ဆိုင်မှာ အင်တာနက်သုံးနေတဲ့ သူတွေ သိသင့်တဲ့ Gtak hack

8:36 AM ---
                အင်တာနက်မှာ လိုက်မွှေရင်းနဲ့ တွေ့လာလို့  ဆိုင်မှာ သုံးနေတဲ့ မြန်မာက သူငယ်ချင်းတွေ မခံရအောင်လို့ သတိပေးစာအနေနဲ့ တင်ပေးလိုက်ပါတယ် ။ ဒီကောင်က ဆောပ်ဝဲလ်တစ်ခုပါ ။ ပြောရရင် Gtalk အတုပေါ့ဗျာ ။ အတုဆိုပေမယ့် အမှုမဲ့ အမှတ်မဲ့ ကြည့်လိုက်ရင် အစစ်ထင်ပြီး မှားဝင်နေကြဦးမယ် ။ ပြောလို့မရမလား... တွေ့ချင်စောနဲ့ လောလောဖွင့်ရင်ကော ။  ခုကျွန်တော် ဆောပ်ဝဲလ်တင်ပေးသင့် မတင်ပေးသင့်တော့ စဉ်းစားလို့မရသေးလို့ မတင်သေးဘူး ။



              ကွာတော့တော်တော်ကို ကွာတယ် ။ အစစ အရာရာတွေပေါ့ ။ ပုံလည်း ကြည့်ဦး...
ပုံစံလည်းကွာတယ် ။ အတုက ထပ်ဆွဲချဲ့လို့မရတော့ဘူး ။အဲဒီစတိုင်က အဲဒီလိုပဲ ရှိနေတယ် ။ အစစ်က ကြိုက်သလိုဆွဲလို့ရတယ် ။  ပြီးတော့ အပေါ်မှာ Inbox ဆိုတာလည်း အဆစ်ပါသေးတယ် ။ ဒါပေမယ့်မယ့် ဖွင့်လို့လည်း မရဘူး ။ ပြီးတော့ Sign In လုပ်လို့လည်းမရဘူး ။ ဒီလိုတက်လာတယ် Retry ပေါ့

အဲဒီလိုမျိုးဖြစ်ပေမယ့်  ။ ရိုက်ထည့်လိုက်တဲ့ နာမည်နဲ့ စကားဝှက်က My Computer --->> C မှာ သိမ်းထားပေးပါလိမ့်မယ် ။ Text file နဲ့ပေါ့ ။
စကားဝှက်ကို အမှန်ထင်ပြီး ရိုက်ပြီးတော့ မစမ်းလိုက်နဲ့နော် :) 
                               အားလုံးပဲ ရှောင်ရှားနိုင်ကြပါစေ ခွန်မောင်ပန်

4 comments:

Navi Kyaw said...

Thank u for sharing this info...
I hope all the users can avoid that... :)

Anonymous said...

ကျေးဇူးတင်ပါတယ်။

Anonymous said...

အကို
ကျတော် အနာဂတ်ကောင်းကင်ကနေ အကိုတင်တဲ့ ပို့ စ်က နေ
ဂျီတော့  ပန်းရောင်လေးကိုဒေါင်းလိုက်တာ Run ပြီးပြီးချင်း သုံးလိုက်တယ်
ပြီးမှ အပေါ်ထောင့် နားက Inbox ကိုတွေ့ တယ်ဗျ
ပြီတော့  could not authenticate to sever လို့ လည်းပေါ်လာတယ်
ဘယ်လိုလုပ်ရမလဲ .....

ေ်က်ာ said...

အကိုအဲ့ဒီ့ဆောဒ်ဝဲလေးကိုပြောပြပေးပါလားသိချင်လို့ပါ

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။