသည် ။ 
ဒေါင်းလုပ်ရန်

Password ပေးထားတဲ့ Computer ကို ဝင်ပြမယ်

10:53 PM ---
               ကျွန်တော် ဟိုတစ်နေ့ပဲ Window admin password ကို ဖောက်တာ ပြပေးပါပြီ ။ ဒါပေမယ့် အဲဒါက Admin တစ်ခုပဲရပါတယ် ။ ကျန်တဲ့ User တွေကိုတော့ မရပါဘူး ။ ဒါကြောင့် ကျန်တဲ့အကောင့်တွေကိုလည်း ဖောက်တတ်အောင် တင်ပေးလိုက်ပါတယ် ။ ကျန်တဲ့နည်းတွေနဲ့ ဖောက်တာလည်း ရှိပါတယ် ။ အဆင့်တွေ ရှုပ်ထွေးတာမို့ ။ သာမန်ကွန်ပျူတာသုံးတွေ နားလည်းမလည်သလို လုပ်လည်း မတတ်ပါဘူး ။ တော်ကြာနည်းပညာကို လေ့လာလိုတဲ့ စိတ်တွေ ပျောက်သွားမှာ စိုးရပါသေးတယ် ။ ဒါကြောင့် ကလေးက အစ လုပ်လို့တတ်အောင် ဖောက်လို့တတ်အောင် နားလည်အောင် ကျွန်တော် အတတ်နိုင်ဆုံး ရေးပေးပါမယ် ။ ကျွန်တော်ရေးတဲ့ ပိုစ့်တွေအတွက် ကျွန်တော် အာမခံပါတယ် ။ တစ်ခုခုအဆင်မပြေရင်ပြောပါ ။ ကျွန်တော် အဖြေရှာပေးပါမယ် ။ ပိုစ့်တိုင်း နိဒါန်းချီနေကျမို့ ချီနေလိုက်တာ စာကိုယ်က မရောက်သေးဘူး :)

ပထမဆုံးအနေနဲ့ သင်မှာ USB stick ရှိရပါမယ် ။ ကျွန်တော်တော့ AD မှာ 8GB ကို ဘတ် 350 နဲ့ ဝယ်ထားပါတယ် ။ ဈေးတော်နေပါပြီ ။
 ဒီနေရာကနေ ဆောပ်ဝဲလ်တစ်ခုကို ဒေါင်းလိုက်ပါ ။ ဆိုဒ်လည်း ဘယ်လောက်မှမရှိပါဘူး ။ 157 K ပဲ ရှိပါတယ် ။
ပြီးရင်တော့ ဖွင့်လိုက်ပါ ။ ဒေါင်းထားတဲ့ ဖိုင်ကို ။ ပါတဲ့ဖိုင်တွေက အောက်ပါ အတိုင်းတွေ့ရပါလိမ့်မယ် ....
KON USB boot
KonBootInstall.exe ကို နှစ်ချက်ဆက်တိုက် နိပ်လိုက်ပါ ။ ပြီးတာနဲ့ cmd command box ပွင့်လာလိမ့်မယ်
အဲမှာ ဆောပ်ဝဲလ်ကို အင်စတော လုပ်ထည့်မယ့် နေရာကို ရွေးပေးရပါမယ် ။ သင့် usb stick က F လား G လား ။ ဒါကို နားမလည်ရင် စတစ်ကို ကွန်ပျူတာမှာ ထိုးပြီးတာနဲ့ my computer ကို ဖွင့်လိုက်ပါ ။ တွေ့ရလိမ့်မယ် ။ ကျွန်တော့် စတစ်တော့ f ပါ ။ ဆိုတော့ ခု cmd box မှာ f လို့ ရိုက်ထည့်ပြီး Enter ခေါ်လိုက်ပါတယ် ။ Install ပြီးရင်ကြောင့်ပေါ်ပြီး တစ်ခုခုထပ်နိပ်လိုက်တာနဲ့ cmd box က ပိတ်သွားပါလိမ့်မယ် ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjqRN0XHRpdzVaAHjnzrrL80UoQJ7lVYxgnjc8M1qgNP1IrYhlFC9FnKoEWHajAmlMIW5NXFw94C1rpxl1LHHTpzsLjiIk4HdYlRyppME5d7AHMnAhfRojrGpNBc06OD0TmBDAI7iDvbIx/s1600/Konusb.JPG
ကဲ ခု စစမ်းဖို့အချိန်ကျပြီဗျာ ။ သင့် ကွန်ပျူတာကို Restart ချလိုက်ပါ ။ မချခင်လေး လုပ်စရာရှိတာ လုပ်သွား တော်ကြာစိတ်ကောက်လို့ အောက်မှာလည်း မန့်ထည့်မသွားနဲ့ ဦး :D
ကဲဗျာ ခု သင့်ကွန်ပျူတာ Restart ချနေပြီ ဆိုပါတော့ .....
F9 ကီးကိုသာ နိပ်ထားပေတော့  .....
ပြီးရင်တော့ အဲဒီမှာ သင်ထိုးတဲ့ usb တွေပေါ်လိမ့်မယ် ။ စောနက အင်စတော လုပ်ထားတဲ့ ကောင်ကို ရွေးပြီး Enter ခေါက်လိုက်ပါ ။
ကဲ ခဏစောင့်ပြီးတော့ Enter ထပ်ခေါက်လိုက်ပါ ။
ဟောာာာာာာာာာာာ ပွင့်သွားပြီ ဖောက်လိုက်တာ ပွင့်သွားပြီ ။
ဒီလောက်ဆို နည်းလည်လောက်ပြီ ထင်ပါတယ် ။ နားမလည်သေရင်းရင်လည်း ဒီနေရာမှာ ဗီဒီယိုဖိုင်နဲ့ရှင်းထားတာကို ထပ်ကြည့်လိုက်ပါဗျာ ။ အဆင်ပြေပါစေလို့  ခွန်မောင်ပန်

Windows Administrator Password ကို ဟက်မယ်

6:19 PM ---
              ဒီနည်းကို အကိုတစ်ယောက်က ကျွန်တော့်ကို မေးဖူးတင်ပေးလိုက်ပါတယ် ။ ကျွန်တော်တို့ သူများ ကွန်ပျူတာ ကို ခိုးဖွင့်တဲ့ အခါ ပါစ့်ဝေါ့ ထည့်ထားရင် အခက်ကြုံရတတ်ပါတယ် ။ ဒါကြောင့် ကျွန်တော် ဟက်နည်းလေးကို တင်ပေးလိုက်ပါတယ် ။ ခုကျွန်တော် သုံးနေတာက window xp သုံးနေပါတယ် ။ အလုပ်ဖြစ်ပါတယ် ။ ဒီနည်းက ဒီဝင်းဒိုးမှာပါ ။

ပထမနည်းအနေနဲ့တော့ ပစ်ဝေါ့ထည့်ထားတဲ့ ကွန်ပျူတာကို ဖေါက်ဖွင့်နည်းပါ ။ ဆောပ်ဝဲလ် မသုံးပါဘူး ။ ဆောပ်ဝဲလ်သုံးပြီး လုပ်တဲ့ နည်းတွေလည်း ရှိပါတယ် ။ အကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆောပ်ဝဲလ်သုံးပြီး ဖောက်တဲ့ နည်းကို တင်ပေးမှာပါ ။ အကြံသာပေးသွားလိုက်ပါ ။ တင်ပေးပါမယ် ။ ကဲ ခု ကွန်ပျူတာ ပါဝါကို ဖွင့်လိုက်ပြီ ။ ပါစ့်ဝေါ့ရိုက်ထည့်ရဖို့ ရှိနေပြီ ။ အဲဒီမှာ User name , Password ရိုက်ထည့်ဖို့ရှိတယ် ။ Administrator လို့ပဲ နာမည်မှာ ရိုက်ထည့်လိုက်ပါ ။ ပြီးရင် ပါစ်ဝေါ့ မရိုက်ထည့်ပဲနဲ့ Enter ခေါက်လိုက်ပါ ။ ခုကွန်ပျူတာတော့ ကောင်းကောင်း အလုပ်လုပ်တယ် ။ ဒါက ဖောက်ဝင်တဲ့ နည်းပါ ။ အဲ... တစ်ခုပြောစရာရှိတာက ။ ကွန်ပျူတာ တစ်ခုမှ ကျွန်တော်တို့ User account တွေ အများကြီး လုပ်လို့ရပါတယ် ။ ဒီနည်းကAdministrator အကောင့်ကို ဖောက်တာပါ ။ တစ်ခြားအကောင့်တော့ မရပါဘူး ။ဖောက်ဝင်လို့ရရင် သင်သဘောပေါက်ပါလိမ့်မည် ။ ကျွန်တော် စသုံးတုန်းက ကြုံတုန်း ကြောင်သွားတာ ။

ခု ပွင့်ပြီးသား ဝင်ဒိုးက Administrator အကောင့်ကို ပါစ့်ဝေါ့အဟောင်း မသိပဲနဲ့  ပြောင်းတဲ့ နည်းပါ ။ Controlpenl က ပြောင်းရင်တော့ အဟောင်းကို ထည့်ပေးရမယ်လေ ။
ပထမဆုံး Run box ( Win+R) ကို ဖွင့်ပါ ။
ပြီးရင် cmd ရိုက်ထည့်ပါ ။ ပြီးရင် cmd box တက်လာမယ် ။
net user ရိုက်ပြီး Enter ခေါက်ပါ ။ user account နာမည်စာရင်းတွေတက်လာလိမ့်မယ် ...
net user Administrator * ရိုက်ပြီး Enter ခေါက်ပါ ။tor နဲ့ * ကြားမှာ space bar တစ်ချက်ခြားပေးပါ ။ ပြီးရင် ပါစ့်ဝေါ့ အသစ်ရိုက်ခိုင်း လိမ့်မယ် ဒီတိုင်းပဲ ရိုက်လိုက်ပါ ။ စာသားတွေတက်လာတာ မမြင်ရပေမယ့် ဒီတိုင်းပဲ မှန်အောင် ရိုက်လိုက်ပါ ။ ရပြီဆိုရင် Enter ခေါက်လိုက်ပါ ။ ပြီးရင် အဲဒီတိုင်းပဲ နောက်တစ်ခါ ထပ်ရိုက်လိုက်ပါ ။ ပြီရင် Enter ထပ်လော်ကလိုက်ပါ ။ ပြောင်းပြီးသွားကြောင့် စာသားတွေ့ရလိမ့်မယ်
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်

ကွန်ပျူတာရဲ့ ရိုးရှင်းသော လျို့ဝှက်ချက်များ(၂)

7:56 AM ---
           မနေ့ညက သိပ်မအားလို့ ပြီးအောင် မရေးလိုက်ရလို့  ဒီနေ့တော့ မနေ့က ကျန်နေသေးတဲ့ အဆက်ကို ပြန်ရေးလိုက်ပါသည် ။ သိပြီးသားတွေလည်းဖြစ်ကောင်း ဖြစ်မှာပါ ။ မသိသေးတဲ့ ကွန်ပျူတာကို စသုံးနေတဲ့ သူတွေအတွက် လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်သုံးနိုင်အောင် ရည်ရွယ်ပြီးရေတာပါဗျာ ။
        `
       ပထမဆုံး ကျွန်တော်ရေးပြချင်တဲ့အကြောင်းရာကတော့ ကျွန်တော်တို့တွေ သုံးနေတဲ့ ဆောပ်ဝဲလ်ရဲ့ Shortcut key တွေ အကြောင်းပါ ။ ဘယ် ဆောပ်ဝဲလ်မဆို အမြဲလိုလိုပါရှိနေတာကို တွေ့ရှိရပါတယ် ။ ဒါကြောင့်မို့ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ကာ ရေးသားတင်ပြရပါကြောင်း....
ခု ကျွန်တော် သုံးဖြစ်နေတဲ့ ဖိုတိုရှောပ်ကို နမူနာပုံအနေနဲ့ တင်ပြပေးမှာပါ ။  ကျွန်တော် ဒီနည်းကို စတွေ့ခါစဆိုရင် ဘယ်လောက်ပျော်လိုက်သလဲ သိလား ။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ကို လိုက်ပြနေတော့တာပဲ မမောနိုင်မပန်းနိုင်နဲ့း)


     အဲဒါက ဘာလဲဆိုရင် ကျွန်တော် Mozilla Firefox ကတွေ့တာပါ ။ ဥပမာ မီးနူးက File ကို နိပ်လိုက်ရင် Open တို့ ဘာတို့ တက်လာတယ် မဟုတ်လား ။ အဲဒီ Open နောက်က ဘာစာသားလဲ... ကြည့်ကြည့်လိုက် CTRL + O မဟုတ်လား ။ ကျန်တာတွေလည်း အများကြီးပဲ ။ ကျန်တဲ့ဆောပ်ဝဲလ်တွေလည်း ဒီလိုပါပဲဗျ ။ ဒီလိုဆိုရင် ကိုယ်သုံးနေကျ ဆောပ်ဝဲလ်တွေမှာပါတဲ့ ကီးကို အမြဲတမ်းလိုလို ကီးဘုတ်ပဲ သုံးပြီး လေ့လာကြည့်ပါ ။ ကြာလာရင် ကျက်စရာမလိုပဲ အလွတ်ရသွားပါလိမ့်မယ် ။ 
ကျွန်တော် ဘာလို့ ရှောပ်ကပ်ကီးတွေကို စိတ်ဝင်းစားတာလဲဆိုရင် မောက်စ်ကို သုံးတာနဲ့ ရှောပ်ကပ်ကီးသုံးတာ အရမ်းကွာခြားလို့ပဲ ။ ရှောပ်ကပ်ကီးကို သိရင် လွယ်ကူမြန်ဆန်လွန်းလှလို့ပဲ ။ မောက်စ်ဆိုရင် ရှာရတာနဲ့ အချိန်ကုန်လှပါတယ် ။
ဒါလောက်ဆို ကျွန်တော်ရေးနေတဲ့ ပိုစ့်ရဲ့ ဆိုလိုချက်ကို နားလည်ပြီထင်ပါတယ်ဗျာ ။
ပုံကို ကြည့်လိုက်ပါဦး...

ခု နောက်တစ်ခါ ကျွန်တော်ရေးပြမယ့် နည်းကိုတော့ အပုံတွေ မထည့်ပေးတော့ပါဘူး ။ နားလောက်သဘောက်လောက်တဲ့ အကြောင်းမို့လို့ပါ ။ ကျွန်တော်တို့တွေ သီချင်းတွေ ဓါတ်ပုံတွေကူးတဲ့ အခါ များသောအားဖြင့် CTRL ကို ဖိထားပြီး ရွေးတာများတယ်နော် ။ ခု ကျွန်တော်ပြောပြချင်တာကတော့ ကျွန်တော်ကိုယ်တိုင် သိတာ မကြားသေးတဲ့ ကီးလေးပါ  ။ ဥပမာ တစ်ကနေ တစ်ဆယ်ထိကို ကြိုက်တယ်ဆိုပါတော့ Select လုပ်မယ်ဆိုရင်လည်း ကို့လို့ကန့်လန့်ဖြစ်နေတတ်တယ် ။ အဲလိုဆို မပူနဲ့ ။ မိမိရွေးလိုတဲ့ ဖိုင်က ကြားတွေမှာ မလိုတဲ့ ဖိုင်ရှိမနေဘူးဆိုရင်တော့ အစဖိုင်ကို Select လိုက်ပြီး Shift ကို နိပ်ထားပြီး မိမိလိုရာ အောက်ဆုံး ဖိုင်တစ်ခုကို နိပ်ကြည့်လိုက်ပါ ။ ဖိုင်တွေ တန်းစီရွေးပြီးသားဖြစ်မှာပါ ။ ရိုးရှင်းလွယ်ကူလှပါသည် ။

         နောက်ဆုံးတစ်ပုဒ်အနေနဲ့တော့ဗျာ ။ ကျွန်တော်ရေးပြချင်တဲ့ ပိုစ့်ကတော့ Folder တစ်ခုခုကို ဖွင့်ပြီး ရှာတဲ့ အခါမှာပေါ့ဗျာ ။ ဥပမာ ဖိုင်တွေရှုပ်နေတယ်ဆိုရင်ပေါ့ .... ခုကျွန်တော်ဆိုင်မှာ Folder တွေ ရှုပ်လှပါတယ် ။ အဲဒါကြောင့် ဖိုင်နာမည်ရဲ့ အစကို အမှတ်ရအောင် လုပ်ထားတယ် ။ ပြီးတော့ ဘယ်လိုရှာရမလဲဆိုတာကတော့ အဲဒီဖိုင်နာမည်ရဲ့ အစစကားလုံးကို နိပ်လိုက်ရုံပဲဗျာ ။ ဥပမာ ကျွန်တော်က 2011 ဖိုင်ကို ရှာနေတယ်ဆိုပါတော့ အဲဒီမှာ နာမည်တွေ ရှုပ်နေလို့ လိုက်ကြည့်တာ ကြာနေမယ်ဆိုရင် 2 ကို တစ်ချက်နိပ်လိုက်တာနဲ့ 2011 ဆိုတဲ့ ဖိုင်ကို တန်းရောက်သွားမှာပါ ။ နာမည်တူနေရင်တော့ ဆက်တိုက်နိပ်ပေးလိုက်ပါ ။ အဲဒီအစစကားအတိုင်း တစ်ခုပြီးတစ်ခု သူသွားနေလိမ့်မယ် ။ 
ဒီနေ့တော့ ဒီလောက်နဲ့ပဲဗျာ ။ နောက်နေ့မှ ကျွန်တော် (၃)ကို ဆက်ရေးပေးဦးမယ်ဗျာ ။  ခွန်မောင်ပန်

ကွန်ပျူတာရဲ့ ရိုးရှင်းသော လျို့ဝှက်ချက်များ(၁)

7:44 AM ---
           စာလည်းပုံမှန်မရေးဖြစ်ဘူး ။ ရေးချင်တဲ့အကြောင်းအရာတွေကလည်း ခေါင်းထဲမှာ စီရီနေလို့ ။ ဒါပေမယ့် မရေးဖြစ်ပြန်ပါဘူး ။ ညပိုင်းကျ အားတယ် ။ ဒါပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ မရေးဖြစ်ဘူး ။ ဒီညတော့ စာတစ်ပုဒ်တော့ဖြစ်အောင် ရေးဦးမှပဲလို့ အားတင်းပြီး ရေးလိုက်ပါတယ် ။
ခုရေးမယ့်အကြောင်းကတော့ သိပြီးတဲ့သူလည်း သိကြမှာပါ ။ ခေါင်းစဉ်မှာ ပါတဲ့အတိုင်းပဲ ရိုးရှင်းသော လျို့ဝှက်ချက်ဆိုတော့ ရိုးရိုးလေးပဲဗျာ ။ မသိသေးတဲ့သူတွေ ဖတ်ရရင် ကွန်ပျူတာရဲ့ လျို့ဝှက်ချက်တစ်ချို့ကို သိသွားမယ် ။ ဒါပါပဲဗျာ ။ တိုးတိုးလေး ရွတ်ကြည့်လိုက်ပါ ။ ကွန်ပျူတာရဲ့ ရိုးရှင်းသော လျို့ဝှက်ချက်များ .....။


         ပထမဆုံးအနေနဲ့ ကျွန်တော် ဆောပ်ဝဲလ်တွေအသုံးပြုတဲ့ အခါမှာ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင်လို့ပါ ။ ရိုးရှင်းလှပါတယ် ။ ကျွန်တော် အခု ဖိုတိုရှောပ်ဆောပ်ဝဲလ်နဲ့ လုပ်ပြပါ့မယ် ။ ကျန်တဲ့ဆောပ်ဝဲလ်တွေလည်း ဒီလိုပါပဲ ။ ကိုယ်သုံးနေကျဆောပ်ဝဲလ်တွေ သုံးတဲ့ အခါ မြန်မြန်နဲ့အဆင်ပြေအောင်ပေါ့ ။ ဆိုကြပါတော့ ကျွန်တော် အခု ဖိုတိုရှောပ်နဲ့ ပုံပြင်နေတုန်း ပုံကို လည့်ချင်တယ်ဆိုပါတော့ဗျာ ။ Menu bar >>> Iamge>>>Rotate Canvas >>>90 ccw ကို အစဉ်တိုင်း နိပ်သွားရမယ် ။ ကျန်တဲ့နည်းနဲ့လည့်လို့လည်းဖြစ်ပါတယ် ။ ဒီနေရာမှာ ကျွန်တော် ဒါနဲ့လည့်ပြရတာက ။ ဒီနည်းနဲ့လည့်မယ်ဆိုရင် တစ်ဆင့်ပြီး တစ်ဆင့်နိပ်ရမယ် ။ ကြာမယ် ။  အဲ... ဒီနည်းနဲ့လည့်ပြီး မြန်မြန်လည့်လို့မရဘူးလား.... ။ ရတယ် ။ လည့်ပုံလည့်နည်းကို ပြောပြလိုက်မယ် ။ သိပြီးသားဆိုလည်း ခုကတည်းက ဖတ်တာကို ရပ်လိုက်တော့း)
ALT ကီးအကြောင်းကို သိပြီးသားဆိုရင်တော့ သိပြီးသားပဲဖြစ်မှာပါ ။ ALT ရဲ့ ဆန်းပြားလှတဲ့ အသုံးဝင်မှုတွေကို လေ့လာသင့်ပါတယ် ။ ဆက်မယ်ဗျာ.... ALT ကို တစ်ချက်နိပ်လိုက်ပါ ။ တစ်ခုပြောပါရစေ... ALT ကို မနိပ်ခင် Menu bar ကို ကြည့် လက်က ALT ကို ဖိထားပြီး မျက်တောင်မခတ်ပဲMenu bar ကို ကြည့်ပြီး ဖြည်းဖြည်းလေး ALT ကီးကို နိပ်ကြည့်လိုက်ပါ ။
ဘာထူးခြားပါသလဲ.... ။ ပြောပြမယ်ဗျာ.....နမူနာပုံကို ကြည့်လိုက်ပါဦးဗျာ....
ပုံကို ကောင်းကောင်းမမြင်ရရင် new tab နဲ့ ဖွင့်ကြည့်လိုက်ပါ ။
အဲဒီမှာ စာလုံးတွေအောက်မှာ မျဉ်းသားထားတာကို တွေပါသလား ။ အဲဒါပဲဗျာ ။ ကျွန်တော်ရေးချင်တဲ့အကြောင်းရင်းက ဒါပါပဲ ။ ဒီနည်းကို မသိသေးရင် ပုံလည့်ဖို့ အရေး ဟိုနိပ်ဒီနိပ်နဲ့ ဘယ်လောက်ရှုပ်လိုက်လဲ ။ ခုနည်းကို သုံးကြည့်လိုက်ပါလား ALT + i>>>e>>>0 ကိုနိပ်လိုက်ပါ ။ မောက်နဲ့ အလုပ်ရှုပ်စရာမလိုတော့ပါဘူး ။ ပြောဖို့ ကျန်သေးတယ် ။ စကားတွေအောက်မှ မျဉ်းမသားသေးဘူးဆိုရင် ALT ကို တစ်ချက်နိပ်ပြီး အပေါ်က အစဉ်လိုက်အတိုင်းပြန်ကြည့်လိုက်ပါ ။ ပေါ်လာပါလိမ့်မည်... ။    ။

           နောက်တစ်ခုကျတော့ Window 7 အတွက်ပါ ။ ခုကျွန်တော်သုံးနေတဲ့ စက်တွေမှာ Window7 ချည်းပဲ ။ ဘယ်အကြောင်းကို ရေးချင်တာလဲဆိုတော့ ဒီလိုပါဗျာ ။ ကွန်ပျူတာတွေမှာ ကိုယ်ရှာချင်တဲ့ ဖိုင်က နေရာမသိဘူး ဆိုရင်တော့ ။ ဖိုင်နာမည်တော့ မှတ်မိရမှာပေါ့  ။ မှတ်ထားရမှာပေါ့ ။ မှတ်ရလွယ်တဲ့ အဲဒီဖိုင်နဲ့ ပတ်သက်တဲ့ နာမည်ကို ပေးရုံပဲဗျာ ။ အဲလိုဆို အလုပ်ဖြစ်ပြီ ။ သူ့ဖာသာသူ ဘယ်ပဲရောက်ရောက် ကိုယ့်ထံရှေ့မှောက်ကို ပြန်လည်ခစားခိုင်းရမှာပါဗျာ ။ ကျွန်တော်နမူနာတစ်ခုလုပ်ပြမယ် ။ ကျွန်တော်စက်က ဓါတ်ပုံတစ်ခုဗျာ ။ ကျွန်တော်ရိုက်ထားတဲ့ ပုံး) ... စကားစပ်လို့ ဒီနေ့ ဦးမောင်တို့ ကံကောင်းပုံကို ပြောပြဦးမယ်... ဒီနေ့ဆိုင်မှာ ဓါတ်ပုံရိုက်မယ့်လူမရှိတာနဲ့ ကိုကြီးက လိုက်သွားဆိုလို့ မတတ်ပဲနဲ့ ကင်မရာကို လည်ပင်းမှာဆွဲပြီး လိုက်ရိုက်ထားတဲ့ ပုံကို ပြဦးမယ် ....အကိုတစ်ယောက်က သူ ဘီဒိုတစ်လုံးကို ထုပြီးတော့ ရောင်းဖို့ အဲဒီဗီဒိုပုံကို ဓါတ်ပုံပြပြီး ပြဖို့အတွက်ပါ ။ အဲဒါကို လိုက်ရိုက်တာ ။ ခြေကျင်မလိုက်ရဘူး.... ငှားပေးတယ်.... ဘာထင်လဲ ဘယ်ဟာကိုငှားပေးမယ်ထင်လဲ......
လောလောဆယ်ဆယ် ကျွန်တော်ရိုက်ထားတဲ့ မပြင်သေးတဲ့ပုံကို ကြွားလိုက်ဦးမယ်....း)
ပြီးတော့ စီးတော်ယဉ်ပိုင်ရှင်က ရိုက်ပေးဖို့ တစ်လမ်းလုံးတဖွဖွ ပြောနေတာနဲ့ ရိုက်ပေးလိုက်သေးတယ် ။
ကဲဗျာ ။ စောနက အကြောင်းတွေကို စာနဲ့ ချမရေးပေးတော့ပဲနဲ့ ပုံတွေနဲ့ပဲ ပြတော့မယ်နော် ။ ကွန်က သိပ်မကောင်းတော့ မနည်းတင်ရတယ်ဗျာ ။ အဆင်မပြေရင်လည်း မန့်သွားလိုက်ပါ ။







ကျွန်တော်ဆက်ရေးဖို့ အချိန်မရတော့လို့ နောက်နေ့အားမှပဲ ဆက်ရေးတော့မယ် ။
ခွန်မောင်ပန်

အမှိုက်ပုံး အတုလုပ်မယ်

10:41 PM ---
         အမှိုက်ပုံးဆိုတော့ ကြောင်လည်းမသွားနဲ့ဦး :P Recycle Bin ကို ပြောတာပါ ။ ရှိပြီးသားအပြင်နောက်ထပ်တစ်လုံး လုပ်ကြည့်တာပေါ့ ။ တစ်ပုံစံတည်းပဲ ။ ဒါမျိုးအပြင် အခြားစတိုလ်လည်း လုပ်လို့ရဦးမယ် ။ ဒါတော့ ဥဏ်ရှိသလောက်ထပ်ကလိလို့ရပါတယ် Run box ကနေ regedit ကို ဝင်ပြီးကလိလိုက်ပေါ့ ။ Backup တော့ လုပ်ထားပေါ့ :)
သိတယ်မလား !!!!!!!!!

စမယ်ဗျာ .... အမှိုက်ပုံးအတုလုပ်ကြမယ်....
ပထမဆုံး New Folder တစ်ခုယူလိုက် ပြီးရင် F2 နိပ်ပြီး Rename မယ် ....
ပြီးရင် အဲဒီမှာ ဒါလေးကို ကော်ထည့်လိုက်ပါ...

       December Mgmg.{645FF040-5081-101B-9F08-00AA002F954E} 
December Mgmg အစားမှာ ကြိုက်တာ ထည့်လို့ရတယ် .{ ကနေတော့ မရဘူး ....
ပြီးရင် Enter ကြည့်လိုက်... :)
အဆင်ပြေရင် လက်ခုပ်သံကြားချင်ပါတယ် (အာဇာနည်လေသံနဲ့)
ခင်တဲ့ ခွန်မောင်ပန်

Window 7 User တွက် Windows7 Tips and Tricks

5:45 AM ---
       Window 7 သုံးနေတဲ့ သူတွေအတွက် Window 7 ကို ပိုင်ပိုင်နိုင်နိုင် သုံးနိုင်စေမယ့် စာအုပ်တွေနဲ့ မိတ်ဆက်ပေးမှာ ။ တော်တော်လေးကို ကောင်းတယ်ဗျာ ။ လေးအုပ်တောင် စာအုပ်က တစ်အုပ်ပြီးတစ်အုပ်ဖတ်ပြီး ကြည့်လိုက်ပါ ။ တော်တော်လေးကို ကောင်းပါတယ် ။ Media Fire က တင်တာမို့ မဒေါင်းနိုင်သူများ မေလ်းကို ဆက်သွယ်နိုင်ပါတယ် ။


 Download Link